ဆေးလိပ်ဖြတ်မည်ဟု ကတိပေးသူတိုင်းအား မတ်လ(၁)ရက်နေ့အထိ ဘော်ကြိုဘုရားပွဲတွင် H1N1 ကာကွယ်ဆေး ထိုးနှံပေးမည်

ဆေးလိပ်ဖြတ်မည်ဟု ကတိပေးသူတိုင်းအား မတ်လ(၁)ရက်နေ့အထိ ဘော်ကြိုဘုရားပွဲတွင် H1N1 ကာကွယ်ဆေး ထိုးနှံပေးမည်
ဖေဖော်ဝါရီ 28, 2018
By Tachileik News Agency



ဘော်ကြိုဘုရားပွဲကာလအတွင်း ကျန်းမာရေးဌာန၊ ကျန်းမာရေးပညာပေးပြခန်းနှင့် ကျန်းမာရေး ပညာပေးပြပွဲ တို့ကို ထည့်သွင်းကျင်းပနေခြင်းဖြစ်ပြီး ဆေးလိပ်ကြောင့် ဖြစ်ရသည့် ဆိုးကျိုးများကိုလည်း ပညာပေးပြခန်းတွင် ပြသထားခြင်းဖြစ်ကာ ဆေးလိပ်ဖြတ်မည်ဟု ကတိ တစ်ခုပေးယုံဖြင့် H1N1 ရောဂါကာကွယ်ဆေးကို အခမဲ့ထိုးနှံပေးရန် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။

“ကတိနဲ့အပေးအယူလုပ်တာတော့ မဟုတ်ဘူးပေါ့၊ အဲ့ပြခန်းမှာ ဆေးလိပ်သောက်သုံးရင် လူရဲ့ခန္ဓာကိုယ်က ဘယ်နေရာတွေမှာ ဆိုးကျိုးတွေဖြစ်နိုင်တယ် ဆိုတာကို ပြထားပေးတယ်၊ အဲ့ဒါတွေကို လေ့လာစေပြီးမှ ဆေးလိပ်ဖြတ်မယ်လို့ ကတိလေးပေးရင် ကာကွယ်ဆေး ထိုးပေးမယ်၊ ဖြတ်မယ် ဆိုတဲ့ အသိလေး ခဏလေးဝင်သွားရင်ပဲ အကျိုးရှိတာပေါ့ ” ဟု ဒေါက်တာ နန္ဒဝင်းက ပြောသည်။



ဘုရားပွဲကာလအတွင်း သီပေါမြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဘော်ကြိုကျေးလက် ကျန်းမာရေး ဦးစီးဌာနတို့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အပါအဝင် ကျန်းမာရေး ဝန်ထမ်း အယောက် (၃၀)ကျော်တို့ ပါဝင်လုပ်ဆောင်နေပြီး အသိပညာပေးပြခန်းများ၊ ပိုစတာများ၊ အကများ၊ သီချင်းများဖြင့် ထည့်သွင်းစီစဉ်ထားကြောင်း သိရသည်။

သမိုင်းဝင်ဘော်ကြိုမုဌောစေတီတော်မြတ်ကြီး၏ ဗုဒပူဇနိယတပေါင်းပွဲတော်ကို နှစ်စဉ် တပေါင်းလဆန်း ၁၀ ရက်နေ့မှ တပေါင်းလပြည့်နေ့အထိ ကျင်းပပြုလုပ်နေခြင်းဖြစ်ပြီး ယခုကဲ့သို့ ဆေးလိပ်ငွေ့ကင်းစင် အစီအစဉ်မှာ ယခုနှစ်တွင် ပထမဦးဆုံး ထည့်သွင်းပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း/ဓါတ်ပုံ -  နေဖြိုးမြင့်




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ဘော်ကြိုကျေးရွာတွင် ကျင်းပပြုလုပ်နေသည့် သမိုင်းဝင် ဘော်ကြိုမုဌောစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇိနယတပေါင်းပွဲရှိ ကျန်းမာရေးဌာနတွင် ဆေးလိပ်ဖြတ်မည်ဟု ကတိပေးသူတိုင်းအား မတ်လ(၁)ရက်နေ့အထိ H1N1 အလုံး (၇၀)ကို အခမဲ့ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“ဘော်ကြိုကျေးရွာကို ဆေးလိပ်ကင်းစင်နယ်မြေအဖြစ်နဲ့ ပြည်နယ်အစိုးရကလည်း ချထားတာ၊ H1N1 ကာကွယ်ဆေးကတော့ အခမဲ့ထိုးပေးမှာပါ၊ အခုစီစဉ်တာလေးက ဆေးလိပ်ဖြတ်ဖို့ အသိလေးတစ်ခု ရှိလာအောင် ပညာပေးလေးလုပ်တဲ့သဘောပါ” ဟု သီပေါပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒဝင်း က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဘော်ကြိုဘုရားပွဲကာလအတွင်း ကျန်းမာရေးဌာန၊ ကျန်းမာရေးပညာပေးပြခန်းနှင့် ကျန်းမာရေး ပညာပေးပြပွဲ တို့ကို ထည့်သွင်းကျင်းပနခြေင်းဖြစ်ပြီး ဆေးလိပ်ကြောင့် ဖြစ်ရသည့် ဆိုးကျိုးများကိုလည်း ပညာပေးပြခန်းတွင် ပြသထားခြင်းဖြစ်ကာ ဆေးလိပ်ဖြတ်မည်ဟု ကတိ တစ်ခုပေးယုံဖြင့် H1N1 ရောဂါကာကွယ်ဆေးကို အခမဲ့ထိုးနှံပေးရန် လုပ်ဆောင်နခြေင်း ဖြစ်ကြောင်း သိရသည်။

