အရက္ေတာင္းေသာက္သည္ကို မတုိက္၍ ဓါးခုတ္မႈျဖစ္ပြား

အရက္ေတာင္းေသာက္သည္ကို မတုိက္၍ ဓါးခုတ္မႈျဖစ္ပြား
ဖေဖော်ဝါရီ 9, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ေဖေဖၚဝါရီလ (၉)ရက္ေန႔က အရက္ေသာက္ေနသူထံ အရက္လာေတာင္းသည္ကို မတုိက္၍ ဓါးခုတ္မႈျဖစ္ပြားေၾကာင္း သိရသည္။

ဆန္ဆိုင္း(ခ)ရပ္ကြက္ ဗိုလ္ခ်ဳပ္လမ္းေဘးရိွ ကားဂိတ္ခံုတန္းတြင္ ၂၀၁၈ ခုႏွစ္ ေဖေဖၚဝါရီလ (၉)ရက္ေန႔ နံနက္ (၇)နာရီခန္႔တြင္ သန္းတင္ဦးဆိုသူက အရက္ေသာက္ေနစဥ္ ကီလိုအတူေကာက္သူ ေဇာ္လင္းဦးဆိုသူေရာက္လာၿပီး အရက္ေတာင္းေသာက္ျခင္းျဖစ္ေၾကာင္း သိရသည္။

အရက္နည္းသျဖင့္ မတိုက္ႏုိင္ေၾကာင္းျပန္ေျပာရာမွ စကားမ်ားရန္ျဖစ္ကာ ေဇာ္လင္းဦးက ဓါးမျဖင့္ လွမ္းခုတ္သျဖင့္ လက္ျဖင့္ကာလုိက္ရာ ယာဘက္လက္ေကာက္ဝတ္တြင္ ဒဏ္ရာရသြားသျဖင့္ အမႈဖြင့္တုိင္တန္းျခင္းျဖစ္ေၾကာင္း သိရသည္။

ဓါးျဖင့္ခုတ္သူ ေဇာ္လင္းဦးအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၄၄/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၂၆ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း #စိုင္းေဇယ်ာ
ဓါတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
အရက်တောင်းသောက်သည်ကို မတိုက်၍ ဓါးခုတ်မှုဖြစ်ပွား
****************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဖေဖေါ်ဝါရီလ (၉)ရက်နေ့က အရက်သောက်နေသူထံ အရက်လာတောင်းသည်ကို မတိုက်၍ ဓါးခုတ်မှုဖြစ်ပွားကြောင်း သိရသည်။

ဆန်ဆိုင်း(ခ)ရပ်ကွက် ဗိုလ်ချုပ်လမ်းဘေးရှိ ကားဂိတ်ခုံတန်းတွင် ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလ (၉)ရက်နေ့ နံနက် (၇)နာရီခန့်တွင် သန်းတင်ဦးဆိုသူက အရက်သောက်နေစဉ် ကီလိုအတူကောက်သူ ဇော်လင်းဦးဆိုသူရောက်လာပြီး အရက်တောင်းသောက်ခြင်းဖြစ်ကြောင်း သိရသည်။

အရက်နည်းသဖြင့် မတိုက်နိုင်ကြောင်းပြန်ပြောရာမှ စကားများရန်ဖြစ်ကာ ဇော်လင်းဦးက ဓါးမဖြင့် လှမ်းခုတ်သဖြင့် လက်ဖြင့်ကာလိုက်ရာ ယာဘက်လက်ကောက်ဝတ်တွင် ဒဏ်ရာရသွားသဖြင့် အမှုဖွင့်တိုင်တန်းခြင်းဖြစ်ကြောင်း သိရသည်။

ဓါးဖြင့်ခုတ်သူ ဇော်လင်းဦးအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၄၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~