တာခ်ီလိတ္၌ က်င္းပသည့္ ျပည္ေထာင္စုေန႔ အခမ္းအနားတြင္ တာခ်ီလိတ္ၿမိဳ႕ဂုဏ္ရည္ဆု ဦးျမင့္ဦး(မုတ္ဆိတ္)ကို ခ်ီးျမႇင့္

တာခ်ီလိတ္၌ က်င္းပသည့္ ျပည္ေထာင္စုေန႔ အခမ္းအနားတြင္ တာခ်ီလိတ္ၿမိဳ႕ဂုဏ္ရည္ဆု ဦးျမင့္ဦး(မုတ္ဆိတ္)ကို ခ်ီးျမႇင့္
ဖေဖော်ဝါရီ 12, 2018
By Tachileik News Agency
တာခ်ီလိတ္ၿမိဳ႕ ေအာင္ျမတ္ခန္းမတြင္ က်င္းပျပဳလုပ္သည့္ (၇၁)ႏွစ္ျပည့္ ျပည္ေထာင္စုေန႔ အခမ္းအနား၌ တာခ်ီလိတ္ၿမိဳ႕မိၿမိဳ႕ဖတစ္ဦးျဖစ္သူ ဦးျမင့္ဦး(မုတ္ဆိတ္)အား တာခ်ီလိတ္ၿမိဳ႕ဂုဏ္ရည္ဆု  ေပးအပ္ခ်ီးျမႇင့္ လိုက္ေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားအား တာခ်ီလိတ္ၿမိဳ႕ ေအာင္ျမတ္ခန္းမတြင္ ၂၀၁၈ခုႏွစ္ ေဖေဖာ္၀ါရီလ(၁၂)ရက္ေန႔ နံနက္(၉)နာရီ အခ်ိန္က က်င္းပျပဳလုပ္ကာ အဆိုပါ ဆုႏွင့္အတူ ျပည္ေထာင္စုေန႔ အထိမ္းအမွတ္အျဖစ္ က်င္းပျပဳလုပ္ခဲ့သည့္ စစ္တုရင္ၿပိဳင္ပြဲမွ ဆုရရွိသူမ်ားကို ပါ ဆုမ်ားအသီးသီးေပးအပ္ခ်ီးျမႇင့္ျခင္း ျဖစ္သည္။

အခမ္းအနားတြင္ တာခ်ီလိတ္ခရိုင္စီမံခန္႕ခြဲမႈေကာ္မတီ ဥကၠဌ၊ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊက ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္၊ ႏိုင္ငံေတာ္သမၼတဦးထင္ေက်ာ္ထံမွ ေပးပို႔လာေသာ သ၀ဏ္လႊာအား ဖိတ္ၾကားၿပီးေနာက္ တာခ်ီလိတ္ၿမိဳ႕မိၿမိဳ႕ဖတစ္ဦးျဖစ္သူ ဦးျမင့္ဦး(မုတ္ဆိတ္)အား တာခ်ီလိတ္ၿမိဳ႕ဂုဏ္ရည္ဆုအား ေပးအပ္ခ်ီးျမႇင့္လိုက္သည္။

ဆက္လက္၍ အဆိုပါ ဆုအား ေပးအပ္ျခင္းႏွင့္ ပတ္သက္၍ ဦးျမင့္ဦး(မုတ္ဆိတ္)သည္ တာခ်ီလိတ္တြင္ သဘာ၀ေဘးအႏၱရာယ္မ်ား ႀကံဳေတြ႕လာပါက ဦးေဆာင္ဦးရြက္ ေဆာင္ရြက္ခဲ့သူ တစ္ဦးျဖစ္ေၾကာင္း၊ လူမႈေရးက႑မ်ားတြင္ အခက္အခဲရွိလာသူမ်ားကို မၿငီးမျငဴကူညီေပးတတ္သူျဖစ္ေၾကာင္း၊ ေဒသတြင္း လိုအပ္ခ်က္မ်ားတြင္ အေရးႀကံဳလာပါက ကူညီတတ္သူျဖစ္ေၾကာင္း ႏွင့္ ၎ထံ ေန႔စဥ္ အကူအညီ ေတာင္းခံလာသူမ်ားကိုလည္း ကူညီေပးတတ္ေလ့ရွိသည့္အတြက္ ယခုလို ဆုအား ခ်ီးျမႇင့္ေပးအပ္ရျခင္း ျဖစ္ေၾကာင္း ၿမိဳ႕ဂုဏ္ရည္ဆုေရြးခ်ယ္ခ်ီးျမႇင့္ေရးေကာ္မတီမွ ဦးတင့္ေဆြက ရွင္းလင္းေျပာၾကားသည္။

