ေအးသာယာၿမိဳ႕တြင္ ေဆာင္းေဘာက္ႏွင့္ အပူေပးစက္မ်ားအတြင္း စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ထည့္သြင္းသယ္ေဆာင္လာသူကို ဖမ္းဆီးရမိ

ေအးသာယာၿမိဳ႕တြင္ ေဆာင္းေဘာက္ႏွင့္ အပူေပးစက္မ်ားအတြင္း စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ထည့္သြင္းသယ္ေဆာင္လာသူကို ဖမ္းဆီးရမိ
ဖေဖော်ဝါရီ 7, 2018
By 🌸
ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီး - ေအးသာယာလမ္းတြင္ ေဖေဖၚဝါရီလ (၆)ရက္ေန႔က ေဆာင္းေဘာက္ႏွင့္ အပူေပးစက္မ်ားအတြင္း စိတ္ၾကြရူးသြပ္ေဆးျပားမ်ား ထည့္သြင္းသယ္ေဆာင္လာသည့္ အမ်ိဳးသားတစ္ဦးအား ဖမ္းဆီးရမိေၾကာင္း သိရသည္။

ေအးသာယာနယ္ေျမရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ေအးသာယာၿမိဳ႕၊ ရပ္ကြက္(၃)၊ နယ္ေျမ(၃)၊ ေတာင္ႀကီး-ေအးသာယာလမ္းတြင္ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ ေက်ာ္စိုးလင္း (ခ)အိုစမန္အား ရွာေဖြရာ ၎၏ လြယ္အိတ္ထဲရွိ ေဆာင္းေဘာက္ႏွင့္ အပူေပးစက္တို႔အတြင္းမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၅၇၇၀) ျပား သိမ္းဆည္းရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

စိတ္ၾကြေဆးျပားမ်ား သယ္ေဆာင္လာသည့္ ေက်ာ္စိုးလင္း(ခ)အိုစမန္အား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားေၾကာင္း သိရသည္။

သတင္း #နန္းဟြမ္ခမ္း
ဓါတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
အေးသာယာမြို့တွင် ဆောင်းဘောက်နှင့် အပူပေးစက်များအတွင်း စိတ်ကြွရူးသွပ်ဆေးပြားများ ထည့်သွင်းသယ်ဆောင်လာသူကို ဖမ်းဆီးရမိ
**************
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး - အေးသာယာလမ်းတွင် ဖေဖေါ်ဝါရီလ (၆)ရက်နေ့က ဆောင်းဘောက်နှင့် အပူပေးစက်များအတွင်း စိတ်ကြွရူးသွပ်ဆေးပြားများ ထည့်သွင်းသယ်ဆောင်လာသည့် အမျိုးသားတစ်ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။

အေးသာယာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အေးသာယာမြို့၊ ရပ်ကွက်(၃)၊ နယ်မြေ(၃)၊ တောင်ကြီး-အေးသာယာလမ်းတွင် ဆိုင်ကယ်မောင်းနှင်လာသည့် ကျော်စိုးလင်း (ခ)အိုစမန်အား ရှာဖွေရာ ၎င်း၏ လွယ်အိတ်ထဲရှိ ဆောင်းဘောက်နှင့် အပူပေးစက်တို့အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၅၇၇၀) ပြား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စိတ်ကြွဆေးပြားများ သယ်ဆောင်လာသည့် ကျော်စိုးလင်း(ခ)အိုစမန်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်း #နန်းဟွမ်ခမ်း
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~