တာခ်ီလိတ္၌ လူကုန္ကူးမႈ တားဆီးကာကြယ္ေရးအဖဲြ႕ အသစ္ျပင္ဆင္ဖြဲ႕စည္း

တာခ်ီလိတ္၌ လူကုန္ကူးမႈ တားဆီးကာကြယ္ေရးအဖဲြ႕ အသစ္ျပင္ဆင္ဖြဲ႕စည္း
ဖေဖော်ဝါရီ 9, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပုိင္း) တာခ်ီလိတ္ခရုိင္ လူကုန္ကူးမႈတားဆီးကာကြယ္ေရးအဖြဲ႕အား ၂၀၁၈ ခုႏွစ္ ေဖေဖၚဝါရီလ (၉)ရက္ေန႔တြင္ အသစ္ျပင္ဆင္ဖြဲ႕စည္းလိုက္ၿပီး ႀကဳိတင္ကာကြယ္တားဆီးႏွိမ္နင္းေရး လုပ္ငန္းမ်ား၊ ပူးေပါင္းေဆာင္ရြက္မည့္လုပ္ငန္းစဥ္မ်ား ေဆြးေႏြးၾကေၾကာင္း သိရသည္။

အသစ္ျပင္ဆင္ဖြဲ႕စည္းလုိက္သည့္ အဖြဲ႕တြင္ ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးက ဥကၠဌႏွင့္ ခရိုင္ရဲတပ္ဖြဲ႕မွဴးရံုးမွ ခရိုင္ရဲတပ္ဖြဲ႕မွဴးက ဒုတိယဥကၠဌမ်ားအျဖစ္ တာဝန္ယူၾကၿပီး လူကုန္ကူးမႈ တားဆီးႏွိမ္ႏွင္းေရးရဲတပ္ဖြဲ႕စု တပ္ဖြဲ႕စုမွဴးက အတြင္းေရးမွဴးႏွင့္ ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၏ လက္ေထာက္ညႊန္ၾကားေရးမွဴးက တြဲဖက္အတြင္းေရးမွဴးအျဖစ္ ပါဝင္ဖြဲ႕စည္းထားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါအဖြဲ႕တြင္ အဖြဲ႕ဝင္မ်ားအျဖစ္ ခရိုင္မီးသတ္ဦးစီးမွဴး၊ ခရိုင္ဥပေဒအရာရိွ၊ ခရုိင္ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရးဦးစီးဌာန ခရိုင္ဦးစီးအရာရိွ၊ ခရိုင္ငါးလုပ္ငန္းဦးစီးဌာန ခရိုင္ဦးစီးဌာနမွဴး၊ ခရိုင္ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာန ခရိုင္ဦးစီးမွဴး၊ အလုပ္သမားညႊန္ၾကားေရးဦးစီးဌာန ခရိုင္ဦးစီးမွဴး၊ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန ခရို္င္ဦးစီးမွဴး၊ ခရို္င္ပညာေရးမွဴး၊ ခရို္ငျပည္သူ႔က်န္းမာေရးဦးစီးဌာနမွဴး၊ ခရိုင္လူမႈဝန္ထမ္းဦးစီးဌာန ခရိုင္ဦးစီးမွဴး၊ ခရိုင္ၾကက္ေျခနီ သူနာျပဳတပ္ဖြဲ႕ ခရိုင္တပ္ဖြဲ႕မွဴး၊ ခရိုင္အမ်ိဳးသမီးေရးရာအဖြဲ႕ ဥကၠဌ၊ ခရိုင္မိခင္ႏွင့္ကေလးေစာင့္ေရွာက္ေရးႀကီးၾကပ္မႈအဖြဲ႕ ဥကၠဌတုိ႔ပါဝင္ေၾကာင္း သိရသည္။