“ကတိနဲ့အပေးအယူလုပ်တာတော့ မဟုတ်ဘူးပေါ့၊ အဲ့ပြခန်းမှာ ဆေးလိပ်သောက်သုံးရင် လူရဲ့ခန္ဓာကိုယ်က ဘယ်နေရာတွေမှာ ဆိုးကျိုးတွဖြေစ်နိုင်တယ် ဆိုတာကို ပြထားပေးတယ်၊ အဲ့ဒါတွေကို လေ့လာစပြေီးမှ ဆေးလိပ်ဖြတ်မယ်လို့ ကတိလေးပေးရင် ကာကွယ်ဆေး ထိုးပေးမယ်၊ ဖြတ်မယ် ဆိုတဲ့ အသိလေး ခဏလေးဝင်သွားရင်ပဲ အကျိုးရှိတာပေါ့ ” ဟု ဒေါက်တာ နန္ဒဝင်းက ပြောသည်။

ထို့ပြင် လူတစ်ဦး၏ ခန္ဓာကိုယ်တွင် ဆေးလိပ်ကြောင့်ဖြစ်ရသည့် ရောဂါများအား ၆ ပေခန့် အမြင့်ရှိ ခန္တာကိုယ်ပုံစံဖြင့် ပြသပေးထားပြီး၎င်းပိုစတာဖြင့် ဓာတ်ပုံရိုက်၍ လူမှုကွန်ယက်တွင် ပရိုဖိုင်အဖြစ် အသုံးပြုမည်ဆိုပါက MPT ဖုန်းဘေလ် ၁၀၀၀ ကို လက်ဆောင်အဖြစ် ဒေါက်တာ နန္ဒဝင်းမှ ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

သီပေါမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များမှလွဲ၍ H1N1 ရောဂါကာကွယ်ဆေး ထိုးနှံချင်သူ မည်သူမဆို ထိုးနှံပေးနိုင်ရန်အတွက် ကာကွယ်ဆေးအလုံး ၃၀၀၀ ကိုတောင်းခံ ထားပြီး မကြာမှီရရှိမည်ဖြစ်ကာ ယခုပွဲတော်ကာလအတွင်း လုပ်ဆောင်ချက်မှာ ဆေးလိပ်ငွေ့ ကင်းစင်ကျေးရွာ တစ်ခုအဖြစ် လုပ်ဆောင်ရန်အတွက် အစပျိုးလုပ်ဆောင်ချက်တစ်ခုသာ ဖြစ်ကြောင်း သိရသည်။

ဘုရားပွဲကာလအတွင်း သီပေါမြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဘော်ကြိုကျေးလက် ကျန်းမာရေး ဦးစီးဌာနတို့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အပါအဝင် ကျန်းမာရေး ဝန်ထမ်း အယောက် (၃၀)ကျော်တို့ ပါဝင်လုပ်ဆောင်နပြေီး အသိပညာပေးပြခန်းများ၊ ပိုစတာများ၊ အကများ၊ သီချင်းများဖြင့် ထည့်သွင်းစီစဉ်ထားကြောင်း သိရသည်။

သမိုင်းဝင်ဘော်ကြိုမုဌောစေတီတော်မြတ်ကြီး၏ ဗုဒပူဇနိယတပေါင်းပွဲတော်ကို နှစ်စဉ် တပေါင်းလဆန်း ၁၀ ရက်နေ့မှ တပေါင်းလပြည့်နေ့အထိ ကျင်းပပြုလုပ်နခြေင်းဖြစ်ပြီး ယခုကဲ့သို့ ဆေးလိပ်ငွေ့ကင်းစင် အစီအစဉ်မှာ ယခုနှစ်တွင် ပထမဦးဆုံး ထည့်သွင်းပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~