ယင္းေနာက္ (၇၁)ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔ အထိမ္းအမွတ္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး(ဖလား)စစ္တုရင္ၿပိဳင္ပြဲမွ ဆုရရွိသူမ်ားျဖစ္သည့္ ကိုၿဖဳိးမင္းဦး၊ ကိုမင္းမင္း၊ ဦးညီညီထူး ႏွင့္ ကိုေအာင္ၾကည္တို႔ ေလးဦးအား စစ္ဗ်ဴဟာအဖဲြ႕(အေျခခ်) တာခ်ီလိတ္မွ စစ္ဗ်ဴဟာမွဴး ဗုိလ္မွဴးႀကီး ေအးမင္းဦး၊ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္၊ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္တို႔က ဂုဏ္ျပဳဆုမ်ား အသီးသီးေပးအပ္ခ်ီးျမႇင့္ခဲ့ၾကသည္။

အဆိုပါ အခမ္းအနားသို႔ တက္ေရာက္လာသည့္  ျပည္နယ္လႊတ္ေတာ္ကုိယ္စားလွယ္ ဦးခင္ေမာင္တင့္၊ စစ္ဗ်ဴဟာအဖဲြ႕(အေျခခ်) တာခ်ီလိတ္မွ စစ္ဗ်ဴဟာမွဴး ဗုိလ္မွဴးႀကီး ေအးမင္းဦး၊ ခရုိင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ၊ ၿမဳိ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္ ႏွင့္ ခရိုင္/ၿမိဳ႕ဌာနဆုိင္ရာမ်ား၊ တုိင္းရင္းသား ယဥ္ေက်းမႈအဖဲြ႕မ်ား၊ ႏုိင္ငံေရးပါတီမ်ား၊ လူမႈေရးအသင္း အဖဲြ႕မ်ားအား ျပန္ၾကားေရးႏွင့္ ျပည္သူ႔ ဆက္ဆံေရး ဦးစီးဌာနက စီစဥ္ထုတ္ေ၀သည့္ သတင္းစကား လက္ကမ္း စာေစာင္မ်ားအား ခရိုင္ျပန္/ဆက္ ဦးစီးအရာရွိ ဦးလွေဌးႏွင့္၀န္ထမ္းမ်ားက  ျဖန္႔ေ၀ေပးခဲ့ေၾကာင္း သိရသည္။

တာခ်ီလိတ္တြင္ တာခ်ီလိတ္ၿမိဳ႕ဂုဏ္ရည္ဆုအား ေပးအပ္ခ်ီးျမႇင့္သည္မွာ ၂၀၁၆ခုႏွစ္က စတင္ခဲ့ျခင္းျဖစ္ၿပီး ပထမဆံုးအႀကိမ္ျဖစ္သည့္ ၂၀၁၆ခုႏွစ္ ေဖေဖာ္၀ါရီလ(၁၂)ရက္ေန႔က တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊကို ခ်ီးျမႇင့္ခဲ့ၿပီး ၂၀၁၈ခုႏွစ္တြင္ ဦးျမင့္ဦး(မုတ္ဆိတ္)ကို ခ်ီးျမႇင့္ခဲ့ျခင္း ျဖစ္သည္။

