တာခ်ီလိတ္ၿမိဳ႕မ(၀မ္ေကာင္း)ေစ်း ေတာင္ဘက္ဆိုင္ကယ္တကၠစီအဖြဲ႔က ဗိုလ္ခ်ဳပ္ေအာင္ဆန္းေမြးေန႔ အထိမ္းအမွတ္အျဖစ္ ခရီးသည္မ်ားအား ၿမိဳ႕တြင္း အခမဲ့ ပို႔ေဆာင္ေပး

တာခ်ီလိတ္ၿမိဳ႕မ(၀မ္ေကာင္း)ေစ်း ေတာင္ဘက္ဆိုင္ကယ္တကၠစီအဖြဲ႔က ဗိုလ္ခ်ဳပ္ေအာင္ဆန္းေမြးေန႔ အထိမ္းအမွတ္အျဖစ္ ခရီးသည္မ်ားအား ၿမိဳ႕တြင္း အခမဲ့ ပို႔ေဆာင္ေပး
ဖေဖော်ဝါရီ 13, 2018
By Tachileik News Agency

ေဖေဖာ္၀ါရီလ(၁၃)ရက္ေန႔တြင္ က်ေရာက္သည့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ အသက္(၁၀၃)ႏွစ္ျပည့္ ေမြးေန႔အထိမ္းအမွတ္ အျဖစ္ တာခ်ီလိတ္ၿမိဳ႕မ(၀မ္ေကာင္း)ေစ်း ေတာင္ဘက္ဆိုင္ကယ္ တကၠစီအဖြဲ႔က ဆိုင္ကယ္မ်ားျဖင့္  ၿမိဳ႕တြင္း အခမဲ့အျဖစ္ ပို႔ေဆာင္ေပးေနလ်က္ရွိေၾကာင္း သိရသည္။

၂၀၁၈ခုႏွစ္ ေဖေဖာ္၀ါရီလ(၁၃)ရက္ေန႔ နံနက္(၆)နာရီက စတင္၍ ေန႔လည္(၁၂)နာရီအထိ ၿမိဳ႕တြင္းသို႔ ဆိုင္ကယ္မ်ားျဖင့္ အခမဲ့ ပို႔ေဆာင္ေပးရန္ သတ္မွတ္ထားေသာ္လည္း ဆက္လက္၍ ညေန(၆)နာရီအထိ အခမဲ့ ပို႔ေဆာင္ေပးသြားမည္ျဖစ္ေၾကာင္း အဆိုပါ ဆိုင္ကယ္ဂိတ္မွ ဂိတ္မွဴးထံက သိရသည္။

"ကြ်န္ေတာ္တို႔ နံနက္(၆)နာရီကေန ေန႔လည္(၁၂)နာရီအထိ သတ္မွတ္ထားရာကေန ည(၆)နာရီအထိ ၿမိဳ႕တြင္း အခမဲ့ ပို႔ေဆာင္ေပးသြားမွာပါ၊ အခုလို ဗိုလ္ခ်ဳပ္ေအာင္ဆန္းေမြးေန႔ အထိမ္းအမွတ္အေနနဲ႔ ျပဳလုပ္တာဟာ ဒီႏွစ္ေရာဆိုရင္ ႏွစ္ႀကိမ္ရွိပါၿပီ၊ အခုလို လုပ္တာကို ေတြ႔ျမင္ရေတာ့ ဆိုင္ကယ္ေတြအတြက္ ဓါတ္ဆီလွဴေပးတာလည္းရွိသလို အေအးတို႔ ေငြတို႔ လွဴလာတာေတြလည္းရွိပါတယ္၊ ဒီလိုလုပ္လို႔ ရလာတဲ့ အလွဴေငြေတြကိုေတာ့ ကြ်န္ေတာ္တို႔ ညေနပိုင္းမွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းကို ရည္စူးၿပီး ဘုန္းႀကီးေက်ာင္းမွာ သြားေရာက္ လွဴဒါန္းေပးသြားမွာပါ"ဟု  တာခ်ီလိတ္ၿမိဳ႕မ(၀မ္ေကာင္း)ေစ်း ေတာင္ဘက္ဆိုင္ကယ္ တကၠစီဂိတ္မွ ဂိတ္မွဴးျဖစ္သူ ဆိုင္ကယ္အက်ႌနံပါတ္ (၂၉၈)ကို ၀တ္ဆင္ထားသည့္ ဦးတင္ေရႊက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ယခုလို ျပဳလုပ္ျခင္းသည္ ျပည္သူမ်ား တစ္စိတ္တစ္ေဒသ စိတ္ခ်မ္းသာေစရန္ ႏွင့္အတူ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေမြးေန႔အား သိရွိႏိုင္ရန္အျပင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေမြးေန႔တိုင္းတြင္ ၿမိဳ႕နယ္ အသီးသီးက မိမိတို႔ အစီအစဥ္ျဖင့္ ပါ၀င္ လုပ္ေဆာင္ႏိုင္ရန္အတြက္ ရည္ရြယ္ေၾကာင္း သိရသည္။

