ပြုပြင်ရန် အပ်ထားသည့် ကားမှာ မီးလောင်သွား၍ နိုင်ငံတော်ပိုင်ကားအား အကျိုးပျက်စီးမှုဖြစ်အောင် ပြုလုပ်စေမှုဖြင့် အမှုဖွင့်

ပြုပြင်ရန် အပ်ထားသည့် ကားမှာ မီးလောင်သွား၍ နိုင်ငံတော်ပိုင်ကားအား အကျိုးပျက်စီးမှုဖြစ်အောင် ပြုလုပ်စေမှုဖြင့် အမှုဖွင့်
ဖေဖော်ဝါရီ 26, 2018
By Tachileik News Agency

တာချီလိတ်ခရိုင်၊ တာလေမြို့တွင် တပ်နယ်တစ်ခုမှ လာရောက်ပြုပြင်ထားသည့် မော်တော်ယာဉ်မှာ မီးလောင်ကျွမ်းသွားသည့် အတွက် နိုင်ငံတော်ပိုင်ကားအား အကျိုးပျက်စီးမှုဖြစ်အောင် ပြုလုပ်စေမှုဖြင့် ကားဝပ်ရှော့ပိုင်ရှင်အား တာလေနယ်မြေရဲစခန်းတွင် အမှုဖွင့် တိုင်တန်းထားကြောင်း  သိရသည်။

တာလေမြို့ရှိ အမှတ်(၃၁၆) ခြေမြန်တပ်ရင်းမှ ယာဉ်အမျိုးအစား  Double Cab ယာဉ်အမှတ် - ၃၆၁၁(မ) နှစ်ခန်းတွဲယာဉ်၏ ၀ါယာထိန်းလိုင်းများ ပြုပြင်ရန်အတွက် တာလေမြို့၊ နားယောင်းကျေးရွာ အုပ်စုရှိ ကားဝပ်ရှော့တွင် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ(၂၄)ရက်နေ့ ညနေ(၅)နာရီဝန်းကျင် အချိန်က အပ်နှံထားခဲ့ပြီးနောက် ဖေဖော်ဝါရီလ(၂၅)ရက်နေ့ နံနက်(၅)နာရီခွဲဝန်းကျင်အချိန်တွင် နားယောင်းကျေးရွာ အနီး မိုင်တိုင် အမှတ် (၇၅၃)နှင့် (၇၅၄)အကြားအရောက် ကားမှာ မီးလောင် ကျွမ်းသွားသည့် အတွက် နိုင်ငံတော်ပိုင်ကားအား အကျိုးပျက်စီးမှုဖြစ်အောင် ပြုလုပ်သည်ဟု ဆိုကာ ကားဝပ်ရှော့ပိုင်ရှင်အား ဥပဒေအရ အရေးယူပေးနိုင်ရန် တာလေနယ်မြေရဲစခန်းတွင် အဆိုပါ တပ်နယ်မှ ဗိုလ်ကြီးတစ်ဦးက တရားလိုပြုလုပ်၍ တိုင်တန်းထားကြောင်း ရဲတပ်ဖွဲ့ထံက သိရသည်။





~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်ခရိုင်၊ တာလမြေို့တွင် တပ်နယ်တစ်ခုမှ လာရောက်ပြုပြင်ထားသည့် မော်တော်ယာဉ်မှာ မီးလောင်ကျွမ်းသွားသည့် အတွက် နိုင်ငံတော်ပိုင်ကားအား အကျိုးပျက်စီးမှုဖြစ်အောင် ပြုလုပ်စေမှုဖြင့် ကားဝပ်ရှော့ပိုင်ရှင်အား တာလေနယ်မြေရဲစခန်းတွင် အမှုဖွင့် တိုင်တန်းထားကြောင်း သိရသည်။

တာလမြေို့ရှိ အမှတ်(၃၁၆) ခြမြေန်တပ်ရင်းမှ ယာဉ်အမျိုးအစား Double Cab ယာဉ်အမှတ် - ၃၆၁၁(မ) နှစ်ခန်းတွဲယာဉ်၏ ဝါယာထိန်းလိုင်းများ ပြုပြင်ရန်အတွက် တာလမြေို့၊ နားယောင်းကျေးရွာ အုပ်စုရှိ ကားဝပ်ရှော့တွင် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ(၂၄)ရက်နေ့ ညနေ(၅)နာရီဝန်းကျင် အချိန်က အပ်နှံထားခဲ့ပြီးနောက် ဖေဖော်ဝါရီလ(၂၅)ရက်နေ့ နံနက်(၅)နာရီခွဲဝန်းကျင်အချိန်တွင် နားယောင်းကျေးရွာ အနီး မိုင်တိုင် အမှတ် (၇၅၃)နှင့် (၇၅၄)အကြားအရောက် ကားမှာ မီးလောင် ကျွမ်းသွားသည့် အတွက် နိုင်ငံတော်ပိုင်ကားအား အကျိုးပျက်စီးမှုဖြစ်အောင် ပြုလုပ်သည်ဟု ဆိုကာ ကားဝပ်ရှော့ပိုင်ရှင်အား ဥပဒေအရ အရေးယူပေးနိုင်ရန် တာလေနယ်မြေရဲစခန်းတွင် အဆိုပါ တပ်နယ်မှ ဗိုလ်ကြီးတစ်ဦးက တရားလိုပြုလုပ်၍ တိုင်တန်းထားကြောင်း ရဲတပ်ဖွဲ့ထံက သိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ တာလေနယ်မြေရဲစခန်းမှ စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~