သီေပါ - ေဘာ္ႀကိဳဘုရားပြဲသို႔ အထူးရထားခရီးစဥ္မ်ား ေျပးဆြဲေပးသြားမည္

သီေပါ - ေဘာ္ႀကိဳဘုရားပြဲသို႔ အထူးရထားခရီးစဥ္မ်ား ေျပးဆြဲေပးသြားမည္
ဖေဖော်ဝါရီ 25, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သီေပါၿမိဳ႕နယ္ ေဘာ္ႀကိဳေက်းရြာတြင္ က်င္းပေနသည့္ ေဘာ္ႀကိဳ မုေဌာေစတီေတာ္ျမတ္ႀကီး၏ ဗုဒၶပူဇနိယတေပါင္းပြဲေတာ္ ကာလအတြင္း သီေပါ - ေဘာ္ႀကိဳ အထူးရထားကို ေဖေဖၚဝါရီလ (၂၇)ရက္ေန႔မွစ၍ လက္မွတ္ခ က်ပ္ (၅၀၀)ႏႈန္းျဖင့္ စတင္ေျပးဆြဲေပးမည္ျဖစ္ေၾကာင္း သိရသည္။

 “အထူးရထားတြဲကို အသံုးျပဳၿပီးေတာ့ အႀကိဳအဖိတ္၊ အဖိတ္နဲ႔ လျပည့္ေန႔ေတြမွာ တစ္ေန႔ကို သံုးေခါက္ ( ၆ ေၾကာင္း ) ေျပးဆြဲေပးသြားမွာ ျဖစ္ပါတယ္။ ႏွစ္စဥ္ ႏွစ္တိုင္းလည္း အဲဒီလိုရက္မွာ ခုလိုပဲ ေျပးဆြဲ ေပးပါတယ္။ ဒီႏွစ္ကေတာ့ လက္မွတ္ခ (၅၀၀) က်ပ္ ျဖစ္သြားတယ္” ဟု သီေပါဘူတာရံုမွ ရံုပိုင္ တာဝန္ခံ ဦးေအာင္ေက်ာ္ျမင့္ က တာခ်ီလိတ္သတင္းေအဂ်င္စီ သုိ႔ ေျပာသည္။

အထူးရထားကို ေဖေဖၚဝါရီလ (၂၇)ရက္ေန႔မွ မတ္လ (၁) ရက္ေန႔အထိ သီေပါဘူတာမွ ေဘာ္ႀကိဳဘူတာသို႔ နံနက္ (၈) နာရီခြဲ၊ ေန႔လယ္ (၁၂) နာရီ၊ ညေန (၅ )နာရီ တို႔တြင္ ထြက္ခြာမည္ျဖစ္ၿပီး ေဘာ္ႀကိဳဘူတာမွ သီေပါသို႔  နံနက္ (၁၀) နာရီခြဲ၊ ညေန (၃) နာရီ ႏွင့္ ည (၇) နာရီ တို႔တြင္ ေျပးဆြဲေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

“အရင္ႏွစ္ကေတာ့ လက္မွတ္ခက က်ပ္ (၃၀၀) ပဲရွိတယ္။ ရထားအသံုးျပဳတာကေတာ့ အတူတူပါပဲ။ အထူးရထား တြဲေပါ့။ ခရီးသည္ (၇၅) ဦးဆန္႔တယ္။ ဝန္ထမ္းက (၅ ) ဦးပါမယ္။ မႏၱေလး-လားရိႈး ရထားနဲ႔၊ လားရိႈး-မႏၱေလး ရထား ေတြ သီေပါကျဖတ္တဲ့အခ်ိန္နဲ႔လြတ္ေအာင္ ဘုရားဖူးခရီးသည္ရထားကို အခ်ိန္သတ္မွတ္ၿပီး ေျပးဆြဲရတာ ျဖစ္ပါတယ္ ” ဟု သီေပါဘူတာမွ ရံုပိုင္တာဝန္ခံက ေျပာသည္။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)သီေပါၿမိဳ႕နယ္ ေဘာ္ႀကိဳေက်းရြာတြင္ က်င္းပေနသည့္ သမိုင္းဝင္ေဘာ္ႀကိဳ မုေဌာ ေစတီေတာ္ျမတ္ႀကီး၏ ဗုဒၶပူဇနိယတေပါင္းပြဲေတာ္ အား ေဖေဖၚဝါရီလ (၂၄) ရက္ေန႔မွ မတ္လ (၁) ရက္ေန႔ထိ က်င္းပျပဳလုပ္မည္ျဖစ္ၿပီး သီေပါၿမိဳ႕နယ္ရဲတပ္ဖြဲ႔ႏွင့္ ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႔၊ ၾကက္ေျခနီတပ္ဖြဲ႔တို႔မွ လံုၿခံဳေရးရယူေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

“လံုၿခံဳေရးထူးထူးျခားျခားအစီအစဥ္ေတာ့မရွိပါဘူး။ ႏွစ္စဥ္က်င္းပေနတဲ့ပြဲေတာ္လည္း ျဖစ္တယ္ဆိုေတာ့ ပံုမွန္ အတိုင္းလံုၿခံဳေရးရယူေပးတာေတာ့လုပ္ပါတယ္။ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔ပါမယ္၊ မီးသတ္တပ္ဖြဲ႔နဲ႔ ၾကက္ေျခနီတပ္ဖြဲ႔ဝင္ ေတြပါမယ္။ အဓိကကေတာ့ ဘုရားႀကီးအတြက္လံုၿခံဳေရးနဲ႔၊ ပြဲေတာ္အနီးတစ္ဝိုက္ ျဖန္႔က်က္လံုၿခံဳေရး ေတြကို ဂရုစိုက္လုပ္ကိုင္ေနပါတယ္” ဟု သီေပါၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွ ရဲအရာရွိတစ္ဦးက ေျပာသည္။

