ရွမ္းျပည္နယ္တြင္း ၿမိဳ႕နယ္(၇)ခုရွိ ေစ်းမ်ားတြင္ ေရြ႕လ်ားဓါတ္ခြဲခန္းျဖင့္ လုိက္လံစစ္ေဆးမည္

ရွမ္းျပည္နယ္တြင္း ၿမိဳ႕နယ္(၇)ခုရွိ ေစ်းမ်ားတြင္ ေရြ႕လ်ားဓါတ္ခြဲခန္းျဖင့္ လုိက္လံစစ္ေဆးမည္
ဖေဖော်ဝါရီ 16, 2018
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္း ၿမိဳ႕နယ္ (၇)ၿမိဳ႕နယ္မွ ေစ်း(၈)တြင္ စားေသာက္ကုန္ပစၥည္းမ်ားကို ဓါတ္ခြဲ စမ္းသပ္ယာဥ္မ်ားျဖင့္ လွည့္လည္စစ္ေဆးျခင္းကို ျပည္နယ္အစားအေသာက္ ေဆးဝါးကြပ္ကဲေရး ဦးစီးဌာနႏွင့္ သက္ဆိုင္ရာဌာနမ်ား ပူးေပါင္းလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ေနျပည္ေတာ္ကေန ကၽြန္ေတာ္တို႔ ေရြ႕လ်ားဓာတ္ခြဲစမ္းသပ္ယာဥ္နဲ႕ စစ္ေဆးသြားမွာပါ။ အဲဒီ (၃) မ်ဳိး အျပင္ကိုသံသယရွိတဲ့ အစားအေသာက္ေတြကို စစ္ေဆးမႈျပဳလုပ္သြားမွာ ျဖစ္ပါတယ္။ ဒီလိုစစ္ေဆးမႈျပဳ လုပ္တာက ျမန္လဲျမန္တယ္။ ဓာတ္ခြဲစစ္ေဆးခ်က္ကလည္း အေျဖအျမန္ရရွိမွာ ျဖစ္ပါတယ္။ စစ္ေဆးလို႔ စားသံုး ရန္မသင့္တာေတြ႕ရွိတယ္ဆိုရင္ ခ်က္ခ်င္းသိမ္းဆည္းဖ်က္ဆီးမွာ ျဖစ္ပါတယ္” ဟု ျပည္နယ္ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန ျပည္နယ္တာ၀န္ခံ ေဒါက္တာေနလင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ယင္းကဲ့သို႔ စစ္ေဆးမႈအား ေတာင္ႀကီး၊ ကေလာ၊ ေအာင္ပန္း၊ ပင္းတယ၊ နမ့္စန္၊ လိြဳင္လင္ႏွင့္ ဟိုပံုးၿမိဳ႕နယ္မ်ားတြင္ ေဆာင္ရြက္သြားမည္ျဖစ္ၿပီး ေဖေဖာ္ဝါရီလ (၁၃) ရက္ေန႔တြင္ ကေလာႏွင့္ ေအာင္ပန္းၿမိဳ႕မွ ေစ်းမ်ား၌ စစ္ေဆးခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

ေတာင္ႀကီးၿမိဳ႕ စဝ္စံထြန္းေစ်းတြင္ ေရာင္းခ်ေနသည့္ စားေသာက္ကုန္ပစၥည္းနမူနာ (၂၀)ကို စစ္ေဆးထားၿပီး အဆိုပါစစ္ေဆးမႈအား စားသံုးသူေရးရာဦးစီးဌာန၊ ၿမိဳ႕နယ္က်န္းမာေရး၊ ရဲတပ္ဖြဲ႕၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ FDA ၊ စည္ပင္သာယာေရးဦးစီးဌာနမွ တာဝန္ရိွသူမ်ား ပါဝင္သည့္အဖြဲ႕ျဖင့္ ေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ႏိုႏို
ဓါတ္ပံု - ေတာင္ႀကီး  စားသံုးသူေရးရာ



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အတွင်း မြို့နယ် (၇)မြို့နယ်မှ ဈေး(၈)တွင် စားသောက်ကုန်ပစ္စည်းများကို ဓာတ်ခွဲ စမ်းသပ်ယာဉ်များဖြင့် လှည့်လည်စစ်ဆေးခြင်းကို ပြည်နယ်အစားအသောက် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“နပြေည်တော်ကနေ ကျွန်တော်တို့ ရွေ့လျားဓာတ်ခွဲစမ်းသပ်ယာဉ်နဲ့ စစ်ဆေးသွားမှာပါ။ အဲဒီ (၃) မျိုး အပြင်ကိုသံသယရှိတဲ့ အစားအသောက်တွေကို စစ်ဆေးမှုပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီလိုစစ်ဆေးမှုပြု လုပ်တာက မြန်လဲမြန်တယ်။ ဓာတ်ခွဲစစ်ဆေးချက်ကလည်း အဖြေအမြန်ရရှိမှာ ဖြစ်ပါတယ်။ စစ်ဆေးလို့ စားသုံး ရန်မသင့်တာတွေ့ရှိတယ်ဆိုရင် ချက်ချင်းသိမ်းဆည်းဖျက်ဆီးမှာ ဖြစ်ပါတယ်” ဟု ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ပြည်နယ်တာဝန်ခံ ဒေါက်တာနေလင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယင်းကဲ့သို့ စစ်ဆေးမှုအား တောင်ကြီး၊ ကလော၊ အောင်ပန်း၊ ပင်းတယ၊ နမ့်စန်၊ လွိုင်လင်နှင့် ဟိုပုံးမြို့နယ်များတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် ကလောနှင့် အောင်ပန်းမြို့မှ ဈေးများ၌ စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

တောင်ကြီးမြို့ စဝ်စံထွန်းဈေးတွင် ရောင်းချနေသည့် စားသောက်ကုန်ပစ္စည်းနမူနာ (၂၀)ကို စစ်ဆေးထားပြီး အဆိုပါစစ်ဆေးမှုအား စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး၊ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ FDA၊ စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ရှိသူများ ပါဝင်သည့်အဖွဲ့ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #နိုနို
ဓာတ်ပုံ - တောင်ကြီး စားသုံးသူရေးရာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~