ထုိင္းႏုိင္ငံတြင္ တရားမဝင္ေနထုိင္သည့္ ျမန္မာႏုိင္ငံသား ၇ ဦးကို လာေရာက္လႊဲေျပာင္း

ထုိင္းႏုိင္ငံတြင္ တရားမဝင္ေနထုိင္သည့္ ျမန္မာႏုိင္ငံသား ၇ ဦးကို လာေရာက္လႊဲေျပာင္း
ဖေဖော်ဝါရီ 12, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕သို႔ ထိုင္းႏုိင္ငံတြင္ တရားမဝင္ေနထိုင္သည့္ ျမန္မာႏုိင္ငံသား (၇)ဦးကို လာေရာက္လႊဲေျပာင္းေပးေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံတြင္ နယ္စပ္ျဖတ္သန္းခြင့္သက္တမ္းေက်ာ္လြန္ေနထိုင္ျခင္း၊ အေထာက္အထားမရွိဘဲ ေနထုိင္ျခင္းစသည္တုိ႔ေၾကာင့္ ဖမ္းဆီးရမိသည့္ ျမန္မာႏိုင္ငံသားမ်ားအား ထုိင္းႏုိင္ငံက ျမန္မာႏုိင္ငံသုိ႔ ျပန္လည္လႊဲေျပာင္းေပးေလ့ရိွရာ အမ်ိဳးသား (၆)ဦးႏွင့္ အမ်ိဳးသမီး (၁)ဦးတုိ႔ကို ထုိင္းႏုိင္ငံတာဝန္ရိွသူမ်ားက ျမန္မာ-ထုိင္း အမွတ္(၂)ခ်စ္ၾကည္ေရးတံတားတြင္ လာေရာက္လႊဲေျပာင္းေပးျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျမန္မာႏုိင္ငံသားမ်ားအား တာခ်ီလိတ္မွ ၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရး ဦးစီး ဌာန၊ အလုပ္သမားလူ၀င္မွဳ ႀကီးၾကပ္ေရးႏွင့္ျပည္သူ႕အင္အားဆုိင္ရာဌာနတုိ႔မွ စိစစ္လက္ခံၿပီး ၎းတုိ႕၏ေနရပ္ေဒသမ်ားသို႔  ျပန္ႏုိင္ေရး ကူညီ ေဆာင္ရြက္ေပးခဲ့ေၾကာင္း သိရသည္။

တာခ်ီလိတ္သို႔ လႊဲေျပာင္းေပးလာသည့္ ျမန္မာႏုိင္ငံသားဦးေရမွာ ၂၀၁၈ ခုႏွစ္ ဇန္န၀ါရီလ(၁)ရက္ေန႕မွ ေဖေဖၚ၀ါရီလ (၁၂)ရက္ေန႕အထိ စုစုေပါင္း အမ်ိဳးသား(၄၀)ဦးႏွင့္ အမ်ိဳးသမီး(၁၃)ဦး စုစုေပါင္း (၅၃) ဦး ရိွၿပီျဖစ္ေၾကာင္း သိရသည္။

သတင္း #စိုင္းေဇယ်ာ
ဓါတ္ပံု #ၿမိဳ႕နယ္ေထြအုပ္

~~~~~~~~⊰❂ unicode ~~~~~~~~
ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား ရ ဦးကို လာရောက်လွှဲပြောင်း
************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား (၇)ဦးကို လာရောက်လွှဲပြောင်းပေးကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် နယ်စပ်ဖြတ်သန်းခွင့်သက်တမ်းကျော်လွန်နေထိုင်ခြင်း၊ အထောက်အထားမရှိဘဲ နေထိုင်ခြင်းစသည်တို့ကြောင့် ဖမ်းဆီးရမိသည့် မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံက မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးလေ့ရှိရာ အမျိုးသား (၆)ဦးနှင့် အမျိုးသမီး (၁)ဦးတို့ကို ထိုင်းနိုင်ငံတာဝန်ရှိသူများက မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားတွင် လာရောက်လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသားများအား တာချီလိတ်မှ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန၊ အလုပ်သမားလူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဌာနတို့မှ စိစစ်လက်ခံပြီး ၎င်းးတို့၏နေရပ်ဒေသများသို့  ပြန်နိုင်ရေး ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တာချီလိတ်သို့ လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားဦးရေမှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့အထိ စုစုပေါင်း အမျိုးသား(၄၀)ဦးနှင့် အမျိုးသမီး(၁၃)ဦး စုစုပေါင်း (၅၃) ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ
ဓါတ်ပုံ #မြို့နယ်ထွေအုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~