တောင်ကြီးမြို့မဈေးအနီး ညဈေးတန်းနေရာအား ပြုပြင်နေပြီး ရောင်းချမှုပုံစံပြောင်းလဲပေးမည်
တောင်ကြီးမြို့မဈေးအနီး ညဈေးတန်းနေရာအား ပြုပြင်နေပြီး ရောင်းချမှုပုံစံပြောင်းလဲပေးမည်
ဖေဖော်ဝါရီ 5, 2018
By 🌸
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ မြို့မဈေး တောင်ဘက်၊ တပင်ရွှေထီးလမ်းရှိ နာရီစင် ညဈေးတန်း လမ်းတလျှောက်လုံးတွင် ဈေးဆိုင်ခန်းများဖယ်ရှား၍ ကွန်ကရစ်ခင်းနေပြီး ရောင်းချမှုပုံစံအသစ် ပြောင်းလဲစေမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ ညဈေးတန်းလမ်းတစ်လျှောက်အား ရေစီးရေလာကောင်းမွန်ပြီး သန့်ရှင်းသပ်ရပ်စေရန် ကွန်ကရစ်လမ်းခင်းနေခြင်းဖြစ်ပြီး ဈေးသည်များအား  ဈေးရောင်းချမှုပုံစံအသစ်ကိုပါ ပြောင်းလဲသတ်မှတ် ပေးမည်ဖြစ်ကာ အသားငါးဈေးတန်းကို အဆိုပါနေရာတွင် ပြန်လည်ရောင်းချခွင့်မပေးတော့ဘဲ မြို့မဈေးရှေ့သို့  ပြောင်းရွှေ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ညဈေးတန်းမှာ မြို့မဈေးနှင့် အတူ ၁၉၉၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ညဈေးတန်းတွင် နေ့ခင်းပိုင်းရောင်းချသူ ဈေးသည် (၅၀၀) ခန့်နှင့် ညပိုင်းရောင်းချသည့် ဈေးသည် (၇၀) ကျော် ရှိကြောင်း သိရသည်။
သတင်း #နိုနို
~~~~~~~~⊰❂ unicode ~~~~~~~~
တောင်ကြီးမြို့မစျေးအနီး ညစျေးတန်းနေရာအား ပြုပြင်နေပြီး  ရောင်းချမှုပုံစံပြောင်းလဲပေးမည်
***************
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ မြို့မစျေး တောင်ဘက်၊ တပင်ရွှေထီးလမ်းရှိ နာရီစင် ညစျေးတန်း လမ်းတလျှောက်လုံးတွင် စျေးဆိုင်ခန်းများဖယ်ရှား၍ ကွန်ကရစ်ခင်းနေပြီး ရောင်းချမှုပုံစံအသစ် ပြောင်းလဲစေမည်ဖြစ်ကြောင်း သိရသည်။
“နာရီစင် ညစျေးတန်းကို မနေ့ကပိတ်ပြီး သန့်ရှင်းရေးလုပ်တယ်။ ကွန်ကရစ်လောင်းတာကိုလည်း အမြန်ပြီးအောင် ညပိုင်းအထိဆောင်ရွက်နေကြပါတယ်။ ယာယီသားငါးစျေးတန်းတွေကိုလည်း ဖျက်သိမ်းပြောင်းရွှေ့ပြီး နာရီစင်အထိ ခင်းကျင်းသွားမှာဖြစ်ပါတယ်”ဟု တောင်ကြီးမြို့နယ် စည်ပင်သာယာ ရေးဌာနမှ အမှုဆောင်အရာရှိ ဦးအေးကိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လက်ရှိ ညစျေးတန်းလမ်းတစ်လျှောက်အား ရေစီးရေလာကောင်းမွန်ပြီး သန့်ရှင်းသပ်ရပ်စေရန် ကွန်ကရစ်လမ်းခင်းနေခြင်းဖြစ်ပြီး စျေးသည်များအား  စျေးရောင်းချမှုပုံစံအသစ်ကိုပါ ပြောင်းလဲသတ်မှတ် ပေးမည်ဖြစ်ကာ အသားငါးစျေးတန်းကို အဆိုပါနေရာတွင် ပြန်လည်ရောင်းချခွင့်မပေးတော့ဘဲ မြို့မစျေးရှေ့သို့  ပြောင်းရွှေ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“အသားငါးစျေးသည်တွေက ကုန်ခြောက်သားငါးစျေးသည်တွေရဲ့ ဆိုင်ခန်းရှင်တွေပါ။ အခု အိုုးရှင်းမှာက သူတို့ရောင်းချမယ့်နေရာတွေက ပြီးသွားပြီဆိုတော့ အဲဒီကိုပြောင်းရွှေ့ ဖွင့်လှစ်ရမှာပါ။ အခု ညစျေးတန်းမှာ အသားငါးစျေးတွေ ရောင်းချခွင့်မပေးတော့ဘူး။ ညစျေးတန်းနဲ့ ဟင်းရွက်သည်တွေကတော့ အရင်အတိုင်း ရောင်းချမယ်။ ခင်းကျင်းမှုပုံစံတွေတော့ ပြောင်းသွားမယ်။ အခုဆို လမ်းကလည်းကျယ်ပြီး စနစ်တကျ ရောင်းချဖို့အတွက် ကွန်ကရစ်လမ်းတွေလည်း ခင်းကျင်းဆောင်ရွက်နေပါပြီ” ဟု တောင်ကြီး မြို့မစျေးတာဝန်ခံ ဦးခင်အေးက ပြောသည်။
အဆိုပါ ညစျေးတန်းမှာ မြို့မစျေးနှင့် အတူ ၁၉၉၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ညစျေးတန်းတွင် နေ့ခင်းပိုင်းရောင်းချသူ စျေးသည် (၅၀၀) ခန့်နှင့် ညပိုင်းရောင်းချသည့် စျေးသည် (၇၀) ကျော် ရှိကြောင်း သိရသည်။
သတင်း #နိုနို
ဓါတ်ပုံ #စည်ပင်သာယာရေးဌာန
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~