"အခုလို ျပဳလုပ္တာက ဗိုလ္ခ်ဳပ္ေအာင္ဆန္းကို အထူးရည္စူးၿပီး လူေတြ စိတ္ခ်မ္းသာေအာင္ ေပ်ာ္ရႊင္ေအာင္ လုပ္ေပးတ့ဲ သေဘာပါ။ အခမဲ့ ေျပးဆြဲေျပးတဲ့အခါမွာ တစ္ခ်ဳိ႕ကလည္း ေက်းဇူးတင္ပါတယ္လို႔ ေျပာသြားတာရွိသလို၊ တစ္ခ်ဳိ႕ကလည္း ပိုက္ဆံေပးတာေတြရွိပါတယ္။ ေပးလာ အခမဲ့ ပို႔ေဆာင္ေပးတာပါလို႔ ေျပာပါတယ္။ ဆိုင္ကယ္ဂိတ္မွာ ဆိုင္ကယ္အစီးေရ (၂၄)စီးရွိပါတယ္၊ အားလံုး တက္ညီလက္ညီနဲ႔စည္းစည္းရံုးရံုး နဲ႔ ဒီေန႔ ေပ်ာ္ေပ်ာ္ပါးပါး ပို႔ေဆာင္ေပးေနၾကတာပါ။ အခုလို ျပဳလုပ္ေနခ်ိန္မွာ ကြ်န္ေတာ္တို႔ကို ဓါတ္ဆီလွဴေပးတာေတြ၊ အေအးလွဴေပးတာေတြ ေခါက္ဆြဲ ေကြ်းလာတာေတြ ရွိပါတယ္။ ဒါကေတာ့ ဒီဖက္အျခမ္းက ေစ်းသည္မ်ားရဲ႕ ေစတနာေတြပါ၊ ေနာက္ၿပီး ကြ်န္ေတာ္တို႔အေနနဲ႔ ဒီလိုလုပ္တာဟာလည္း အျခားၿမိဳ႕ေတြလည္း သိေစခ်င္ပါတယ္။ ဒီလိုသိသြားရင္ ေနာက္ေန႔ေတြလည္း အျခားၿမိဳ႕ေတြ အေနနဲ႔ လုပ္ေဆာင္ႏိုင္ရန္အတြက္ပါ"ဟု အဆိုပါ ဂိတ္မွ ဆိုင္ကယ္အက်ႌနံပါတ္ (၂၉၉)ကို ၀တ္ဆင္ထားသူက ေျပာျပသည္။

တာခ်ီလိတ္ၿမိဳ႕မ(၀မ္ေကာင္း)ေစ်း ေတာင္ဘက္ဆိုင္ကယ္ တကၠစီဂိတ္တြင္ ဆိုင္ကယ္အစီးေရ (၂၄)စီးရွိၿပီး အပတ္စဥ္ ၾကာသပေတးေန႔တိုင္း၌ ဘုန္းႀကီးေက်ာင္း(၃)ေက်ာင္းအတြက္ ေစ်းအတြင္း လွည့္လည္ကာ ဆြမ္းခ်က္ရန္ အတြက္ အလွဴခံေပးျခင္း၊ ႏွစ္စဥ္ စုေပါင္းရွင္ျပဳအလွဴမ်ား ျပဳလုပ္ေပးျခင္း၊ စာေရးတံမဲ(မဟာဒုတ္)ျပဳလုပ္ျခင္း အျပင္ စုေပါင္းဘံုကထိန္ခင္းျခင္းမ်ား ျပဳလုပ္ေလ့ရွိေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ အသက်(၁၀၃)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အဖြစ် တာချီလိတ်မြို့မ(ဝမ်ကောင်း)ဈေး တောင်ဘက်ဆိုင်ကယ် တက္ကစီအဖွဲ့က ဆိုင်ကယ်များဖြင့် မြို့တွင်း အခမဲ့အဖြစ် ပို့ဆောင်ပေးနေလျက်ရှိကြောင်း သိရသည်။

၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ(၁၃)ရက်နေ့ နံနက်(၆)နာရီက စတင်၍ နေ့လည်(၁၂)နာရီအထိ မြို့တွင်းသို့ ဆိုင်ကယ်များဖြင့် အခမဲ့ ပို့ဆောင်ပေးရန် သတ်မှတ်ထားသော်လည်း ဆက်လက်၍ ညနေ(၆)နာရီအထိ အခမဲ့ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါ ဆိုင်ကယ်ဂိတ်မှ ဂိတ်မှူးထံက သိရသည်။

