လားရႈိးတြင္ ရိုးမဘဏ္ခြဲ(၁) ဗံုးေပါက္ကြဲမႈေၾကာင့္ လားရႈိးရွိ ရိုးမဘဏ္ခြဲမ်ားအားလံုး ယာယီပိတ္ထားမည္

လားရႈိးတြင္ ရိုးမဘဏ္ခြဲ(၁) ဗံုးေပါက္ကြဲမႈေၾကာင့္ လားရႈိးရွိ ရိုးမဘဏ္ခြဲမ်ားအားလံုး ယာယီပိတ္ထားမည္
ဖေဖော်ဝါရီ 21, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရႈိးၿမိဳ႕ ရိုးမဘဏ္ခြဲ(၁)တြင္ ေဖေဖၚဝါရီလ (၂၁)ရက္ေန႔ ညေနက ျဖစ္ပြားခဲ့ေသာ ဗံုးေပါက္ကြဲမႈေၾကာင့္ ဝန္ထမ္းႏွစ္ဦး ေသဆံုးၿပီး အျခားဝန္ထမ္းမ်ား ဒဏ္ရာ ရသြားခဲ့ၿပီးေနာက္ လားရိႈးၿမိဳ႕မွ ရိုးမဘဏ္ခြဲအားလံုးကို ေဖေဖၚဝါရီလ (၂၂)ရက္ေန႔မွစ၍ ယာယီ ပိတ္ထားမည္ျဖစ္ေၾကာင္း သိရသည္။

လား႐ႈိးၿမိဳ႕ရွိ ဘဏ္ခြဲမ်ား ျပန္လည္ဖြင့္လွစ္မည့္ရက္ကို ျပန္လည္အသိေပးအေၾကာင္းၾကားမည္ျဖစ္ၿပီး အျခားၿမိဳ႕မ်ားရွိ ႐ိုးမဘဏ္ခြဲမ်ားကို ပံုမွန္အတုိင္း ဆက္လက္ဖြင့္လွစ္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ရိုးမဘဏ္လီမိတက္က ေၾကညာထားျခင္းျဖစ္သည္။

အဆိုပါ ဗံုးေပါက္ကြဲမႈေၾကာင့္ ရိုးမဘဏ္ဝန္ထမ္း အမ်ိဳးသမီးႏွစ္ဦး ေသဆံုးသြားၿပီး (၂၁)ဦးမွာ ထိခုိက္ဒဏ္ရာရသြားေၾကာင္း ရွမ္းျပည္နယ္ ဒုတိယျပည္နယ္ရဲမွဴးႀကီး ဝင္းခုိင္က အတည္ျပဳထားသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ရိုးမဘဏ်ခွဲ(၁)တွင် ဖေဖော်ဝါရီလ (၂၁)ရက်နေ့ ညနေက ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုကြောင့် ဝန်ထမ်းနှစ်ဦး သေဆုံးပြီး အခြားဝန်ထမ်းများ ဒဏ်ရာ ရသွားခဲ့ပြီးနောက် လားရှိုးမြို့မှ ရိုးမဘဏ်ခွဲအားလုံးကို ဖေဖော်ဝါရီလ (၂၂)ရက်နေ့မှစ၍ ယာယီ ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့ရှိ ဘဏ်ခွဲများ ပြန်လည်ဖွင့်လှစ်မည့်ရက်ကို ပြန်လည်အသိပေးအကြောင်းကြားမည်ဖြစ်ပြီး အခြားမြို့များရှိ ရိုးမဘဏ်ခွဲများကို ပုံမှန်အတိုင်း ဆက်လက်ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရိုးမဘဏ်လီမိတက်က ကြေညာထားခြင်းဖြစ်သည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ရိုးမဘဏ်ဝန်ထမ်း အမျိုးသမီးနှစ်ဦး သေဆုံးသွားပြီး (၂၁)ဦးမှာ ထိခိုက်ဒဏ်ရာရသွားကြောင်း ရှမ်းပြည်နယ် ဒုတိယပြည်နယ်ရဲမှူးကြီး ဝင်းခိုင်က အတည်ပြုထားသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~