တာခ်ီလိတ္တြင္ ေရာင္းခ်ရန္ က်ဳိင္းတံုမွ သယ္ေဆာင္လာသည့္ ဘိန္းစိမ္းမ်ား မိုင္းျဖတ္၌ အမ်ဳိးသား(၃)ဦးထံက ဖမ္းဆီးရမိ

တာခ်ီလိတ္တြင္ ေရာင္းခ်ရန္ က်ဳိင္းတံုမွ သယ္ေဆာင္လာသည့္ ဘိန္းစိမ္းမ်ား မိုင္းျဖတ္၌ အမ်ဳိးသား(၃)ဦးထံက ဖမ္းဆီးရမိ
ဖေဖော်ဝါရီ 13, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မုိင္းျဖတ္ၿမိဳ႕ ဝမ္မုိင္ရပ္ကြက္ ဝမ္မုိင္လမ္းဆံုအနီးတြင္ က်ိဳင္းတံုဘက္မွ တာခ်ီလိတ္ ဘက္သို႔ ဘိန္းစိမ္းေရာင္းခ်ရန္ သယ္ေဆာင္လာသူ အမ်ဳိးသားသံုးဦးအား ေဖေဖၚဝါရီလ (၁၃)ရက္ေန႔တြင္ ဖမ္းဆီးရမိေၾကာင္း သိရသည္။

ဆိုင္ကယ္တူးေဘာက္စ္တြင္ ထည့္သြင္းသယ္ေဆာင္လာသည့္ ဘိန္းစိမ္း (၆)ကီလိုခန္႔အားကို ရဲတပ္ဖြဲ႕က စစ္ေဆး ေတြ႔ရိွခဲ့ရျခင္းျဖစ္ၿပီး ေရာင္းခ်ရန္ သယ္ေဆာင္လာျခင္း ျဖစ္ေၾကာင္း စစ္ေဆး သိရိွရသည္ဟု သိရသည္။

မိုင္းျဖတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ဦးေဆာင္သည့္ အဖြဲ႕သည္ သက္ေသမ်ားႏွင့္အတူ ဝမ္မုိင္လမ္းဆံု အနီးတြင္ က်ိဳင္းတံုၿမိဳ႕ဘက္မွ တာခ်ီလိတ္ၿမိဳ႕ဘက္သို႔ ေမာင္းႏွင္လာသည့္ ဆုိင္ကယ္ ႏွစ္စီးအား ရပ္တန္႔ စစ္ေဆးရာ ဆိုင္ကယ္တူးေဘာက္စ္တြင္ ထည့္သြင္းထားသည့္ ဘိန္းစိမ္း နွစ္ထုပ္အား စစ္ေဆးေတြ႔ရိွရသျဖင့္ ဆုိင္ကယ္စီးနင္းလာ သူသံုးဦးအား စစ္ေဆးရာတြင္ ေရာင္းခ်ရန္ သယ္ေဆာင္လာသည္ဟု  ထြက္ဆိုေၾကာင္း သိရသည္။

ဘိန္းစိမ္းသယ္ေဆာင္လာသူမ်ားျဖစ္သည့္ စိုင္းဆုိက္၊ စုိင္းဝန္းတစ္ႏွင့္ စိုင္းက်င္းရွဲန္တို႔အား မုိင္းျဖတ္ၿမိဳ႕မ ရဲစခန္းတြင္ မယ(ပ)၁/၂၀၁၈ ၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၁ ျဖင့္အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့ ဝမ်မိုင်ရပ်ကွက် ဝမ်မိုင်လမ်းဆုံအနီးတွင် ကျိုင်းတုံဘက်မှ တာချီလိတ် ဘက်သို့ ဘိန်းစိမ်းရောင်းချရန် သယ်ဆောင်လာသူ အမျိုးသားသုံးဦးအား ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း သိရသည်။
ဆိုင်ကယ်တူးဘောက်စ်တွင် ထည့်သွင်းသယ်ဆောင်လာသည့် ဘိန်းစိမ်း (၆)ကီလိုခန့်အားကို ရဲတပ်ဖွဲ့က စစ်ဆေး တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး ရောင်းချရန် သယ်ဆောင်လာခြင်း ဖြစ်ကြောင်း စစ်ဆေး သိရှိရသည်ဟု သိရသည်။
မိုင်းဖြတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဦးဆောင်သည့် အဖွဲ့သည် သက်သေများနှင့်အတူ ဝမ်မိုင်လမ်းဆုံ အနီးတွင် ကျိုင်းတုံမြို့ဘက်မှ တာချီလိတ်မြို့ဘက်သို့ မောင်းနှင်လာသည့် ဆိုင်ကယ် နှစ်စီးအား ရပ်တန့် စစ်ဆေးရာ ဆိုင်ကယ်တူးဘောက်စ်တွင် ထည့်သွင်းထားသည့် ဘိန်းစိမ်း နှစ်ထုပ်အား စစ်ဆေးတွေ့ရှိရသဖြင့် ဆိုင်ကယ်စီးနင်းလာ သူသုံးဦးအား စစ်ဆေးရာတွင် ရောင်းချရန် သယ်ဆောင်လာသည်ဟု ထွက်ဆိုကြောင်း သိရသည်။
ဘိန်းစိမ်းသယ်ဆောင်လာသူများဖြစ်သည့် စိုင်းဆိုက်၊ စိုင်းဝန်းတစ်နှင့် စိုင်းကျင်းရှဲန်တို့အား မိုင်းဖြတ်မြို့မ ရဲစခန်းတွင် မယ(ပ)၁/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့်အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~