လူငယ္ေရးရာမူဝါဒထပ္ဆင့္ရွင္းလင္းပြဲႏွင့္ ရွမ္းေရွ႕လူငယ္ေရးရာေကာ္မတီဝင္ေရြးပြဲသို႔ ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ လူငယ္မ်ားတက္ေရာက္ႏုိင္

လူငယ္ေရးရာမူဝါဒထပ္ဆင့္ရွင္းလင္းပြဲႏွင့္ ရွမ္းေရွ႕လူငယ္ေရးရာေကာ္မတီဝင္ေရြးပြဲသို႔ ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ လူငယ္မ်ားတက္ေရာက္ႏုိင္
ဖေဖော်ဝါရီ 11, 2018
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕တြင္ ေဖေဖၚဝါရီလ (၁၇)ရက္ေန႔၌က်င္းပမည့္ လူငယ္ေရးရာမူဝါဒ ထပ္ဆင့္ရွင္းလင္းပြဲႏွင့္ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) ကိုယ္စားျပဳ လူငယ္ေရးရာေကာ္မတီဝင္မ်ား ေရြးေကာက္တင္ေျမႇာက္ပြဲသို႔ ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသမွ လူငယ္မ်ား တက္ေရာက္ရန္ ဖိတ္ေခၚထားၿပီး က်ိဳင္းတံုၿမိဳ႕ျပင္ပမွ တက္ေရာက္မည့္သူမ်ား တည္းခိုေနထုိင္ရန္ႏွင့္ လမ္းစရိတ္ကိုလည္း စီစဥ္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

"က်ိဳင္းတုံမွာလုပ္မယ့္ လူငယ္ေရးရာမူဝါဒ ထပ္ဆင့္ရွင္းလင္းပြဲက တစ္ႏိုင္ငံလုံးမွာ ပထမဆုံး က်င္းပတဲ့ပြဲျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီပြဲကို ရွမ္းအေရွ႕မွာရိွတဲ့ လူငယ္တိုင္းက တက္ေရာက္ႏိုင္ပါတယ္။ က်ိဳင္းတုံကမဟုတ္ဘဲနဲ႕ တစ္ျခားၿမိဳ႕ေတြက လာမယ့္လူငယ္ေတြအတြက္လည္း လမ္းစရိတ္နဲ႕ တည္းခိုဖို႕ေတြပါ စီစဥ္ေပးသြားမွာပါ"ဟု ျမန္မာႏုိင္ငံ လူငယ္ေရးရာမူ၀ါဒ ေရးဆြဲေရးလုပ္ငန္းေကာ္မတီ၀င္ေဟာင္း ကိုေအာင္ဘိုဘိုက တာခ်ီလိတ္သတင္းေအဂ်င္စီသို႕ေျပာသည္။

အဆိုပါအခမ္းအနားအား လူမႈ၀န္ထမ္းဦးစီးဌာႏွင့္ ရွမ္းအေရွ႕လူငယ္ကြန္ယက္တို႔က ပူးေပါင္းက်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။

"ၿပီးခဲ့တဲ့လ (၅)ရက္ေန႔က ေနျပည္ေတာ္မွာလုပ္တဲ့ လူငယ္မူဝါဒမိတ္ဆက္ျဖန္႔ခ်ိတဲ့ အခမ္းအနားမွာ ဇန္န၀ါရီလ တတိယပတ္ကေန ဒီလစတုတၳပတ္အထိကို တစ္ႏိုင္ငံလုံးမွာရိွတဲ့ ျပည္နယ္နဲ႕တိုင္းေတြမွာ လူငယ္ေရးရာမူ၀ါဒထပ္ဆင့္ရွင္းလင္းပြဲေတြ ဆက္လုပ္ဖို႕ ဆုံးျဖတ္ခ်က္ခ်ခဲ့ပါတယ္။ ဒါေၾကာင့္ ရွမ္းျပည္နယ္ အေနနဲ႕က ရွမ္း(၃)ရွမ္းရိွတဲ့အတြက္ ရွမ္းအေရွ႕မွာလည္း တစ္ပြဲက်င္းပခြင့္ရတာျဖစ္ပါတယ္။ ဒါ့အျပင္ ျပည္နယ္အဆင့္ လူငယ္ေရးရာ ေကာ္မတီကိုလည္း အဲဒီေန႕မွာ တစ္ခါတည္း က်င္းပသြားမွာျဖစ္ပါတယ္"ဟု ျမန္မာႏုိင္ငံ လူငယ္ေရးရာမူ၀ါဒ ေရးဆြဲေရးလုပ္ငန္းေကာ္မတီ၀င္ေဟာင္း ကိုေအာင္ဘိုဘိုက ေျပာသည္။