အဆိုပါအဖြဲ႕အေနျဖင့္ လူကုန္ကူးမႈတုိက္ဖ်က္ေရးတြင္ ျပည္သူလူထုပူးေပါင္းပါဝင္လာေရးအတြက္ ေအာက္ေျခအထိ စည္းရံုးေဆာင္ရြက္ျခင္း၊ လုပ္ငန္းစီမံခ်က္မ်ားကို ၿမိဳ႕နယ္မ်ားတြင္ ထိေရာက္စြာ အေကာင္အထည္ေဖၚေရး ႀကီးၾကပ္ျခင္း၊ လူကုန္ကူးမႈျဖစ္ပြားမႈမ်ားသည့္ေဒသမ်ားတြင္ သီးျခားပညာေပး ေဆာင္ရြက္ျခင္း၊ ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴးမ်ားအား သင္တန္းေပးျခင္း၊ ရပ္/ေက်းေစာင့္ၾကည့္ေရးအဖဲြ႕မ်ား ဖြဲ႕စည္းသင္တန္းေပးျခင္း၊ ေဒသတြင္း အလုပ္အကိုင္အခြင့္အလမ္းရရိွေရးေဆာင္ရြက္ျခင္း၊ အဓမၼလုပ္အားေစခိုင္းမႈ မျဖစ္ပြားေရး အသိပညာေပးျခင္း၊ လူကုန္ကူးမႈမ်ားအား ထိေရာက္ေသာ ျပစ္ဒဏ္ခ်မွတ္ရန္ႏွင့္ လူကုန္ကူးခံရသူမ်ား နစ္နာေၾကးရရိွေရး ပူးေပါင္းညိႇႏိႈင္းေဆာင္ရြက္ျခင္း၊ လူကုန္ကူးခံရသူမ်ား ေနရပ္ျပန္ရာတြင္ ျပန္လည္ထူေထာင္ေရးႏွင့္ အလုပ္အကိုင္အခြင့္အလမ္းရရိွေရး ညိႇႏိႈင္းေဆာင္ရြက္ေပးျခင္း၊ လူကုန္ကူးမႈတားဆီးေရး ဗဟိုအဖြဲ႕၊ ျမန္မာႏုိင္ငံႏွင့္ မိတ္ဆက္အဖြဲ႕မ်ားျဖင့္ လုပ္ငန္းပူးေပါင္းေဆာင္ရြက္ျခင္း၊ အစီရင္ခံစာတင္ျပျခင္းတို႔ကို ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း သိရသည္။

ဓါတ္ပံု #ခရိုင္ေထြအုပ္

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့အသစ်ပြင်ဆင်ဖွဲ့စည်း
**************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့အား ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလ (၉)ရက်နေ့တွင် အသစ်ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး ကြိုတင်ကာကွယ်တားဆီးနှိမ်နင်းရေး လုပ်ငန်းများ၊ ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းစဉ်များ ဆွေးနွေးကြကြောင်း သိရသည်။

အသစ်ပြင်ဆင်ဖွဲ့စည်းလိုက်သည့် အဖွဲ့တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူးက ဥက္ကဌနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ခရိုင်ရဲတပ်ဖွဲ့မှူးက ဒုတိယဥက္ကဌများအဖြစ် တာဝန်ယူကြပြီး လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စု တပ်ဖွဲ့စုမှူးက အတွင်းရေးမှူးနှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လက်ထောက်ညွှန်ကြားရေးမှူးက တွဲဖက်အတွင်းရေးမှူးအဖြစ် ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် ခရိုင်မီးသတ်ဦးစီးမှူး၊ ခရိုင်ဥပဒေအရာရှိ၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးဌာနမှူး၊ ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ခရိုင်ဦးစီးမှူး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရို်င်ဦးစီးမှူး၊ ခရို်င်ပညာရေးမှူး၊ ခရို်ငပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ခရိုင်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ ခရိုင်တပ်ဖွဲ့မှူး၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့ ဥက္ကဌတို့ပါဝင်ကြောင်း သိရသည်။

အဆိုပါအဖွဲ့အနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးတွင် ပြည်သူလူထုပူးပေါင်းပါဝင်လာရေးအတွက် အောက်ခြေအထိ စည်းရုံးဆောင်ရွက်ခြင်း၊ လုပ်ငန်းစီမံချက်များကို မြို့နယ်များတွင် ထိရောက်စွာ အကောင်အထည်ဖေါ်ရေး ကြီးကြပ်ခြင်း၊ လူကုန်ကူးမှုဖြစ်ပွားမှုများသည့်ဒေသများတွင် သီးခြားပညာပေး ဆောင်ရွက်ခြင်း၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအား သင်တန်းပေးခြင်း၊ ရပ်/ကျေးစောင့်ကြည့်ရေးအဖွဲ့များ ဖွဲ့စည်းသင်တန်းပေးခြင်း၊ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းရရှိရေးဆောင်ရွက်ခြင်း၊ အဓမ္မလုပ်အားစေခိုင်းမှု မဖြစ်ပွားရေး အသိပညာပေးခြင်း၊ လူကုန်ကူးမှုများအား ထိရောက်သော ပြစ်ဒဏ်ချမှတ်ရန်နှင့် လူကုန်ကူးခံရသူများ နစ်နာကြေးရရှိရေး ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်း၊ လူကုန်ကူးခံရသူများ နေရပ်ပြန်ရာတွင် ပြန်လည်ထူထောင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိရေး ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ လူကုန်ကူးမှုတားဆီးရေး ဗဟိုအဖွဲ့၊ မြန်မာနိုင်ငံနှင့် မိတ်ဆက်အဖွဲ့များဖြင့် လုပ်ငန်းပူးပေါင်းဆောင်ရွက်ခြင်း၊ အစီရင်ခံစာတင်ပြခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ #ခရိုင်ထွေအုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~