ကယားပြည်နယ်၌ အသစ်ဖွဲ့စည်းလိုက်သည့် နန်းမယ်ခုံမြို့နှင့် လွိုင်လင်လေးမြို့တို့အား ပြည်ထောင်စုနေ့ အထိမ်းအမှတ်နေ့တွင် ဆိုင်းဘုတ်ဖွင့်လှစ်
ကယားပြည်နယ်၌ အသစ်ဖွဲ့စည်းလိုက်သည့် နန်းမယ်ခုံမြို့နှင့် လွိုင်လင်လေးမြို့တို့အား ပြည်ထောင်စုနေ့ အထိမ်းအမှတ်နေ့တွင် ဆိုင်းဘုတ်ဖွင့်လှစ်
ဖေဖော်ဝါရီ 12, 2018
By Tachileik News Agency
ကယားပြည်နယ် လွိုင်ကော်ခရိုင်တွင်း အသစ်တိုးချဲ့ဖွဲ့စည်းလိုက်သည့် ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့နှင့် လိွုင်ကော်မြို့နယ် လွိုင်လင်လေးမြို့တို့အား ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့ ပြည်ထောင်စုနေ့တွင် စတင် ဖွင့်လှစ်လိုက်သည်။
လွိုင်ကော်ခရိုင် အတွင်းရှိ လွိုင်ကော်မြို့နယ် လွိုင်လင်လေးကျေးရွာ နှင့် ဒီးမော့ဆို မြို့နယ်၊ နန်းမယ်ခုံ ကျေးရွာ အုပ်စုတို့အား မြို့အဆင့် တိုးမြှင့် ဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည် နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံ ထောက်ခံ တင်ပြဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တွင် အုပ်ချုပ်ရေးဆိုင်ရာ ရုံးများ ၊လိုအပ်သည့် ဌာနများ ဖွင့်လှစ်နိုင်ရေးအတွက် ဘဏ္ဍာငွေများ လျာထား ဆောင်ရွက်နေပြီဖြစ်ကြောင်း ကယားပြည်နယ်အစိုးရရုံးမှ သိရသည်။
သတင်း -  #ဆန်းဖြိုးထွန်း
~~~~~~~~⊰❂ unicode ~~~~~~~~
ကယားပြည်နယ် လွိုင်ကော်ခရိုင်တွင်း အသစ်တိုးချဲ့ဖွဲ့စည်းလိုက်သည့် ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့နှင့် လွို်င်ကော်မြို့နယ် လွိုင်လင်လေးမြို့တို့အား ဖေဖော်ဝါရီလ (၁၂)ရက်နေ့ ပြည်ထောင်စုနေ့တွင် စတင် ဖွင့်လှစ်လိုက်သည်။
" မြို့ဖြစ်လာတော့ ပိုကောင်းတာပေါ့။ ရွာကလည်း မြို့နီးပါးကိုကြီးတယ်၊ စည်ကားတယ်လေ။ အဆောက်အဦး တွေကအစပေါ့။ မြို့လုပ်လိုက်တော့လည်း ပိုကောင်းသွားတာပေါ့။ ရှမ်းနယ်စပ်လည်း ဖြစ်နေတော့ နယ်စပ်မြို့လေးလည်း ဖြစ်သွားတာပေါ့" ဟု လွိုင်လင်မြို့မှဒေသခံ ဦးလှကြိုင်ကတာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။
လွိုင်ကော်ခရိုင် အတွင်းရှိ လွိုင်ကော်မြို့နယ် လွိုင်လင်လေးကျေးရွာ နှင့် ဒီးမော့ဆို မြို့နယ်၊ နန်းမယ်ခုံ ကျေးရွာ အုပ်စုတို့အား မြို့အဆင့် တိုးမြှင့် ဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည် နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံ ထောက်ခံ တင်ပြဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တွင် အုပ်ချုပ်ရေးဆိုင်ရာ ရုံးများ၊လိုအပ်သည့် ဌာနများ ဖွင့်လှစ်နိုင်ရေးအတွက် ဘဏ္ဍာငွေများ လျာထား ဆောင်ရွက်နပြေီဖြစ်ကြောင်း ကယားပြည်နယ်အစိုးရရုံးမှ သိရသည်။
အသစ်တိုးမြှင့် ဖွဲ့စည်းလိုက်သော နန်းမယ်ခုံမြို့တွင် မြို့မကယန်း ရပ်ကွက် အိမ်ခြေ(၂၅၀)၊ မြို့မရှမ်း ရပ်ကွက်တွင် အိမ်ခြေ(၇၈)၊ ခေါ်ခုရှမ်းရပ်ကွက်တွင် အိမ်ခြေ(၅၃)၊ ခေါ်ခုကယားရပ်ကွက်တွင် အိမ်ခြေ (၅၀) စုစုပေါင်း အိမ်ခြေ(၄၃၁)အိမ်၊ အိမ်ထောင်စု (၄၃၁)စု၊ လူဦးရေ (၂၂၈၇)ဦးရှိပြီး လွိုင်လင်လေးမြို့တွင် အိမ်ခြေ(၆၅၅)၊ အိမ်ထောင်စု (၆၉၅)စု၊ လူဦးရေ (၃၇၃၂)ဦး တို့နေထိုင်လျှက်ရှိကြောင်းသိရသည်။
အဆိုပါ မြို့သစ်နှစ်မြို့ဆိုင်းဘုတ်များအား ပြည်ထောင်စု နေ့အထိမ်းအမှတ် အဖြစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ဖွင့်လှစ်ပေးခဲ့ပြီး ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဌနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ တတ်ရောက်ခဲ့ကြသည်။
သတင်း - #ဆန်းဖြိုးထွန်း
ဓာတ်ပုံ - ကယားပြည်နယ်အစိုးရအဖွဲ့ရုံး
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~