တာခ်ီလိတ္ၿမိဳ႕တြင္ ေဖေဖၚဝါရီလ ၁၀ ရက္ႏွင့္ ၁၁ ရက္ေန႔မ်ား၌ လွ်ပ္စစ္မီးျဖတ္ေတာက္မည္

တာခ်ီလိတ္ၿမိဳ႕တြင္ ေဖေဖၚဝါရီလ ၁၀ ရက္ႏွင့္ ၁၁ ရက္ေန႔မ်ား၌ လွ်ပ္စစ္မီးျဖတ္ေတာက္မည္
ဖေဖော်ဝါရီ 9, 2018
By 🌸
တာခ်ီလိတ္ၿမိဳ႕တြင္ ၿမိဳ႕မီးလင္းေရးအပိုင္း(၁)ႏွင့္ (၂)က ဓါတ္အားလိုင္းတိုးခ်ဲ႕တပ္ဆင္ျခင္း၊ ျပဳျပင္ျခင္းမ်ား လုပ္ေဆာင္မည္ျဖစ္၍ ေဖေဖၚဝါရီလ (၁၀)ရက္ေန႔ႏွင့္ (၁၁)ရက္ေန႔မ်ားတြင္ လွ်ပ္စစ္ဓါတ္အား ျဖတ္ေတာက္ထားမည္ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းဖုန္း(ခ)ေက်းရြာအုပ္စု၊ ဆြတ္ဆိုင္ေက်းရြာတြင္ ဓါတ္အားလိုင္း တိုးခ်ဲ႕တပ္ဆင္ရန္ လုပ္ေဆာင္မည္ျဖစ္သျဖင့္ ေဖေဖၚဝါရီလ (၁၀)ရက္ေန႔တြင္ နံနက္ (၁၀)နာရီမွ ေန႔လယ္ (၁)နာရီအထိ ျမန္မာ - ထုိင္း အမွတ္(၂)ခ်စ္ၾကည္ေရးတံတားမွ ၿမိဳ႕ျပင္ရိွ ရပ္ကြက္/ေက်းရြာအုပ္စုမ်ားအထိ လွ်ပ္စစ္ဓါတ္အား ျဖတ္ေတာက္ထားမည္ျဖစ္ေၾကာင္း ၿမိဳ႕မီးလင္းေရးအပိုင္း (၂)က အသိေပးအေၾကာင္းၾကားထားသည္။

ၿမိဳ႕မီးလင္းေရးအပိုင္း(၁)က အ.ထ.က ေက်ာင္းေထာင့္ ေရႊတိဂံုလမ္းအဝင္တြင္တည္ရိွေသာ H.V Fuse Dropout အစား Recloser ( Auto Control ) လဲလွယ္တပ္ဆင္ေဆာင္ရြက္ရန္အတြက္ ေဖေဖၚဝါရီလ (၁၀)ရက္ေန႔ႏွင့္ (၁၁)ရက္ေန႔မ်ားတြင္ နံနက္ (၉)နာရီမွ ညေန (၃)နာရီအထိ ဝမ္ေကာင္းရပ္ကြက္ ကခ်င္ရြာ၊ ဘုရင့္ေနာင္ေစ်းတေလွ်ာက္မွ မိုးကုတ္ဝိပႆနာအထိ ၊ ဆန္ဆိုင္း(ခ)ရပ္ကြက္ အားကစားရံုလမ္းတစ္ေလွ်ာက္မွ ေရာင္နီဦးအကြက္အထိ၊ မကာဟိုခမ္းရပ္ကြက္ ၿမိဳ႕နယ္ဓမၼာရံု၊ ေရႊတိဂံုဘုရား မွ ယာေျမကုန္းရပ္ကြက္အထိ လွ်ပ္စစ္မီးမ်ား ျဖတ္ေတာက္ထားမည္ျဖစ္ေၾကာင္း သိရသည္။

