တာခ်ီလိတ္ခရိုင္အတြင္းမွ လဝကဝန္ထမ္းမ်ား ရံုးလုပ္ငန္းဆိုင္ရာ ကြန္ပ်ဳတာသင္တန္းတက္ေရာက္ေန

တာခ်ီလိတ္ခရိုင္အတြင္းမွ လဝကဝန္ထမ္းမ်ား ရံုးလုပ္ငန္းဆိုင္ရာ ကြန္ပ်ဳတာသင္တန္းတက္ေရာက္ေန
ဖေဖော်ဝါရီ 10, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခ႐ိုင္အတြင္းမွ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန ၿမိဳ႕နယ္ဦးစီးမွဴး႐ံုးမ်ားမွ ဝန္ထမ္း (၁၈)ဦး ႐ံုးလုပ္ငန္းဆိုင္ရာ ကြန္ပ်ဴတာကၽြမ္းက်င္မႈသင္တန္းကို ေဖေဖၚဝါရီလ (၁၀)ရက္ေန႔က စတင္တက္ေရာက္ေနေၾကာင္း သိရသည္။

“ ကၽြန္ေတာ္တို႔ ဝန္ႀကီးဌာနအေနနဲ႔ E-Govermemt လုပ္ငန္းမ်ား စနစ္တက်ေဆာင္ရြက္ႏုိင္ရန္အတြက္ ဝန္ထမ္းတိုင္း ႏိုင္ငံတကာ စံခ်ိန္စံၫႊန္းႏွင့္အညီ ကြန္ပ်ဴတာဘာသာရပ္မ်ားအား စနစ္တက် ေလ့က်င့္သင္ၾကားတတ္ေျမာက္ၿပီး ဌာန၏လုပ္ငန္းမ်ားအား စြမ္းရည္ျမႇင့္ေဆာင္ရြက္ႏုိင္ဖို႔ျဖစ္ပါတယ္ ” ဟု တာခ်ီလိတ္ခ႐ိုင္လဝက ဦးစီးမွဴး ဒုတိယၫႊန္ၾကားေရးမွဴး ဦးေက်ာ္ေမာ္ထြန္းက ေျပာသည္။

အဆိုပါသင္တန္းကိုအလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနရံုး  တာခ်ီလိတ္ခရိုင္ဦးစီးဌာနရံုးတြင္ ဖြင့္လွစ္ျခင္းျဖစ္ၿပီး ေဖေဖၚဝါရီလ (၁၀)ရက္ေန႔မွ (၂၃)ရက္ေန႔အထိ (၁၄)ရက္ၾကာျမင့္မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ကိုသာ

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်ခရိုင်အတွင်းမှ လဝကဝန်ထမ်းများ ရုံးလုပ်ငန်းဆိုင်ရာ ကွန်ပျုတာသင်တန်းတက်ရောက်နေ
****************
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်အတွင်းမှ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်း (၁၈)ဦး ရုံးလုပ်ငန်းဆိုင်ရာ ကွန်ပျူတာကျွမ်းကျင်မှုသင်တန်းကို ဖေဖေါ်ဝါရီလ (၁၀)ရက်နေ့က စတင်တက်ရောက်နေကြောင်း သိရသည်။

“ ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ E-Govermemt လုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် ဝန်ထမ်းတိုင်း နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ကွန်ပျူတာဘာသာရပ်များအား စနစ်တကျ လေ့ကျင့်သင်ကြားတတ်မြောက်ပြီး ဌာန၏လုပ်ငန်းများအား စွမ်းရည်မြှင့်ဆောင်ရွက်နိုင်ဖို့ဖြစ်ပါတယ် ” ဟု တာချီလိတ် လဝက ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်းက ပြောသည်။

အဆိုပါသင်တန်းကိုအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံး  တာချီလိတ်ခရိုင်ဦးစီးဌာနရုံးတွင် ဖွင့်လှစ်ခြင်းဖြစ်ပြီး ဖေဖေါ်ဝါရီလ (၁၀)ရက်နေ့မှ (၂၃)ရက်နေ့အထိ (၁၄)ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ကိုသာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~