အသစ္ျပန္လည္ဖြဲ႕စည္းလုိက္သည့္ ျမန္မာႏုိင္ငံဆရာဝန္မ်ားအသင္း(တာခ်ီလိတ္)မွ ဆရာဝန္မ်ားက ေက်းရြာမ်ားတြင္ အခမဲ့ ေဆးကုသမႈအစီအစဥ္ လုပ္ေဆာင္မည္

အသစ္ျပန္လည္ဖြဲ႕စည္းလုိက္သည့္ ျမန္မာႏုိင္ငံဆရာဝန္မ်ားအသင္း(တာခ်ီလိတ္)မွ ဆရာဝန္မ်ားက ေက်းရြာမ်ားတြင္ အခမဲ့ ေဆးကုသမႈအစီအစဥ္ လုပ္ေဆာင္မည္
ဖေဖော်ဝါရီ 18, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္အတြင္း ေက်းရြာမ်ားတြင္ ျမန္မာႏို္င္ငံဆရာဝန္မ်ားအသင္း (MMA) အသင္းဝင္ ဆရာဝန္မ်ားအဖြဲ႕ျဖင့္ အခမဲ့ေဆးကုသမႈအစီအစဥ္ကို မတ္လ (၂)ရက္ေန႔တြင္ လုပ္ေဆာင္ သြားမည္ျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ျမန္မာႏုိင္ငံဆရာဝန္မ်ားအသင္း(တာခ်ီလိတ္)၏ အသင္းေကာ္မတီမ်ားႏွင့္ ေကာ္မတီဝင္မ်ားကို ၂၀၁၈ ခုႏွစ္ ေဖေဖၚဝါရီလ (၁၆) ရက္ေန႔တြင္ အသစ္ေရြးခ်ယ္ထပ္မံဖြဲ႕စည္းလုိက္ျခင္းျဖစ္သည္။

“တာခ်ီလိတ္မွာ MMA က ရိွၿပီးသားပါ။ ဒါေပမဲ့ တာဝန္ယူထားသူေတြ မရိွေသးတာေၾကာင့္ အဖြဲ႕ေတြ ျပန္ေရြးခ်ယ္တာပါ။ လစဥ္ ေဆးပညာေဟာေျပာပြဲေတြ လုပ္ႏုိင္ဖို႔ရယ္၊ ေနာက္တစ္ျခားက သမားေတာ္ႀကီးေတြ လာေရာက္ ေဟာေျပာမယ္ဆိုရင္ ဒီအဖြဲ႕ထဲမွာ ခ်ိတ္ဆက္မိထားေတာ့ ဖိတ္ရတာလည္း လြယ္သြားတာေပါ့။ အရင္ကဆို အဲဒီလို မခ်ိတ္ဆက္မိထားေတာ့ သမားေတာ္ႀကီးေတြ လာတယ္ ေဟာေျပာတယ္။ သိပ္မသိလုိက္ၾကဘူးေပါ့။ ေနာက္တစ္ခုက ဒီမွာ ေဆးရံုကေရာ ျပင္ပေဆးရံု၊ ေဆးခန္းနဲ႔ တပ္က ဆရာဝန္ေတြပါ ပါပါတယ္။ အားလံုးပါဝင္ေအာင္ ႀကိဳးစားထားပါတယ္။ ဒီလိုဖြဲ႕ထား ခ်ိတ္ဆက္ထားၿပီး ေဟာေျပာပြဲလိုမ်ိဳး ေဆးပညာဖလွယ္ၾကတာေတြ လုပ္ျခင္းအားျဖင့္ ျပည္သူလူထုကို ကုသမႈအပိုင္းမွာလည္း ထိေရာက္မႈရိွေအာင္လို႔ပါ” ဟု တာခ်ီလိတ္ခ႐ိုင္ ျပည္သူ႔က်န္းမာေရးဦးစီးဌာန၊ ကုတင္(၁၀၀)ဆံ့ျပည္သူ႔ေဆးရံုမွ ေဆးရုံအုပ္ႀကီး   ေဒါက္တာေရႊ၀င္းမွ တာခ်ီလိတ္သတင္းေအဂ်င္စီသို ့ ေျပာသည္။

