ထုိင္းႏုိင္ငံတြင္ တရားမဝင္ေနထိုင္သူ ၈ ဦးအား ျမန္မာႏုိင္ငံသုိ႔ ျပန္လည္လႊဲေျပာင္းေပး

ထုိင္းႏုိင္ငံတြင္ တရားမဝင္ေနထိုင္သူ ၈ ဦးအား ျမန္မာႏုိင္ငံသုိ႔ ျပန္လည္လႊဲေျပာင္းေပး
ဖေဖော်ဝါရီ 7, 2018
By 🌸
ထုိင္းႏိုင္ငံတြင္  ဖမ္းဆီးခံထားရသည့္ ျမန္မာေရႊ႕ေျပာင္း လုပ္သား(၈)ဦးကို ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕သို႔ ေဖေဖၚဝါရီလ (၇)ရက္ေန႔ နံနက္ (၁၁)နာရီခြဲ၌ ထုိင္းႏိုင္ငံ တာဝန္ရိွသူမ်ားက လာေရာက္လႊဲေျပာင္းေပးေၾကာင္း သိရသည္။

အမ်ိဳးသား (၆)ဦးႏွင့္ အမ်ိဳးသမီး (၂)ဦးပါဝင္သည့္အဖြဲ႕အား  ျမန္မာ - ထုိင္း အမွတ္ (၂) ခ်စ္ၾကည္ေရး တံတားတြင္ ထုိင္းႏိုင္ငံမွ လာေရာက္လႊဲေျပာင္းေပးျခင္းျဖစ္ၿပီး ျမန္မာႏိုင္ငံဘက္မွ ၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အလုပ္သမားလူ၀င္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာဌာန၊ လူကုန္ကူးမွဳ ကာကြယ္တုိက္ဖ်က္ေရး ရဲတပ္ဖြဲ႕တုိ႔မွ စိစစ္လက္ခံႀကိဳဆုိကာ ၎တို႔၏ ေနရပ္အသီးသီးသို႔ ျပန္ႏုိင္ေရး ကူညီေပးထားေၾကာင္း သိရသည္။

အဆိုပါ လႊဲေျပာင္းခံရသူမ်ားမွာ ထုိင္းႏုိင္ငံတြင္ ေနထိုင္ခြင့္ သက္တမ္းလြန္ျခင္း၊ အေထာက္အထားမရွိဘဲ ေနထုိင္ျခင္းစသည္တုိ႔ေၾကာင့္ ျမန္မာႏုိင္ငံသုိ႔ ျပန္လည္ေစလႊတ္ခံရသူမ်ား ျဖစ္ေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံဘက္မွ ျမန္မာႏိုင္ငံ သုိ႔ ျပန္လည္လႊဲေျပာင္းေပးလာၿပီး တာခ်ီလိတ္နယ္စပ္ဝင္ေပါက္မွ လက္ခံထားသည့္  ျမန္မာေရႊ႕ေျပာင္း အလုပ္သမားဦးေရမွာ၂၀၁၈ ခုႏွစ္အတြင္း ေဖေဖၚဝါရီလ (၇)ရက္ေန႔အထိ စုစုေပါင္း အမ်ိဳးသား (၃၄)ဦးႏွင့္ အမ်ိဳးသမီး( ၁၂) ဦး စုစုေပါင္း(၄၆) ဦး ရိွၿပီျဖစ္ေၾကာင္း သိရသည္။

သတင္း #စိုင္းေဇယ်ာ
ဓါတ္ပံု #ၿမိဳ႕နယ္ေထြအုပ္

~~~~~~~~⊰❂ unicode ~~~~~~~~
ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်သူ  ၈ ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေး
*****************
ထိုင်းနိုင်ငံတွင်  ဖမ်းဆီးခံထားရသည့် မြန်မာရွှေ့ပြောင်း လုပ်သား(၈)ဦးကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ဖေဖေါ်ဝါရီလ (၇)ရက်နေ့ နံနက် (၁၁)နာရီခွဲ၌ ထိုင်းနိုင်ငံ တာဝန်ရှိသူများက လာရောက်လွှဲပြောင်းပေးကြောင်း သိရသည်။

အမျိုးသား (၆)ဦးနှင့် အမျိုးသမီး (၂)ဦးပါဝင်သည့်အဖွဲ့အား  မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေး တံတားတွင် ထိုင်းနိုင်ငံမှ လာရောက်လွှဲပြောင်းပေးခြင်းဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန၊ လူကုန်ကူးမှု ကာကွယ်တိုက်ဖျက်ရေး ရဲတပ်ဖွဲ့တို့မှ စိစစ်လက်ခံကြိုဆိုကာ ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်နိုင်ရေး ကူညီပေးထားကြောင်း သိရသည်။

အဆိုပါ လွှဲပြောင်းခံရသူများမှာ ထိုင်းနိုင်ငံတွင် နေထိုင်ခွင့် သက်တမ်းလွန်ခြင်း၊ အထောက်အထားမရှိဘဲ နေထိုင်ခြင်းစသည်တို့ကြောင့် မြန်မာနိုင်ငံသို့ ပြန်လည်စေလွှတ်ခံရသူများ ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံ သို့ ပြန်လည်လွှဲပြောင်းပေးလာပြီး တာချီလိတ်နယ်စပ်ဝင်ပေါက်မှ လက်ခံထားသည့်  မြန်မာရွှေ့ပြောင်း အလုပ်သမားဦးရေမှာ၂၀၁၈ ခုနှစ်အတွင်း ဖေဖေါ်ဝါရီလ (၇)ရက်နေ့အထိ စုစုပေါင်း အမျိုးသား (၃၄)ဦးနှင့် အမျိုးသမီး( ၁၂) ဦး စုစုပေါင်း(၄၆) ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ
ဓါတ်ပုံ #မြို့နယ်ထွေအုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~