တာချီလိတ်ခရိုင်အတွင်းရှိ မြို့နယ်လ၀ကဦးစီးမှူးရုံးများသို့ ခရိုင်ဦးစီးမှူးမှ သွားရောက်စစ်ဆေး

တာချီလိတ်ခရိုင်အတွင်းရှိ မြို့နယ်လ၀ကဦးစီးမှူးရုံးများသို့ ခရိုင်ဦးစီးမှူးမှ သွားရောက်စစ်ဆေး
ဖေဖော်ဝါရီ 25, 2018
By Tachileik News Agency


တာချီလိတ်ခရိုင်အတွင်းရှိ မြို့နယ်လ၀ကဦးစီးမှူးရုံးများသို့ သွားရောက်ကာ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ရုံးလုပ်ငန်းများအား သေချာ ကြပ်မတ်စွာ ဆောင်ရွက်နိုင်ရေး၊ လဝက ဌာနသည် အများပြည်သူများနှင့် ဆက်ဆံရသည့် ဌာန တစ်ခုဖြစ်သည့် အတွက် ပြည်သူများအား မွေးဖွား/သေဆုံးခြင်းများ နှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်း၊ အိမ်ထောင်စု လူဦးရေ စာရင်းပြုလုပ်ပေးခြင်းတို့တွင် ဥပဒေ လုပ်ထုံး လုပ်နည်းတို့နှင့် အညီ ဆောင်ရွက်ပေးစေရေး၊ ပြည်သူများနှင့် ဆက်ဆံရေး ပြေပြစ်စွာ ပြောဆိုစေပြီး သတ်မှတ် အခကြေးငွေ ထက်ကျော်လွန်၍ မကောက်ခံစေရေး စသည်များအား ခရိုင်လဝကဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်းမှ မှာကြားသွားကြောင်း သိရသည်။



သတင်း/ဓာတ်ပုံ - ကိုသာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်အတွင်းရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးများအား ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူးက ဖေဖော်ဝါရီလ၏ စတုတ္ထပတ်အတွင်းတွင် စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

တာချီလိတ်ခရိုင်အတွင်းရှိ မြို့နယ်လဝက ဦးစီးမှူးရုံးများသို့ သွားရောက်ကာ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ရုံးလုပ်ငန်းများအား သေချာ ကြပ်မတ်စွာ ဆောင်ရွက်နိုင်ရေး၊ လဝက ဌာနသည် အများပြည်သူများနှင့် ဆက်ဆံရသည့် ဌာန တစ်ခုဖြစ်သည့် အတွက် ပြည်သူများအား မွေးဖွား/သေဆုံးခြင်းများ နှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်း၊ အိမ်ထောင်စု လူဦးရေ စာရင်းပြုလုပ်ပေးခြင်းတို့တွင် ဥပဒေ လုပ်ထုံး လုပ်နည်းတို့နှင့် အညီ ဆောင်ရွက်ပေးစေရေး၊ ပြည်သူများနှင့် ဆက်ဆံရေး ပြပြေစ်စွာ ပြောဆိုစပြေီး သတ်မှတ် အခကြေးငွေ ထက်ကျော်လွန်၍ မကောက်ခံစေရေး စသည်များအား ခရိုင်လဝကဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်းမှ မှာကြားသွားကြောင်း သိရသည်။

ယင်းအပြင် ဖေဖော်ဝါရီလအလွန်အပြီးတွင် နွေရာသီသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်များကြိုတင် ကာကွယ်ထားရှိနိုင်ရေး၊ မီးသတ်ဆေးဘူး၊ မီးသတ်ရေကန်နှင့် မီးချိတ်၊ မီးကတ်များ ပြုလုပ်ထားရှိပြီး ဝန်ထမ်းများ ဇက်တိုက်လေ့ကျင့်ထားရှိ စေရေးများ ထပ်လောင်းမှာကြားသွားကြောင်း သိရသည်။

ခရိုင်လဝကမှူး နှင့် စစ်ဆေးရေးအဖွဲ့မှ မိုင်းယောင်းမြို့နယ်လဝကဦးစီးမှူးရုံးသို့ ဖေဖော်ဝါရီလ(၂၄)ရက်နေ့ စစ်ဆေးခဲ့ခြင်းပြီး ဖေဖော်ဝါရီလ(၂၅)ရက်နေ့ နံနက်က မိုင်းဖြတ်မြို့နယ်လဝကမှူးရုံးသို့ စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~