လွ်ပ္စစ္မီးမ်ား ျဖတ္ေတာက္ထားစဥ္ လွ်ပ္စစ္မီးႀကိဳးမ်ားႏွင့္မလြတ္သည့္ သစ္ကိုင္းမ်ားခုတ္ထြင္ရွင္းလင္းျခင္းကို မကာဟိုခမ္းရပ္ကြက္ အ.ထ.ကေက်ာင္းေထာင့္ ႏိုင္းႏိုင္းလက္ဖက္ရည္ဆိုင္ေရွ႕၊ ဝမ္ေကာင္းရပ္ကြက္ စံပါယ္လိႈင္မုန္႔တိုက္ေရွ႕၊ မိုးကုတဝိပႆနာေက်ာင္းတိုက္ေရွ႕တို႔တြင္ လုပ္ေဆာင္မည္ျဖစ္ၿပီး လုပ္ငန္းမ်ား ေစာလွ်င္စြာ ၿပီးစီးပါက သတ္မွတ္ခ်ိန္မတိုင္မီ လွ်ပ္စစ္မီးျပန္လႊတ္ေပးမည္ျဖစ္ေၾကာင္း ၿမိဳ႕မီးလင္းေရးေကာ္မတီက အသိေပးထားသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့တွင် ဖေဖေါ်ဝါရီလ ၁၀ ရက်နှင့် ၁၁ ရက်နေ့များ၌ လျှပ်စစ်မီးဖြတ်တောက်မည်
**************
တာချီလိတ်မြို့တွင် မြို့မီးလင်းရေးအပိုင်း(၁)နှင့် (၂)က ဓါတ်အားလိုင်းတိုးချဲ့တပ်ဆင်ခြင်း၊ ပြုပြင်ခြင်းများ လုပ်ဆောင်မည်ဖြစ်၍ ဖေဖေါ်ဝါရီလ (၁၀)ရက်နေ့နှင့် (၁၁)ရက်နေ့များတွင် လျှပ်စစ်ဓါတ်အား ဖြတ်တောက်ထားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဆွတ်ဆိုင်ကျေးရွာတွင် ဓါတ်အားလိုင်း တိုးချဲ့တပ်ဆင်ရန် လုပ်ဆောင်မည်ဖြစ်သဖြင့် ဖေဖေါ်ဝါရီလ (၁၀)ရက်နေ့တွင် နံနက် (၁၀)နာရီမှ နေ့လယ် (၁)နာရီအထိ မြန်မာ - ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှ မြို့ပြင်ရှိ ရပ်ကွက်/ကျေးရွာအုပ်စုများအထိ လျှပ်စစ်ဓါတ်အား ဖြတ်တောက်ထားမည်ဖြစ်ကြောင်း မြို့မီးလင်းရေးအပိုင်း (၂)က အသိပေးအကြောင်းကြားထားသည်။

မြို့မီးလင်းရေးအပိုင်း(၁)က အ.ထ.က ကျောင်းထောင့် ရွှေတိဂုံလမ်းအဝင်တွင်တည်ရှိသော H.V Fuse Dropout အစား Recloser ( Auto Control ) လဲလှယ်တပ်ဆင်ဆောင်ရွက်ရန်အတွက် ဖေဖေါ်ဝါရီလ (၁၀)ရက်နေ့နှင့် (၁၁)ရက်နေ့များတွင် နံနက် (၉)နာရီမှ ညနေ (၃)နာရီအထိ ဝမ်ကောင်းရပ်ကွက် ကချင်ရွာ၊ ဘုရင့်နောင်စျေးတလျှောက်မှ မိုးကုတ်ဝိပဿနာအထိ ၊ ဆန်ဆိုင်း(ခ)ရပ်ကွက် အားကစားရုံလမ်းတစ်လျှောက်မှ ရောင်နီဦးအကွက်အထိ၊ မကာဟိုခမ်းရပ်ကွက် မြို့နယ်ဓမ္မာရုံ၊ ရွှေတိဂုံဘုရား မှ ယာမြေကုန်းရပ်ကွက်အထိ လျှပ်စစ်မီးများ ဖြတ်တောက်ထားမည်ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်မီးများ ဖြတ်တောက်ထားစဉ် လျှပ်စစ်မီးကြိုးများနှင့်မလွတ်သည့် သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်းကို မကာဟိုခမ်းရပ်ကွက် အ.ထ.ကကျောင်းထောင့် နိုင်းနိုင်းလက်ဖက်ရည်ဆိုင်ရှေ့၊ ဝမ်ကောင်းရပ်ကွက် စံပါယ်လှိုင်မုန့်တိုက်ရှေ့၊ မိုးကုတဝိပဿနာကျောင်းတိုက်ရှေ့တို့တွင် လုပ်ဆောင်မည်ဖြစ်ပြီး လုပ်ငန်းများ စောလျှင်စွာ ပြီးစီးပါက သတ်မှတ်ချိန်မတိုင်မီ လျှပ်စစ်မီးပြန်လွှတ်ပေးမည်ဖြစ်ကြောင်း မြို့မီးလင်းရေးကော်မတီက အသိပေးထားသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~