ဓါတ္ပံု - #ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် ကျင်းပပြုလုပ်သည့် (၇၁)နှစ်ပြည့် ပြည်ထောင်စုနေ့ အခမ်းအနား၌ တာချီလိတ်မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးမြင့်ဦး(မုတ်ဆိတ်)အား တာချီလိတ်မြို့ဂုဏ်ရည်ဆု  ပေးအပ်ချီးမြှင့် လိုက်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားအား တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့ နံနက်(၉)နာရီ အချိန်က ကျင်းပပြုလုပ်ကာ အဆိုပါ ဆုနှင့်အတူ ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့သည့် စစ်တုရင်ပြိုင်ပွဲမှ ဆုရရှိသူများကို ပါ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခြင်း ဖြစ်သည်။

အခမ်းအနားတွင် တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတဦးထင်ကျော်ထံမှ ပေးပို့လာသော သဝဏ်လွှာအား ဖိတ်ကြားပြီးနောက် တာချီလိတ်မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးမြင့်ဦး(မုတ်ဆိတ်)အား တာချီလိတ်မြို့ဂုဏ်ရည်ဆုအား ပေးအပ်ချီးမြှင့်လိုက်သည်။

ဆက်လက်၍ အဆိုပါ ဆုအား ပေးအပ်ခြင်းနှင့် ပတ်သက်၍ ဦးမြင့်ဦး(မုတ်ဆိတ်)သည် တာချီလိတ်တွင် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက ဦးဆောင်ဦးရွက် ဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်ကြောင်း၊ လူမှုရေးကဏ္ဍများတွင် အခက်အခဲရှိလာသူများကို မငြီးမငြူကူညီပေးတတ်သူဖြစ်ကြောင်း၊ ဒေသတွင်း လိုအပ်ချက်များတွင် အရေးကြံုလာပါက ကူညီတတ်သူဖြစ်ကြောင်း နှင့် ၎င်းထံ နေ့စဉ် အကူအညီ တောင်းခံလာသူများကိုလည်း ကူညီပေးတတ်လေ့ရှိသည့်အတွက် ယခုလို ဆုအား ချီးမြှင့်ပေးအပ်ရခြင်း ဖြစ်ကြောင်း မြို့ဂုဏ်ရည်ဆုရွေးချယ်ချီးမြှင့်ရေးကော်မတီမှ ဦးတင့်ဆွေက ရှင်းလင်းပြောကြားသည်။

ယင်းနောက် (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်အုပ်ချုပ်ရေးမှူး(ဖလား)စစ်တုရင်ပြိုင်ပွဲမှ ဆုရရှိသူများဖြစ်သည့် ကိုဖြိုးမင်းဦး၊ ကိုမင်းမင်း၊ ဦးညီညီထူး နှင့် ကိုအောင်ကြည်တို့ လေးဦးအား စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်တို့က ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသည့်  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် ခရိုင်/မြို့ဌာနဆိုင်ရာများ၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်း အဖွဲ့များအား ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနက စီစဉ်ထုတ်ဝေသည့် သတင်းစကား လက်ကမ်း စာစောင်များအား ခရိုင်ပြန်/ဆက် ဦးစီးအရာရှိ ဦးလှဌေးနှင့်ဝန်ထမ်းများက  ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တာချီလိတ်တွင် တာချီလိတ်မြို့ဂုဏ်ရည်ဆုအား ပေးအပ်ချီးမြှင့်သည်မှာ ၂၀၁၆ခုနှစ်က စတင်ခဲ့ခြင်းဖြစ်ပြီး ပထမဆုံးအကြိမ်ဖြစ်သည့် ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့က တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေကို ချီးမြှင့်ခဲ့ပြီး ၂၀၁၈ခုနှစ်တွင် ဦးမြင့်ဦး(မုတ်ဆိတ်)ကို ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။
ဓာတ်ပုံ - #ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~