တာချီလိတ်တွင် အခွန်ဆိုင်ရာဥပဒေနှင့်လုပ်ထုံးလုပ်နည်းများဆိုင်ရာ တစ်ရက်တာသင်တန်းဖွင့်လှစ်မည်

တာချီလိတ်တွင် အခွန်ဆိုင်ရာဥပဒေနှင့်လုပ်ထုံးလုပ်နည်းများဆိုင်ရာ တစ်ရက်တာသင်တန်းဖွင့်လှစ်မည်
ဖေဖော်ဝါရီ 5, 2018
By 🌸

အဆိုပါသင်တန်းတွင် အခွန်အကောက် ဥပဒေ၊ ၀င်ငွေခွန် ဥပဒေ ၊ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ၊ အထူးကုန်စည်ခွန် ဥပဒေ၊ တံဆိပ်ခေါင်းခွန် ၊ ပစ္စည်းခွန်တို့နှင့် နည်းဥပဒေ သဘောတရားများ၊ လုပ်ထုံး လုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများ၊ ဆောင်ရန် ရှောင်ရန်များ၊ ကုမ္ပဏီတစ်ခု စတင်တည်ထောင်ရာတွင် ဆောင်ရွက်ရန် လိုအပ်သည့် အခွန်ဥပဒေဆိုင်ရာ လုပ်ငန်းစဉ်များ(ကုမ္ပဏီ မှတ်ပုံတင်ခြင်း၊ လုပ်ငန်းစတင်ကြောင်း အကြောင်းကြားစာပေးပို့ခြင်း)၊ ကုန်သွယ်လုပ်ငန်းခွန် မကျသင့်စေသည့် ကုန်စည်များ၊ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုထားသည့် ကုန်စည်များ၊ ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေသည့်/မကျသင့်စေသည့် ၀န်ဆောင်မှုလုပ်ငန်းများ၊ အခွန် စည်းကြပ်ထိုက်သော ရောင်းရငွေ (သို့) ၀န်ဆောင်မှုရငွေ၊ လစာခေါင်းစဉ်မှ ၀င်ငွေခွန် တွက်ချက်ခြင်းနှင့် ကင်းလွတ်ခွင့်၊ သက်သာခွင့်များ၊ ၀င်ငွေ ရလမ်းများနှင့် ၀င်ငွေ ရလမ်း တစ်မျိုးစီအတွက် ထမ်းဆောင်ရမည့် အခွန်နှုန်းထားများ၊ Withholding Tax အကြောင်း၊ လစဉ်အခွန် ပေးဆောင်ခြင်းနှင့် သုံးလတစ်ကြိမ် ကြေငြာလွှာပေးပို့ခြင်း၊ နှစ်ချုပ်ကြေငြာလွှာ ပေးပို့ခြင်း၊ အယူခံခြင်း၊ ပျက်ကွက်မှုနှင့် ပြစ်ဒဏ်များ၊ အထူးကုန်စည်ခွန်ကျသင့်သည့် အထူး ကုန်စည်များနှင့် အခွန် နှုန်းထားများ၊ ဝန်ဆောင်မှုပေးမည့်  စာရွက်စာတမ်းများအကြောင်းကို အစိုးရဌာနတွင် လုပ်သက် (၂၄) နှစ်ရ ဦးစီးအရာရှိ(ငွေ) (ငြိမ်း) ဒေါ်ခင်သီတာဇော်က သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် အခွန်ဆိိုင်ရာဥပဒေနှင့်လုပ်ထုံးလုပ်နည်းများဆိုင်ရာ တစ်ရက်တာသင်တန်းဖွင့်လှစ်မည်
************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမတွင် ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလ (၁၇) ရက်နေ့၌ ကျင်းပမည့် အခွန်ဆိုင်ရာဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ တစ်ရက်တာသင်တန်းသို့ သင်တန်းကြေး ကျပ် (၇၀၀၀၀) ပေးသွင်းတက်ရောက်နိုင်ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် အခွန်အကောက် ဥပဒေ၊ ၀င်ငွေခွန် ဥပဒေ ၊ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ၊ အထူးကုန်စည်ခွန် ဥပဒေ၊ တံဆိပ်ခေါင်းခွန် ၊ ပစ္စည်းခွန်တို့နှင့် နည်းဥပဒေ သဘောတရားများ၊ လုပ်ထုံး လုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများ၊ ဆောင်ရန် ရှောင်ရန်များ၊ ကုမ္ပဏီတစ်ခု စတင်တည်ထောင်ရာတွင် ဆောင်ရွက်ရန် လိုအပ်သည့် အခွန်ဥပဒေဆိုင်ရာ လုပ်ငန်းစဉ်များ(ကုမ္ပဏီ မှတ်ပုံတင်ခြင်း၊ လုပ်ငန်းစတင်ကြောင်း အကြောင်းကြားစာပေးပို့ခြင်း)၊ ကုန်သွယ်လုပ်ငန်းခွန် မကျသင့်စေသည့် ကုန်စည်များ၊ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုထားသည့် ကုန်စည်များ၊ ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေသည့်/မကျသင့်စေသည့် ၀န်ဆောင်မှုလုပ်ငန်းများ၊ အခွန် စည်းကြပ်ထိုက်သော ရောင်းရငွေ (သိို့) ၀န်ဆောင်မှုရငွေ၊ လစာခေါင်းစဉ်မှ ၀င်ငွေခွန် တွက်ချက်ခြင်းနှင့် ကင်းလွတ်ခွင့်၊ သက်သာခွင့်များ၊ ၀င်ငွေ ရလမ်းများနှင့် ၀င်ငွေ ရလမ်း တစ်မျိုးစီအတွက် ထမ်းဆောင်ရမည့် အခွန်နှုန်းထားများ၊ Withholding Tax အကြောင်း၊ လစဉ်အခွန် ပေးဆောင်ခြင်းနှင့် သုံးလတစ်ကြိမ် ကြေငြာလွှာပေးပို့ခြင်း၊ နှစ်ချုပ်ကြေငြာလွှာ ပေးပို့ခြင်း၊ အယူခံခြင်း၊ ပျက်ကွက်မှုနှင့် ပြစ်ဒဏ်များ၊ အထူးကုန်စည်ခွန်ကျသင့်သည့် အထူး ကုန်စည်များနှင့် အခွန် နှုန်းထားများ၊ ဝန်ဆောင်မှုပေးမည့်  စာရွက်စာတမ်းများအကြောင်းကို အစိုးရဌာနတွင် လုပ်သက် (၂၄) နှစ်ရ ဦးစီးအရာရှိ(ငွေ) (ငြိမ်း) ဒေါ်ခင်သီတာဇော်က သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းအပ်နှံလိုသူများ မရွှေစင်ထွန်း ဖုန်း ၀၉ ၂၅၀၄၇၄၁၄၄ နှင့် မခိုင်ဇင်ဝင့် ၀၉ ၂၅၀၁၃၀၈၄၀ တို့သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~