ႏြားမ်ားတင္ေဆာင္လာသည့္ (၁၂)ဘီးယာဥ္အား အမည္မသိ လက္နက္ကိုင္အဖြဲ႔က ေသနတ္ျဖင့္ ပစ္ခတ္၍ အမ်ဳိးသား(၄)ဦး ဒဏ္ရာရ

ႏြားမ်ားတင္ေဆာင္လာသည့္ (၁၂)ဘီးယာဥ္အား အမည္မသိ လက္နက္ကိုင္အဖြဲ႔က ေသနတ္ျဖင့္ ပစ္ခတ္၍ အမ်ဳိးသား(၄)ဦး ဒဏ္ရာရ
ဖေဖော်ဝါရီ 24, 2018
By Tachileik News Agency

ေက်ာက္မဲၿမိဳ႕နယ္ အတြင္းသို႔ျဖတ္၍ ႏြားမ်ားတင္ေဆာင္လာသည့္ (၁၂)ဘီးယာဥ္အား အမည္မသိ လက္နက္ကိုင္ အဖြဲ႔တစ္ဖြဲ႔မွ ေဖေဖာ္၀ါရီလ(၂၄)ရက္ေန႔ နံနက္အေစာပိုင္းက ေသနတ္ျဖင့္ ပစ္ခတ္ရာမွ ယာဥ္ေပၚက အမ်ဳိးသား(၄)ဦး ဒဏ္ရာမ်ား ရရွိသည့္အတြက္ ေဆးရံုတြင္ ေဆး၀ါးကုသမႈ ခံယူေနရၿပီး (၄)ဦးအနက္ (၁)ဦးမွာ စိုးရိမ္ရေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ေက်ာက္မဲၿမိဳ႕နယ္၊ ေနာင္ပိန္ေက်းရြာအုပ္စု၊ ေနာင္ပစ္ေက်းရြာအနီး ၂၀၁၈ခုႏွစ္ ေဖေဖာ္၀ါရီလ (၂၄)ရက္ေန႔ နံနက္(၂)နာရီေက်ာ္က  ႏြားမ်ားတင္ေဆာင္လာေသာ (၁၂)ဘီးယာဥ္အား အမည္မသိ လက္နက္ကိုင္ အဖြဲ႔တစ္ဖြဲ႔မွ ေသနတ္မ်ားျဖင့္ ပစ္ခတ္ခဲ့ၾကျခင္း ျဖစ္ေၾကာင္း သိရသည္။

"ဒီမနက္ (၂)နာရီခြဲေလာက္မွာ ေရာက္တာ၊ ဒဏ္ရာေတြကေတာ့ မစိုးရိမ္ရဘူး၊ သူတို႔က ေမၿမိဳ႕(ျပင္ဦးလြင္) ကို သြားကုခ်င္တာ၊ လႊဲဖို႔ေတာ့လုပ္ေနတယ္၊ တစ္ေယာက္က ေက်ာကုန္းမွာ ရွပ္ထိတယ္၊ ေျခေထာက္ေတြမွာ ဒဏ္ရာေလးေတြ ရတာက ႏွစ္ေယာက္ေပါ့၊ ေသနတ္ဒဏ္ရာေပါ့၊ ေက်ာက္မဲကို စုစုေပါင္း ၃ ေယာက္ပဲ ေရာက္လာတယ္"ဟု ေက်ာက္မဲ ျပည္သူ႔ေဆးရံုႀကီးမွ ေဆးရံုအုပ္ႀကီး ေဒါက္တာေအာင္ေအာင္က ေျပာသည္။

ယာဥ္ေပၚတြင္ ပါရွိသည့္ အမ်ဳိးသား(၄)ဦးအနက္ မစိုးရိမ္ရသည့္ (၃)ဦးမွာ ေက်ာက္မဲျပည္သူ႔ေဆးရံုတြင္ ေဆး၀ါးကုသမႈ ခံယူေနရၿပီး စိုးရိမ္ရသည့္ ယာဥ္ေမာင္းမွာ ျပင္ဦးလြင္ျပည္သူ႔ေဆးရံုတြင္ ေဆး၀ါးကုသမႈ ခံယူေနရျခင္း ျဖစ္ေၾကာင္း သိရသည္။