အသစ္ျပန္လည္ဖြဲ႕စည္းလုိက္သည့္ ျမန္မာႏုိင္ငံဆရာဝန္မ်ားအသင္း(တာခ်ီလိတ္)၏ နာယကအျဖစ္ ေဆးရုံအုပ္ႀကီး (ၿငိမ္း) ေဒါက္တာ ဦးေမာင္ေမာင္ယု၊ ဥကၠဌအျဖစ္ ကုတင္ ၁၀၀ ဆံ့ တာခ်ီလိတ္ခရို္င္ ျပည္သူ႔ေဆးရံု ေဆးရံုအုပ္ႀကီး ေဒါက္တာေရႊဝင္း၊  ဒုဥကၠဌ(၁) အျဖစ္ ေအာင္ေဆးခန္းမွ ေဒါက္တာ ျမင့္ေအာင္၊ ဒုဥကၠဌ(၂)အျဖစ္ ခြဲစိတ္အထူးကု ဆရာဝန္ႀကီး ေဒါက္တာ သိန္းႀကိဳင္၊ အတြင္းေရးမွဴးအျဖစ္ သမားေတာ္ႀကီး ေဒါက္တာ ေနလင္းေအာင္၊ တြဲဖက္ အတြင္းေရးမွဴး(၁)အျဖစ္ ေရႊစင္ၾကယ္ေဆးကုခန္းမွ ေဒါက္တာ ဂ်ီဝမ္း၊ တြဲဖက္အတြင္းေရးမွဴ(၂)အျဖစ္ ေငြစင္ၾကယ္ေဆးကုခန္းမွ ေဒါက္တာ ျပည့္ျမင့္ျမတ္၊ ဘ႑ာေရးမွဴးအျဖစ္ ေစတနာေဆးခန္းမွ ေဒါက္တာ ျမင့္ေသာင္း၊ တြဲဖက္ ဘ႑ာေရးမွဴး(၁) အျဖစ္ ကေလးအထူးကုဆရာဝန္ႀကီး ေဒါက္တာေက်ာ္စြာျမင့္၊ ေဒါက္တာ ထက္လြင္ဦး၊ ေဒါက္တာ မိုးသူဇာေအာင္၊ စာရင္းစစ္အျဖစ္ ေဒါက္တာ စႏၵာ မို႕မို႕(ဓါတ္မွန္)ႏွင့္ စိုေျပ သြားႏွင့္ခံတြင္းေဆးခန္းမွ ေဒါက္တာ ေဇာ္ဝင္းတို႔ကို တာဝန္ေပးထားၿပီး ေဆးပညာျပန္႔ပြားေရးေကာ္မတီတြင္ သမားေတာ္ႀကီးမ်ားျဖစ္ၾကသည့္ ေဒါက္တာေနလင္းေအာင္၊ ေဒါက္တာ သိန္းႀကိဳင္၊ ေဒါက္တာ ဇင္မိုမိုေက်ာ္၊ ေဒါက္တာ ေက်ာ္စြာျမင့္ႏွင့္ ေဒါက္တာ စိုင္းစံလံုတို႔က တာဝန္ယူထားေၾကာင္း သိရသည္။

