မိုင်းယောင်းမြို့နယ်အတွင်း မိုးရွာကာလေပြင်းတိုက်၍ နွားတဲပြိုကျကာ ရေလှောင်ကန် အမိုးပျက်စီး

မိုင်းယောင်းမြို့နယ်အတွင်း မိုးရွာကာလေပြင်းတိုက်၍ နွားတဲပြိုကျကာ ရေလှောင်ကန် အမိုးပျက်စီး
ဖေဖော်ဝါရီ 27, 2018
By Tachileik News Agency

တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်း ဖေဖော်ဝါရီ (၂၇)ရက်နေ့ နေ့လည်(၁)နာရီဝန်းကျင်အချိန်က မိုးရွာသွန်းခြင်းနှင့် လေပြင်း တိုက်ခတ်မှုများကြောင့် ဝမ်မန်းကျေးရွာအုပ်စု၊ ဝမ်ဒန်ကျေးရွာ၌ နွားတဲပြိုကျ မှုနှင့် ဝမ်ဒန်ရေလှောင်ကန် အမိုးတစ်ခြမ်း လွှင့်ပါ ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးရွာသွန်းခြင်းနှင့် လေပြင်း တိုက်ခတ်မှုကြောင့် ၀မ်မန်းကျေးရွာနေ ဦးအိုက်ခမ်း၏ နေအိမ်ရှိ အလျား ၁၀ ပေ၊ အနံ ၁၀ ပေရှိ သံဖရိန်အဖီ၊ အလျား ၈ ပေ၊ အနံ ၁၂ ပေခန့်ရှိ နွားတဲမှာ ပြိုကျပျက်စီးခဲ့သည့် အပြင်


သတင်း/ဓါတ်ပုံ - အားချာ



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်း ဖေဖော်ဝါရီ (၂၇)ရက်နေ့ နေ့လည်(၁)နာရီဝန်းကျင်အချိန်က မိုးရွာသွန်းခြင်းနှင့် လပြေင်း တိုက်ခတ်မှုများကြောင့် ဝမ်မန်းကျေးရွာအုပ်စု၊ ဝမ်ဒန်ကျေးရွာ၌ နွားတဲပြိုကျ မှုနှင့် ဝမ်ဒန်ရေလှောင်ကန် အမိုးတစ်ခြမ်း လွှင့်ပါ ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးရွာသွန်းခြင်းနှင့် လပြေင်း တိုက်ခတ်မှုကြောင့် ဝမ်မန်းကျေးရွာနေ ဦးအိုက်ခမ်း၏ နေအိမ်ရှိ အလျား ၁၀ ပေ၊ အနံ ၁၀ ပေရှိ သံဖရိန်အဖီ၊ အလျား ၈ ပေ၊ အနံ ၁၂ ပေခန့်ရှိ နွားတဲမှာ ပြိုကျပျက်စီးခဲ့သည့် အပြင်
၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့သော အလျား ၁၈ ပေ၊ အနံ ၈ ပေခန့်ရှိ ဝမ်ဒန်ရေလှောင်ကန်၏ အမိုးတစ်ခြမ်းမှာ လွှင့်ပါပျက်စီးသွားခဲ့ခြင်း ဖြစ်သည်။

သဘာဝဘေးဒဏ် သင့်ခဲ့ရသည့် အဆိုပါ နေရာများသို့ မိုင်းယောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - အားချာ

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~