တာခ်ီလိတ္မွ ေမြးျမဴေရးၿခံတစ္ၿခံတြင္ မူးယစ္ေဆးေရာင္းဝယ္ေၾကာင္းသတင္းအရ ဝင္ေရာက္ရွာေဖြဖမ္းဆီး

တာခ်ီလိတ္မွ ေမြးျမဴေရးၿခံတစ္ၿခံတြင္ မူးယစ္ေဆးေရာင္းဝယ္ေၾကာင္းသတင္းအရ ဝင္ေရာက္ရွာေဖြဖမ္းဆီး
ဖေဖော်ဝါရီ 11, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ ဖန္မင္အုပ္စု၊ ဝမ္ေက်ာက္လုံ - ပန္စလိရြာသြားကားလမ္းေဘးရွိ ေမြးျမဴေရးၿခံအား ေဖေဖၚဝါရီလ (၁၁)ရက္ေန႔က မူးယစ္ေဆးဝါးသတင္းအရ ဝင္ေရာက္ရွာေဖြရာ စိတ္ႂကြေဆးျပား (၁၉၀၀)ျပား ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု (၃၀)မွ ရဲအုပ္ေက်ာ္စြာထြန္း ဦးစီးအဖြဲ႕၊ ေဟာင္လိတ္ ရဲကင္းစခန္းမွ ရဲအုပ္ခ်မ္းေျမ့ေအာင္၊ စရဖ(တသခ)စု-၂ မွ တကက ရဲလင္းထိုက္တို႔ ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ သက္ေသမ်ားႏွင့္အတူ ၂၀၁၈ ခုနွစ္ ေဖေဖၚဝါရီလ (၁၁) ရက္ေန႔ ေန႔လယ္ (၂)နာရီခြဲအခ်ိန္တြင္ ဝမ္ေက်ာက္လုံ - ပန္စလိရြာ သြားကားလမ္းေဘးရွိ ေမြးျမဴေရးၿခံတြင္ မူးယစ္ေဆးေရာင္းဝယ္ေၾကာင္းသတင္းအရ ဝင္ေရာက္ရွာေဖြရာ ေနအိမ္ဧည့္ခန္းအတြင္း ေရခဲပံုးျဖင့္ထည့္ထားသည့္ WY စာတမ္းပါ စိတ္ႂကြေဆးျပား (၁၉၀၀)ျပားအား ရွာေဖြေတြ႔ရိွရၿပီး ဧည့္ခန္းႏွင့္ ကပ္လ်က္ေဘးခန္းတြင္ စိတ္ႂကြေဆးျပား သုံးစြဲရာ၌ အသုံးျပဳသည့္ ဝါးပိုက္တပ္ထားသည့္ဗူး (၁)ဗူးအား သိမ္းဆည္းရမိေၾကာင္း သိရသည္။

အဆိုပါေနအိမ္တြင္ ေတြ႔ရသည့္ ၿခံေစာင့္ျဖစ္သူ မနားတီအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၁/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က) အရ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

သတင္း #စိုင္းေဇယ်ာ
ဓါတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မှ မွေးမြူရေးခြံတစ်ခြံတွင် မူးယစ်ဆေးရောင်းဝယ်ကြောင်းသတင်းအရ ဝင်ရောက်ရှာဖွေဖမ်းဆီး
*************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ဖန်မင်အုပ်စု၊ ဝမ်ကျောက်လုံ - ပန်စလိရွာသွားကားလမ်းဘေးရှိ မွေးမြူရေးခြံအား ဖေဖေါ်ဝါရီလ (၁၁)ရက်နေ့က မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား (၁၉၀၀)ပြား ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု (၃၀)မှ ရဲအုပ်ကျော်စွာထွန်း ဦးစီးအဖွဲ့၊ ဟောင်လိတ် ရဲကင်းစခန်းမှ ရဲအုပ်ချမ်းမြေ့အောင်၊ စရဖ(တသခ)စု-၂ မှ တကက ရဲလင်းထိုက်တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့ နေ့လယ် (၂)နာရီခွဲအချိန်တွင် ဝမ်ကျောက်လုံ - ပန်စလိရွာ သွားကားလမ်းဘေးရှိ မွေးမြူရေးခြံတွင် မူးယစ်ဆေးရောင်းဝယ်ကြောင်းသတင်းအရ ဝင်ရောက်ရှာဖွေရာ နေအိမ်ဧည့်ခန်းအတွင်း ရေခဲပုံးဖြင့်ထည့်ထားသည့် WY စာတမ်းပါ စိတ်ကြွဆေးပြား (၁၉၀၀)ပြားအား ရှာဖွေတွေ့ရှိရပြီး ဧည့်ခန်းနှင့် ကပ်လျက်ဘေးခန်းတွင် စိတ်ကြွဆေးပြား သုံးစွဲရာ၌ အသုံးပြုသည့် ဝါးပိုက်တပ်ထားသည့်ဗူး (၁)ဗူးအား သိမ်းဆည်းရမိကြောင်း သိရသည်။

အဆိုပါနေအိမ်တွင် တွေ့ရသည့် ခြံစောင့်ဖြစ်သူ မနားတီအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၁၁/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က) အရ အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~