"ကျွန်တော်တို့ နံနက်(၆)နာရီကနေ နေ့လည်(၁၂)နာရီအထိ သတ်မှတ်ထားရာကနေ ည(၆)နာရီအထိ မြို့တွင်း အခမဲ့ ပို့ဆောင်ပေးသွားမှာပါ၊ အခုလို ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်အနေနဲ့ ပြုလုပ်တာဟာ ဒီနှစ်ရောဆိုရင် နှစ်ကြိမ်ရှိပါပြီ၊ အခုလို လုပ်တာကို တွေ့မြင်ရတော့ ဆိုင်ကယ်တွေအတွက် ဓာတ်ဆီလှူပေးတာလည်းရှိသလို အအေးတို့ ငွေတို့ လှူလာတာတွေလည်းရှိပါတယ်၊ ဒီလိုလုပ်လို့ ရလာတဲ့ အလှူငွေတွေကိုတော့ ကျွန်တော်တို့ ညနေပိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းကို ရည်စူးပြီး ဘုန်းကြီးကျောင်းမှာ သွားရောက် လှူဒါန်းပေးသွားမှာပါ"ဟု တာချီလိတ်မြို့မ(ဝမ်ကောင်း)ဈေး တောင်ဘက်ဆိုင်ကယ် တက္ကစီဂိတ်မှ ဂိတ်မှူးဖြစ်သူ ဆိုင်ကယ်အင်္ကျီနံပါတ် (၂၉၈)ကို ဝတ်ဆင်ထားသည့် ဦးတင်ရွှေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယခုလို ပြုလုပ်ခြင်းသည် ပြည်သူများ တစ်စိတ်တစ်ဒေသ စိတ်ချမ်းသာစေရန် နှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အား သိရှိနိုင်ရန်အပြင် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့တိုင်းတွင် မြို့နယ် အသီးသီးက မိမိတို့ အစီအစဉ်ဖြင့် ပါဝင် လုပ်ဆောင်နိုင်ရန်အတွက် ရည်ရွယ်ကြောင်း သိရသည်။

"အခုလို ပြုလုပ်တာက ဗိုလ်ချုပ်အောင်ဆန်းကို အထူးရည်စူးပြီး လူတွေ စိတ်ချမ်းသာအောင် ပျော်ရွှင်အောင် လုပ်ပေးတဲ့ သဘောပါ။ အခမဲ့ ပြေးဆွဲပြေးတဲ့အခါမှာ တစ်ချို့ကလည်း ကျေးဇူးတင်ပါတယ်လို့ ပြောသွားတာရှိသလို၊ တစ်ချို့ကလည်း ပိုက်ဆံပေးတာတွေရှိပါတယ်။ ပေးလာ အခမဲ့ ပို့ဆောင်ပေးတာပါလို့ ပြောပါတယ်။ ဆိုင်ကယ်ဂိတ်မှာ ဆိုင်ကယ်အစီးရေ (၂၄)စီးရှိပါတယ်၊ အားလုံး တက်ညီလက်ညီနဲ့စည်းစည်းရုံးရုံး နဲ့ ဒီနေ့ ပျော်ပျော်ပါးပါး ပို့ဆောင်ပေးနကြေတာပါ။ အခုလို ပြုလုပ်နေချိန်မှာ ကျွန်တော်တို့ကို ဓာတ်ဆီလှူပေးတာတွေ၊ အအေးလှူပေးတာတွေ ခေါက်ဆွဲ ကျွေးလာတာတွေ ရှိပါတယ်။ ဒါကတော့ ဒီဖက်အခြမ်းက ဈေးသည်များရဲ့ စေတနာတွေပါ၊ နောက်ပြီး ကျွန်တော်တို့အနေနဲ့ ဒီလိုလုပ်တာဟာလည်း အခြားမြို့တွေလည်း သိစေချင်ပါတယ်။ ဒီလိုသိသွားရင် နောက်နေ့တွေလည်း အခြားမြို့တွေ အနေနဲ့ လုပ်ဆောင်နိုင်ရန်အတွက်ပါ"ဟု အဆိုပါ ဂိတ်မှ ဆိုင်ကယ်အင်္ကျီနံပါတ် (၂၉၉)ကို ဝတ်ဆင်ထားသူက ပြောပြသည်။

တာချီလိတ်မြို့မ(ဝမ်ကောင်း)ဈေး တောင်ဘက်ဆိုင်ကယ် တက္ကစီဂိတ်တွင် ဆိုင်ကယ်အစီးရေ (၂၄)စီးရှိပြီး အပတ်စဉ် ကြာသပတေးနေ့တိုင်း၌ ဘုန်းကြီးကျောင်း(၃)ကျောင်းအတွက် ဈေးအတွင်း လှည့်လည်ကာ ဆွမ်းချက်ရန် အတွက် အလှူခံပေးခြင်း၊ နှစ်စဉ် စုပေါင်းရှင်ပြုအလှူများ ပြုလုပ်ပေးခြင်း၊ စာရေးတံမဲ(မဟာဒုတ်)ပြုလုပ်ခြင်း အပြင် စုပေါင်းဘုံကထိန်ခင်းခြင်းများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~