“ယာဥ္ေမာင္းျဖစ္သူလို႔ ဆိုတဲ့ ကိုတင္ထူး အသက္ ၂၅ ႏွစ္က ေလာေလာဆယ္ေတာ့ စိုးရိမ္ရတဲ့ အေနအထားနဲ႔ ဦးေႏွာက္နဲ႔အာရံုေၾကာကုသမႈဌာနမွာ အတြင္းလူနာအျဖစ္နဲ႔ ေဆးကုသမႈ ခံယူေနရပါတယ္၊ ဒဏ္ရာေတြက ဦးေခါင္းနဲ႔ ခါးမွာ ရရွိထားတာျဖစ္ပါတယ္” ဟု ျပင္ဦးလြင္ျပည္သူ႔ေဆးရံုႀကီးမွ တာဝန္က် သူနာျပဳအမ်ိဳးသမီး တစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ယာဥ္ေပၚရွိ ႏြားမ်ားမွာ ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာန၏ ႏြားမ်ားျဖစ္ၿပီး ေနျပည္ေတာ္မွ တဆင့္ မူဆယ္ၿမိဳ႕သို႔ ပို႔ေဆာင္ရန္ ေမာင္းႏွင္းလာျခင္း ျဖစ္ေၾကာင္း ႏွင့္ ႏြားမ်ားတင္ေဆာင္လာသည့္ ၁၂ ဘီးယာဥ္မ်ားမွာ ၅ စီးျဖစ္ၿပီး ႏြားအေကာင္ေရ ၉၀ ခန္႔တင္ေဆာင္လာျခင္း ျဖစ္ကာ ေက်ာက္မဲဘက္သို႔ေမာင္းႏွင္လာစဥ္ ယခုလို ပစ္ခတ္ခံရျခင္း ျဖစ္ေၾကာင္း သိရွိရသည္။

သတင္း - ေနၿဖဳိးျမင့္

 


~~~~~~~~⊰❂ unicode ~~~~~~~~

ကျောက်မဲမြို့နယ် အတွင်းသို့ဖြတ်၍ နွားများတင်ဆောင်လာသည့် (၁၂)ဘီးယာဉ်အား အမည်မသိ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့မှ ဖေဖော်ဝါရီလ(၂၄)ရက်နေ့ နံနက်အစောပိုင်းက သေနတ်ဖြင့် ပစ်ခတ်ရာမှ ယာဉ်ပေါ်က အမျိုးသား(၄)ဦး ဒဏ်ရာများ ရရှိသည့်အတွက် ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေရပြီး (၄)ဦးအနက် (၁)ဦးမှာ စိုးရိမ်ရကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာအုပ်စု၊ နောင်ပစ်ကျေးရွာအနီး ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ (၂၄)ရက်နေ့ နံနက်(၂)နာရီကျော်က နွားများတင်ဆောင်လာသော (၁၂)ဘီးယာဉ်အား အမည်မသိ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့မှ သေနတ်များဖြင့် ပစ်ခတ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

"ဒီမနက် (၂)နာရီခွဲလောက်မှာ ရောက်တာ၊ ဒဏ်ရာတွေကတော့ မစိုးရိမ်ရဘူး၊ သူတို့က မမြေို့(ပြင်ဦးလွင်) ကို သွားကုချင်တာ၊ လွှဲဖို့တော့လုပ်နေတယ်၊ တစ်ယောက်က ကျောကုန်းမှာ ရှပ်ထိတယ်၊ ခြေထောက်တွေမှာ ဒဏ်ရာလေးတွေ ရတာက နှစ်ယောက်ပေါ့၊ သေနတ်ဒဏ်ရာပေါ့၊ ကျောက်မဲကို စုစုပေါင်း ၃ ယောက်ပဲ ရောက်လာတယ်"ဟု ကျောက်မဲ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်အောင်က ပြောသည်။

ယာဉ်ပေါ်တွင် ပါရှိသည့် အမျိုးသား(၄)ဦးအနက် မစိုးရိမ်ရသည့် (၃)ဦးမှာ ကျောက်မဲပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေရပြီး စိုးရိမ်ရသည့် ယာဉ်မောင်းမှာ ပြင်ဦးလွင်ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေရခြင်း ဖြစ်ကြောင်း သိရသည်။

“ယာဉ်မောင်းဖြစ်သူလို့ ဆိုတဲ့ ကိုတင်ထူး အသက် ၂၅ နှစ်က လောလောဆယ်တော့ စိုးရိမ်ရတဲ့ အနေအထားနဲ့ ဦးနှောက်နဲ့အာရုံကြောကုသမှုဌာနမှာ အတွင်းလူနာအဖြစ်နဲ့ ဆေးကုသမှု ခံယူနေရပါတယ်၊ ဒဏ်ရာတွေက ဦးခေါင်းနဲ့ ခါးမှာ ရရှိထားတာဖြစ်ပါတယ်” ဟု ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးမှ တာဝန်ကျ သူနာပြုအမျိုးသမီး တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယာဉ်ပေါ်ရှိ နွားများမှာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ နွားများဖြစ်ပြီး နပြေည်တော်မှ တဆင့် မူဆယ်မြို့သို့ ပို့ဆောင်ရန် မောင်းနှင်းလာခြင်း ဖြစ်ကြောင်း နှင့် နွားများတင်ဆောင်လာသည့် ၁၂ ဘီးယာဉ်များမှာ ၅ စီးဖြစ်ပြီး နွားအကောင်ရေ ၉၀ ခန့်တင်ဆောင်လာခြင်း ဖြစ်ကာ ကျောက်မဲဘက်သို့မောင်းနှင်လာစဉ် ယခုလို ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း သိရှိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~