သတင္းႏွင့္ျပန္ၾကားေရးအတြက္ ေဒါက္တာ ေက်ာ္ႏုိင္ဝင္း၊ ေဒါက္တာမင္းမ်ိဳးၾကည္၊ ေဒါက္တာ စိုင္းသန္႔ဇင္ႏွင့္ ေဆးရုံအုပ္ႀကီးႏွင့္ သမားေတာ္ႀကီးမွညႊန္ၾကားခ်က္အရ ဓါတ္ခြဲခန္းမွဴး ဦးသိန္းေရႊတို႔ တာဝန္ယူထားၿပီး လူမွဴေရး ဆပ္ေကာ္မတီတြင္ ေဒါက္တာ နန္းမုိမိုဟြမ္(STD TERM)၊ ေဒါက္တာ ျပည့္စုံခင္၊ ေဒါက္တာ ဝင္းျမတ္ၿဖိဳး၊ ေဒါက္တာ ရဲေဇာ္ထြန္း၊ ေဒါက္တာ နန္းဖုန္းစံခတ္၊ ေဒါက္တာ သန္းလိႈင္၊ ေဒါက္တာ ဇင္ကိုထြန္း၊ ေဒါက္တာ ေနဇင္ေအာင္၊ ေဒါက္တာ ေဝယံလင္း၊ ေဒါက္တာ ဟန္လင္းစိုးႏွင့္ ေဒါက္တာ အိငုံဖူးတို႔ တာဝန္ယူထားေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ အစိုးရေဆးရံုႏွင့္ ျပင္ပ ပုဂၢလိက ေဆးရံု၊ေဆးခန္းမ်ားမွ သမားေတာ္၊ ဆရာဝန္ စုစုေပါင္း (၃၀)ေက်ာ္ရိွေၾကာင္း သိရသည္။

သတင္း  - ဇာႏွင္း
ဓါတ္ပံု - TS


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း ကျေးရွာများတွင် မြန်မာနို်င်ငံဆရာဝန်များအသင်း (MMA) အသင်းဝင် ဆရာဝန်များအဖွဲ့ဖြင့် အခမဲ့ဆေးကုသမှုအစီအစဉ်ကို မတ်လ (၂)ရက်နေ့တွင် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြန်မာနိုင်ငံဆရာဝန်များအသင်း(တာချီလိတ်)၏ အသင်းကော်မတီများနှင့် ကော်မတီဝင်များကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၁၆) ရက်နေ့တွင် အသစ်ရွေးချယ်ထပ်မံဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