ႏွစ္စဥ္ႏွစ္တိုင္း တေပါင္းလဆန္း ၁၃ ရက္ေန႔မွ တေပါင္းလျပည့္ေန႔အထိ သီေပါၿမိဳ႕နယ္ေဘာ္ႀကိဳေက်းရြာရွိ သမိုင္းဝင္ေဘာ္ႀကိဳမုေဌာေစတီေတာ္ျမတ္ႀကီး၏ ဗုဒၶပူဇနိယတေပါင္းပြဲေတာ္ကို က်င္းပျပဳလုပ္လ်က္ရွိၿပီး အနယ္နယ္အရပ္ရပ္မွ ဘုရားဖူးဧည့္သည္မ်ားလာေရာက္မႈမ်ားျပားသည့္ ပြဲေတာ္တစ္ခုျဖစ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓါတ္ပံု - Ax Sai


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် ဘော်ကြိုကျေးရွာတွင် ကျင်းပနေသည့် ဘော်ကြို မုဌောစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ကာလအတွင်း သီပေါ - ဘော်ကြို အထူးရထားကို ဖေဖော်ဝါရီလ (၂၇)ရက်နေ့မှစ၍ လက်မှတ်ခ ကျပ် (၅၀၀)နှုန်းဖြင့် စတင်ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

 “အထူးရထားတွဲကို အသုံးပြုပြီးတော့ အကြိုအဖိတ်၊ အဖိတ်နဲ့ လပြည့်နေ့တွေမှာ တစ်နေ့ကို သုံးခေါက် ( ၆ ကြောင်း ) ပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်။ နှစ်စဉ် နှစ်တိုင်းလည်း အဲဒီလိုရက်မှာ ခုလိုပဲ ပြေးဆွဲ ပေးပါတယ်။ ဒီနှစ်ကတော့ လက်မှတ်ခ (၅၀၀) ကျပ် ဖြစ်သွားတယ်” ဟု သီပေါဘူတာရုံမှ ရုံပိုင် တာဝန်ခံ ဦးအောင်ကျော်မြင့် က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

အထူးရထားကို ဖေဖော်ဝါရီလ (၂၇)ရက်နေ့မှ မတ်လ (၁) ရက်နေ့အထိ သီပေါဘူတာမှ ဘော်ကြိုဘူတာသို့ နံနက် (၈) နာရီခွဲ၊ နေ့လယ် (၁၂) နာရီ၊ ညနေ (၅ )နာရီ တို့တွင် ထွက်ခွာမည်ဖြစ်ပြီး ဘော်ကြိုဘူတာမှ သီပေါသို့ နံနက် (၁၀) နာရီခွဲ၊ ညနေ (၃) နာရီ နှင့် ည (၇) နာရီ တို့တွင် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“အရင်နှစ်ကတော့ လက်မှတ်ခက ကျပ် (၃၀၀) ပဲရှိတယ်။ ရထားအသုံးပြုတာကတော့ အတူတူပါပဲ။ အထူးရထား တွဲပေါ့။ ခရီးသည် (၇၅) ဦးဆန့်တယ်။ ဝန်ထမ်းက (၅ ) ဦးပါမယ်။ မန္တလေး-လားရှိုး ရထားနဲ့၊ လားရှိုး-မန္တလေး ရထား တွေ သီပေါကဖြတ်တဲ့အချိန်နဲ့လွတ်အောင် ဘုရားဖူးခရီးသည်ရထားကို အချိန်သတ်မှတ်ပြီး ပြေးဆွဲရတာ ဖြစ်ပါတယ် ” ဟု သီပေါဘူတာမှ ရုံပိုင်တာဝန်ခံက ပြောသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါမြို့နယ် ဘော်ကြိုကျေးရွာတွင် ကျင်းပနေသည့် သမိုင်းဝင်ဘော်ကြို မုဌော စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် အား ဖေဖော်ဝါရီလ (၂၄) ရက်နေ့မှ မတ်လ (၁) ရက်နေ့ထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး သီပေါမြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့တို့မှ လုံခြုံရေးရယူပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“လုံခြုံရေးထူးထူးခြားခြားအစီအစဉ်တော့မရှိပါဘူး။ နှစ်စဉ်ကျင်းပနေတဲ့ပွဲတော်လည်း ဖြစ်တယ်ဆိုတော့ ပုံမှန် အတိုင်းလုံခြုံရေးရယူပေးတာတော့လုပ်ပါတယ်။ မြို့နယ်ရဲတပ်ဖွဲ့ပါမယ်၊ မီးသတ်တပ်ဖွဲ့နဲ့ ကြက်ခြေနီတပ်ဖွဲ့ဝင် တွေပါမယ်။ အဓိကကတော့ ဘုရားကြီးအတွက်လုံခြုံရေးနဲ့၊ ပွဲတော်အနီးတစ်ဝိုက် ဖြန့်ကျက်လုံခြုံရေး တွေကို ဂရုစိုက်လုပ်ကိုင်နေပါတယ်” ဟု သီပေါမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

နှစ်စဉ်နှစ်တိုင်း တပေါင်းလဆန်း ၁၃ ရက်နေ့မှ တပေါင်းလပြည့်နေ့အထိ သီပေါမြို့နယ်ဘော်ကြိုကျေးရွာရှိ သမိုင်းဝင်ဘော်ကြိုမုဌောစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကို ကျင်းပပြုလုပ်လျက်ရှိပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များလာရောက်မှုများပြားသည့် ပွဲတော်တစ်ခုဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - Ax Sai

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~