 အခမ္းအနားကို မနက္(၉)နာရီမွ ညေန(၅)နာရီအထိ တုိင္းလိခန္းမ၌ က်င္းပမည္ျဖစ္ၿပီး လူငယ္မူ၀ါဒစာအုပ္မ်ား ေဝငွေပးမည္ျဖစ္ၿပီး ရွမ္းအေရွ႕ကိုယ္စားျပဳေကာ္မတီဝင္မ်ားကိုလည္း ေရြးခ်ယ္ၾကရမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားကို လူဦးေရ (၁၅၀) တက္ေရာက္ရန္လ်ာထားၿပီး တက္ေရာက္လုိသူမ်ားအေနျဖင့္ ကိုေအာင္ဘိုဘို - ၀၉၄၅၈၀၃၅၀၉၃၊ မမီသိန္း - ၀၉၂၆၃၈၃၉၁၆၅၊ မေမဇာျခည္လင္း - ၀၉၅၂၄၁၈၀၇ႏွင့္ ကိုေကာင္းျမတ္စံ - ၀၉၄၅၈၀၃၄၂၁၈ တုိ႔သို႔ ဆက္သြယ္စာရင္းေပးသြင္းနုိင္ေၾကာင္း သိရသည္။

လူငယ္ေရးရာမူ၀ါဒကို ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၏ ဦးေဆာင္လမ္းညႊန္မႈျဖင့္ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနက လူငယ္မ်ားႏွင့္အတူ ၂၀၁၇ ခုႏွစ္ ႏိုဝင္ဘာလမွ စတင္ေရးဆြဲေနျခင္းျဖစ္ကာ ၂၀၁၈ ခုႏွစ္ ဇန္န၀ါရီလ (၅) ရက္ေန႕တြင္ လူငယ္ေရးရာမူ၀ါဒ မိတ္ဆက္ရွင္းလင္းပြဲကို က်င္းပခဲ့ျခင္းျဖစ္သည္။