“တာချီလိတ်မှာ MMA က ရှိပြီးသားပါ။ ဒါပေမဲ့ တာဝန်ယူထားသူတွေ မရှိသေးတာကြောင့် အဖွဲ့တွေ ပြန်ရွေးချယ်တာပါ။ လစဉ် ဆေးပညာဟောပြောပွဲတွေ လုပ်နိုင်ဖို့ရယ်၊ နောက်တစ်ခြားက သမားတော်ကြီးတွေ လာရောက် ဟောပြောမယ်ဆိုရင် ဒီအဖွဲ့ထဲမှာ ချိတ်ဆက်မိထားတော့ ဖိတ်ရတာလည်း လွယ်သွားတာပေါ့။ အရင်ကဆို အဲဒီလို မချိတ်ဆက်မိထားတော့ သမားတော်ကြီးတွေ လာတယ် ဟောပြောတယ်။ သိပ်မသိလိုက်ကြဘူးပေါ့။ နောက်တစ်ခုက ဒီမှာ ဆေးရုံကရော ပြင်ပဆေးရုံ၊ ဆေးခန်းနဲ့ တပ်က ဆရာဝန်တွေပါ ပါပါတယ်။ အားလုံးပါဝင်အောင် ကြိုးစားထားပါတယ်။ ဒီလိုဖွဲ့ထား ချိတ်ဆက်ထားပြီး ဟောပြောပွဲလိုမျိုး ဆေးပညာဖလှယ်ကြတာတွေ လုပ်ခြင်းအားဖြင့် ပြည်သူလူထုကို ကုသမှုအပိုင်းမှာလည်း ထိရောက်မှုရှိအောင်လို့ပါ” ဟု တာချီလိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းမှ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် မြန်မာနိုင်ငံဆရာဝန်များအသင်း(တာချီလိတ်)၏ နာယကအဖြစ် ဆေးရုံအုပ်ကြီး (ငြိမ်း) ဒေါက်တာ ဦးမောင်မောင်ယု၊ ဥက္ကဌအဖြစ် ကုတင် ၁၀၀ ဆံ့ တာချီလိတ်ခရို်င် ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်း၊ ဒုဥက္ကဌ(၁) အဖြစ် အောင်ဆေးခန်းမှ ဒေါက်တာ မြင့်အောင်၊ ဒုဥက္ကဌ(၂)အဖြစ် ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာ သိန်းကြိုင်၊ အတွင်းရေးမှူးအဖြစ် သမားတော်ကြီး ဒေါက်တာ နေလင်းအောင်၊ တွဲဖက် အတွင်းရေးမှူး(၁)အဖြစ် ရွှေစင်ကြယ်ဆေးကုခန်းမှ ဒေါက်တာ ဂျီဝမ်း၊ တွဲဖက်အတွင်းရေးမှူ(၂)အဖြစ် ငွေစင်ကြယ်ဆေးကုခန်းမှ ဒေါက်တာ ပြည့်မြင့်မြတ်၊ ဘဏ္ဍာရေးမှူးအဖြစ် စေတနာဆေးခန်းမှ ဒေါက်တာ မြင့်သောင်း၊ တွဲဖက် ဘဏ္ဍာရေးမှူး(၁) အဖြစ် ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာကျော်စွာမြင့်၊ ဒေါက်တာ ထက်လွင်ဦး၊ ဒေါက်တာ မိုးသူဇာအောင်၊ စာရင်းစစ်အဖြစ် ဒေါက်တာ စန္ဒါ မို့မို့(ဓာတ်မှန်)နှင့် စိုပြေ သွားနှင့်ခံတွင်းဆေးခန်းမှ ဒေါက်တာ ဇော်ဝင်းတို့ကို တာဝန်ပေးထားပြီး ဆေးပညာပြန့်ပွားရေးကော်မတီတွင် သမားတော်ကြီးများဖြစ်ကြသည့် ဒေါက်တာနေလင်းအောင်၊ ဒေါက်တာ သိန်းကြိုင်၊ ဒေါက်တာ ဇင်မိုမိုကျော်၊ ဒေါက်တာ ကျော်စွာမြင့်နှင့် ဒေါက်တာ စိုင်းစံလုံတို့က တာဝန်ယူထားကြောင်း သိရသည်။

သတင်းနှင့်ပြန်ကြားရေးအတွက် ဒေါက်တာ ကျော်နိုင်ဝင်း၊ ဒေါက်တာမင်းမျိုးကြည်၊ ဒေါက်တာ စိုင်းသန့်ဇင်နှင့် ဆေးရုံအုပ်ကြီးနှင့် သမားတော်ကြီးမှညွှန်ကြားချက်အရ ဓာတ်ခွဲခန်းမှူး ဦးသိန်းရွှေတို့ တာဝန်ယူထားပြီး လူမှူရေး ဆပ်ကော်မတီတွင် ဒေါက်တာ နန်းမိုမိုဟွမ်(STD TERM)၊ ဒေါက်တာ ပြည့်စုံခင်၊ ဒေါက်တာ ဝင်းမြတ်ဖြိုး၊ ဒေါက်တာ ရဲဇော်ထွန်း၊ ဒေါက်တာ နန်းဖုန်းစံခတ်၊ ဒေါက်တာ သန်းလှိုင်၊ ဒေါက်တာ ဇင်ကိုထွန်း၊ ဒေါက်တာ နေဇင်အောင်၊ ဒေါက်တာ ဝေယံလင်း၊ ဒေါက်တာ ဟန်လင်းစိုးနှင့် ဒေါက်တာ အိငုံဖူးတို့ တာဝန်ယူထားကြောင်း သိရသည်။

တာချီလိတ်မြို့တွင် အစိုးရဆေးရုံနှင့် ပြင်ပ ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်းများမှ သမားတော်၊ ဆရာဝန် စုစုပေါင်း (၃၀)ကျော်ရှိကြောင်း သိရသည်။

သတင်း - ဇာနှင်း
ဓာတ်ပုံ - TS

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~