မိုင္းေယာင္းၿမိဳ႕နယ္ ေဟာင္ၾကန္႔ေက်းရြာ ဖြံ႔ၿဖိဳးေရးစီမံကိန္းရံပံုေငြ လႊဲေျပာင္း

မိုင္းေယာင္းၿမိဳ႕နယ္ ေဟာင္ၾကန္႔ေက်းရြာ ဖြံ႔ၿဖိဳးေရးစီမံကိန္းရံပံုေငြ လႊဲေျပာင္း
ဖေဖော်ဝါရီ 10, 2018
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) မိုင္းေယာင္းၿမိဳ႕နယ္ ေဟာင္ၾကန္႔ေက်းရြာအုပ္စု ဝမ္ေဟာင္ၾကန္႔ေက်းရြာအတြက္ ၂၀၁၇ -၂၀၁၈ ဘ႑ာေရးႏွစ္ ေက်းရြာဖြံ႔ၿဖိဳးေရးစီမံကိန္း (VDP) ရံပံုေငြ က်ပ္သိန္း (၁၀၀)ကို ေဖေဖာ္ဝါရီလ (၁၀)ရက္ေန႔က ေက်းလက္ေဒသဖြံ႔ၿဖိဳးတိုးတက္ေရးဦးစီးဌာနက ေက်းရြာဖြံ႔ၿဖိဳးေရးစီမံကိန္းဥကၠ႒ ဦးအုိက္ဒုန္းႏွင့္ သက္ဆိုင္ရာတာ၀န္ခံမ်ားထံသို႔ လႊဲေျပာင္းေပးအပ္ေၾကာင္း သိရသည္။ 

အဆိုပါရံပံုေငြျဖင့္ ေက်းရြာတြင္းလမ္း အရွည္ေပ (၇၀၀)ကို ကြန္ကရစ္ခင္းျခင္းလုပ္ငန္းေဆာင္ရြက္မည္ျဖစ္ရာ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးႏွင့္ တာ၀န္ရွိသူမ်ားက လမ္းခင္းမည့္ေနရာအား စစ္ေဆးခဲ့ေၾကာင္း သိရသည္။

ရံပံုေငြေပးအပ္ပြဲသို႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းႏိုင္ေအာင္၊ ေက်းလက္ေဒသဖြံ႔ၿဖိဳးတိုးတက္ေရးဦးစီးဌာန ၿမိဳ႕နယ္ဦးစီးမွဴး ဦးစိုင္းေလာင္မိႈင္းတို႔တက္ေရာက္ၿပီး ေက်းရြာဖြံ႔ၿဖိဳးေရးစီမံကိန္းအေၾကာင္း ရွင္းလင္းေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #အားခ်ာ(မိုင္းေယာင္း)
~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းယောင်းမြို့နယ် ဟောင်ကြန့်ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရံပုံငွေလွှဲပြောင်း
****************
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ် ဟောင်ကြန့်ကျေးရွာအုပ်စု ဝမ်ဟောင်ကြန့်ကျေးရွာအတွက် ၂၀၁၇ -၂၀၁၈ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရံပုံငွေ ကျပ်သိန်း (၁၀၀)ကို ဖေဖော်ဝါရီလ (၁၀)ရက်နေ့က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဥက္ကဋ္ဌ ဦးအိုက်ဒုန်းနှင့် သက်ဆိုင်ရာတာဝန်ခံများထံသို့ လွှဲပြောင်းပေးအပ်ကြောင်း သိရသည်။

အဆိုပါရံပုံငွေဖြင့် ကျေးရွာတွင်းလမ်း အရှည်ပေ (၇၀၀)ကို ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်မည်ဖြစ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လမ်းခင်းမည့်နေရာအား စစ်ဆေးခဲ့ကြောင်း သိရသည်။

ရံပုံငွေပေးအပ်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းလောင်မှိုင်းတို့တက်ရောက်ပြီး ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းအကြောင်း ရှင်းလင်းကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #အားချာ(မိုင်းယောင်း)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~