သတင္း၊ဓါတ္ပံု #ဇြဲျမတ္

~~~~~~~~⊰❂ unicode ~~~~~~~~
လူငယ်ရေးရာမူဝါဒထပ်ဆင့်ရှင်းလင်းပွဲနှင့် ရှမ်းရှေ့လူငယ်ရေးရာကော်မတီဝင်ရွေးပွဲသို့ ရှမ်းပြည်နယ်အရှေ့ပိုင်းမှ လူငယ်များတက်ရောက်နိုင်
************
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ဖေဖေါ်ဝါရီလ (၁၇)ရက်နေ့၌ကျင်းပမည့် လူငယ်ရေးရာမူဝါဒ ထပ်ဆင့်ရှင်းလင်းပွဲနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကိုယ်စားပြု လူငယ်ရေးရာကော်မတီဝင်များ ရွေးကောက်တင်မြှောက်ပွဲသို့ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသမှ လူငယ်များ တက်ရောက်ရန် ဖိတ်ခေါ်ထားပြီး ကျိုင်းတုံမြို့ပြင်ပမှ တက်ရောက်မည့်သူများ တည်းခိုနေထိုင်ရန်နှင့် လမ်းစရိတ်ကိုလည်း စီစဉ်ပေးမည်ဖြစ်ကြောင်း သိရသည်။

"ကျိုင်းတုံမှာလုပ်မယ့် လူငယ်ရေးရာမူဝါဒ ထပ်ဆင့်ရှင်းလင်းပွဲက တစ်နိုင်ငံလုံးမှာ ပထမဆုံး ကျင်းပတဲ့ပွဲဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲကို ရှမ်းအရှေ့မှာရှိတဲ့ လူငယ်တိုင်းက တက်ရောက်နိုင်ပါတယ်။ ကျိုင်းတုံကမဟုတ်ဘဲနဲ့ တစ်ခြားမြို့တွေက လာမယ့်လူငယ်တွေအတွက်လည်း လမ်းစရိတ်နဲ့ တည်းခိုဖို့တွေပါ စီစဉ်ပေးသွားမှာပါ"ဟု မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒ ရေးဆွဲရေးလုပ်ငန်းကော်မတီဝင်ဟောင်း ကိုအောင်ဘိုဘိုက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

အဆိုပါအခမ်းအနားအား လူမှုဝန်ထမ်းဦးစီးဌာနှင့် ရှမ်းအရှေ့လူငယ်ကွန်ယက်တို့က ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

"ပြီးခဲ့တဲ့လ (၅)ရက်နေ့က နေပြည်တော်မှာလုပ်တဲ့ လူငယ်မူဝါဒမိတ်ဆက်ဖြန့်ချိတဲ့ အခမ်းအနားမှာ ဇန်နဝါရီလ တတိယပတ်ကနေ ဒီလစတုတ္ထပတ်အထိကို တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်နယ်နဲ့တိုင်းတွေမှာ လူငယ်ရေးရာမူဝါဒထပ်ဆင့်ရှင်းလင်းပွဲတွေ ဆက်လုပ်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဒါကြောင့် ရှမ်းပြည်နယ် အနေနဲ့က ရှမ်း(၃)ရှမ်းရှိတဲ့အတွက် ရှမ်းအရှေ့မှာလည်း တစ်ပွဲကျင်းပခွင့်ရတာဖြစ်ပါတယ်။ ဒါ့အပြင် ပြည်နယ်အဆင့် လူငယ်ရေးရာ ကော်မတီကိုလည်း အဲဒီနေ့မှာ တစ်ခါတည်း ကျင်းပသွားမှာဖြစ်ပါတယ်"ဟု မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒ ရေးဆွဲရေးလုပ်ငန်းကော်မတီဝင်ဟောင်း ကိုအောင်ဘိုဘိုက ပြောသည်။
 အခမ်းအနားကို မနက်(၉)နာရီမှ ညနေ(၅)နာရီအထိ တိုင်းလိခန်းမ၌ ကျင်းပမည်ဖြစ်ပြီး လူငယ်မူဝါဒစာအုပ်များ ဝေငှပေးမည်ဖြစ်ပြီး ရှမ်းအရှေ့ကိုယ်စားပြုကော်မတီဝင်များကိုလည်း ရွေးချယ်ကြရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို လူဦးရေ (၁၅၀) တက်ရောက်ရန်လျာထားပြီး တက်ရောက်လိုသူများအနေဖြင့် ကိုအောင်ဘိုဘို - ၀၉၄၅၈၀၃၅၀၉၃၊ မမီသိန်း - ၀၉၂၆၃၈၃၉၁၆၅၊ မမေဇာခြည်လင်း - ၀၉၅၂၄၁၈၀၇နှင့် ကိုကောင်းမြတ်စံ - ၀၉၄၅၈၀၃၄၂၁၈ တို့သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

လူငယ်ရေးရာမူဝါဒကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက လူငယ်များနှင့်အတူ ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှ စတင်ရေးဆွဲနေခြင်းဖြစ်ကာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၅) ရက်နေ့တွင် လူငယ်ရေးရာမူဝါဒ မိတ်ဆက်ရှင်းလင်းပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။

သတင်း၊ဓါတ်ပုံ #ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~