မတၱရာၿမိဳ႕နယ္တြင္ အဓမၼျပဳက်င့္ခံရသည့္ အသက္ႏွစ္ႏွစ္အရြယ္ကေလးငယ္ ေဆးကုသမႈခံယူစဥ္ ေသဆံုး

မတၱရာၿမိဳ႕နယ္တြင္ အဓမၼျပဳက်င့္ခံရသည့္ အသက္ႏွစ္ႏွစ္အရြယ္ကေလးငယ္ ေဆးကုသမႈခံယူစဥ္ ေသဆံုး
ဖေဖော်ဝါရီ 14, 2018
By Tachileik News Agency

မႏၱေလးတုိင္းေဒသႀကီး မတၱရာၿမိဳ႕နယ္ ေရေခ်ာင္းဘိုေက်းရြာတြင္ ေဖေဖၚဝါရီလ (၁၃)ရက္ေန႔ နံနက္ (၁၀)နာရီအခ်ိန္က အသက္ႏွစ္ႏွစ္အရြယ္ ကေလးငယ္အား အသက္ (၂၅)ႏွစ္အရြယ္ အမ်ိဳးသားက အဓမၼျပဳက်င့္သျဖင့္ ေဆးရံုတင္ပို႔ကာ ကုသမႈခံယူစဥ္ ေန႔လည္ (၁၂)နာရီခြဲတြင္ ေသဆံုးသြားခဲ့ေၾကာင္း သိရသည္။

ေရေခ်ာင္းဘိုေက်းရြာ ငွက္ေပ်ာစိုက္ခင္း၏ အေရွ႕ဘက္ကန္သင္းရိုးစပ္၌ အဆိုပါ ကေလးငယ္အား ၿဖိဳးထက္ေအာင္ဆိုသူက အဓမၼျပဳက်င့္ေနသည္ကို အမ်ိဳးသမီးတစ္ဦးက ေတြ႔ရသျဖင့္ ေအာ္ဟစ္ရာ အဓမၼျပဳက်င့္သူက ထြက္ေျပးသြားၿပီး ကေလးငယ္အား  မတၱရာေဆး႐ုံသို႔ တင္ပို႔ကုသစဥ္ ေသဆံုးသြားျခင္းျဖစ္ေၾကာင္း သိရသည္။

ထြက္ေျပးသြားသူအား ညေန (၃)နာရီတြင္ ဖမ္းဆီးရမိၿပီး ေရနံ႔သာ နယ္ေျမရဲစခန္းတြင္ (ပ)၂၆/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆/၃၀၂(မုဒိမ္းမု/လူသတ္မႈ)ျဖင့္ အမႈဖြင့္စစ္ေဆးေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း #စိုင္းေဇယ်ာ



~~~~~~~~⊰❂ unicode ~~~~~~~~

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ရေချောင်းဘိုကျေးရွာတွင် ဖေဖော်ဝါရီလ (၁၃)ရက်နေ့ နံနက် (၁၀)နာရီအချိန်က အသက်နှစ်နှစ်အရွယ် ကလေးငယ်အား အသက် (၂၅)နှစ်အရွယ် အမျိုးသားက အဓမ္မပြုကျင့်သဖြင့် ဆေးရုံတင်ပို့ကာ ကုသမှုခံယူစဉ် နေ့လည် (၁၂)နာရီခွဲတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ရေချောင်းဘိုကျေးရွာ ငှက်ပျောစိုက်ခင်း၏ အရှေ့ဘက်ကန်သင်းရိုးစပ်၌ အဆိုပါ ကလေးငယ်အား ဖြိုးထက်အောင်ဆိုသူက အဓမ္မပြုကျင့်နေသည်ကို အမျိုးသမီးတစ်ဦးက တွေ့ရသဖြင့် အော်ဟစ်ရာ အဓမ္မပြုကျင့်သူက ထွက်ပြေးသွားပြီး ကလေးငယ်အား မတ္တရာဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

ထွက်ပြေးသွားသူအား ညနေ (၃)နာရီတွင် ဖမ်းဆီးရမိပြီး ရေနံ့သာ နယ်မြေရဲစခန်းတွင် (ပ)၂၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၀၂(မုဒိမ်းမု/လူသတ်မှု)ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~