ရွှေစက်တော်ဘုရားပွဲတော်ကာလအတွင်း ယခင်နှစ်များက စောင်းတန်းများတွင် ရောင်းချခွင့်ပြုခဲ့ရာ ဘုရားဖူးများအတွက် စောင်းတန်းအတက်လမ်းတွင် အဆင်မပြေခြင်း၊ ဈေးဆိုင်ခန်းများ၏ ယာယီအမိုးအကာများကြောင့် ဘုရားမြင်ကွင်း မတင့်တယ်ခြင်းများကြောင့် ယခုနှစ်တွင် စောင်းတန်းအား သံဇကာ ကာရံလိုက်ပြီး ဈေးသည်များကို နေရာရွှေ့ပြောင်းပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့နေရာရွှေ့ပြောင်းပေးခြင်းအား ဈေးသည်များအဖွဲ့က မကျေနပ်သဖြင့် မူလနေရာတွင် ပြန်လည်ရောင်းချခွင့်ပြုရန် ဂေါပကအဖွဲ့ထံ ဖေဖော်ဝါရီ(၃)ရက်နံနက်ပိုင်းက တောင်းဆိုခဲ့ရာ ဂေါပကအဖွဲ့က ဈေးသည်များအား ခေါ်ယူတွေ့ဆုံကာ နေရာချထားပေးသည့်နေရာတွင်သာ ရောင်းချရန် အသိပေးပြောကြားထားခြင်းဖြစ်ကြောင်း သိရသည်။
ဈေးသည်များက နေရာပြောင်းရွှေ့ပေးခြင်းနှင့်ပတ်သက်၍ မင်းဘူးမြို့တွင် တစ်ကြိမ်၊ ရွှေစက်တော် လှေတင်တံတားအနီးတွင် တစ်ကြိမ် ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။
သတင်း၊ဓါတ်ပုံ #ဖီးနစ်
**********
မကွေးမြို့ ရွှေစက်တော်ဘုရားပွဲတော်မှ စျေးရောင်းချသူများက ယခင်နှစ်များက ရောင်းချနေသည့် စောင်းတန်းနေရာတွင် ပြန်လည်ရောင်းချခွင့်ပေးရန် တောင်းဆိုနေကြသော်လည်း ယခုနှစ်တွင် သတ်မှတ်ပေးလိုက်သည့်နေရာတွင်သာ ဆက်လက်ရောင်းချရန် ဂေါပကအဖွဲ့က ဖေဖေါ်ဝါရီ (၃)ရက်နေ့တွင် စျေးသည်များအား ခေါ်ယူအသိပေးလိုက်ကြောင်း သိရသည်။
"စောင်းတန်းစျေးသည်တွေကို အတွင်းဘက်စောင်းတန်းမှာပဲ ရွှေ့ပြောင်းနေရောချထားပေးဖို့အတွက် ခေါ်ယူဆွေးနွေးခြင်းဖြစ်ပါတယ်။ ဒါကလည်း နာယကအဖွဲ့ရဲ့လမ်းညွှန်ချက်အရ ဆောင်ရွက်ရတာဖြစ်ပါတယ်" ဟု မန်းရွှေစက်တော်ဂေါပကအဖွဲ့ဝင်ဦးမြင့်ကြည်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရွှေစက်တော်ဘုရားပွဲတော်ကာလအတွင်း ယခင်နှစ်များက စောင်းတန်းများတွင် ရောင်းချခွင့်ပြုခဲ့ရာ ဘုရားဖူးများအတွက် စောင်းတန်းအတက်လမ်းတွင် အဆင်မပြေခြင်း၊ စျေးဆိုင်ခန်းများ၏ ယာယီအမိုးအကာများကြောင့် ဘုရားမြင်ကွင်း မတင့်တယ်ခြင်းများကြောင့် ယခုနှစ်တွင် စောင်းတန်းအား သံဇကာ ကာရံလိုက်ပြီး စျေးသည်များကို နေရာရွှေ့ပြောင်းပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့နေရာရွှေ့ပြောင်းပေးခြင်းအား စျေးသည်များအဖွဲ့က မကျေနပ်သဖြင့် မူလနေရာတွင် ပြန်လည်ရောင်းချခွင့်ပြုရန် ဂေါပကအဖွဲ့ထံ ဖေဖော်ဝါရီ(၃)ရက်နံနက်ပိုင်းက တောင်းဆိုခဲ့ရာ ဂေါပကအဖွဲ့က စျေးသည်များအား ခေါ်ယူတွေ့ဆုံကာ နေရာချထားပေးသည့်နေရာတွင်သာ ရောင်းချရန် အသိပေးပြောကြားထားခြင်းဖြစ်ကြောင်း သိရသည်။
စျေးသည်များက နေရာပြောင်းရွှေ့ပေးခြင်းနှင့်ပတ်သက်၍ မင်းဘူးမြို့တွင် တစ်ကြိမ်၊ ရွှေစက်တော် လှေတင်တံတားအနီးတွင် တစ်ကြိမ် ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။
သတင်း၊ဓါတ်ပုံ #ဖီးနစ်