သီေပါေဘာ္ႀကိဳဘုရားပြဲတြင္ ယာဥ္ရပ္နားခေကာက္ခံသည့္ႏႈန္းထား ယခင္ႏွစ္ထက္ ေစ်းႏႈန္းျမင့္ေန

သီေပါေဘာ္ႀကိဳဘုရားပြဲတြင္ ယာဥ္ရပ္နားခေကာက္ခံသည့္ႏႈန္းထား ယခင္ႏွစ္ထက္ ေစ်းႏႈန္းျမင့္ေန
ဖေဖော်ဝါရီ 28, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သီေပါၿမိဳ႕နယ္ ေဘာ္ႀကိဳေက်းရြာတြင္ က်င္းပေနသည့္ သမုိင္းဝင္ ေဘာ္ႀကိဳမုေဌာ ေစတီေတာ္ျမတ္ႀကီး၏ ဗုဒၶပူဇနိယတေပါင္းပြဲေတာ္ကာလ ယာဥ္ရပ္နားခေကာက္ခေစ်းႏႈန္းမွာ ယခင္ႏွစ္ထက္ ေစ်းပိုမ်ားေၾကာင္း သိရသည္။

"ေစ်းႀကီးလြန္းတယ္လို႔ထင္တယ္။ သီေပါကေန ေဘာ္ႀကိဳကို ကားနဲ႔သြားရင္ ဆီဖိုးေတာင္ (၅၀၀၀) ေလာက္ပဲကုန္မွာ။ ကားအပ္ခက ၃၀၀၀ ဆိုေတာ့ဘုရားဖူးသြားရမွာေတာင္ စိတ္အေႏွာင့္ယွက္ျဖစ္တယ္။ ေလလံေပးတဲ့ေနရာမွာ ေစ်းႏႈန္းကို သင့္ေလ်ာ္ေအာင္သတ္မွတ္သင့္တယ္ " ဟု သီေပါၿမိဳ႕ မွ ကိုအိုက္ေႏွာင့္က ေျပာသည္။
၂၀၁၇ ခုႏွစ္က ျပဳလုပ္ခဲ့သည့္ ေဘာ္ႀကိဳဘုရားပြဲေတာ္တြင္ ေမာ္ေတာ္ယာဥ္အပ္ခ က်ပ္ (၂၀၀၀) ျဖစ္ၿပီး ေမာ္ေတာ္ဆိုင္ကယ္အပ္ခ က်ပ္ (၅၀၀) ႏႈန္းျဖင့္ ေကာက္ခံခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"ဒါက ဘုရားပြဲမစခင္ကတည္းက ယာဥ္ရပ္နားတဲ့ေနရာေတြကို ေလလံေပးၿပီးေခၚတာ။ ေဂါပကအဖြဲ႔ဝင္ေတြ သေဘာတူညီတဲ့ ေလလံေအာင္တဲ့သူကို ေပးလိုက္တာပါ။ ယာဥ္အပ္ခကကား (၃၀၀၀)၊ ဆိုင္ကယ္ (၁၀၀၀)၊ (၅၀၀) သတ္မွတ္ထားတယ္လို႔ သိရတယ္။ ကၽြန္ေတာ္တို႔ကေတာ့ ဘုရားအတြက္ရံပုန္ေငြတစ္ခုအျဖစ္ ေလလံေၾကးနဲ႔ ေပးလိုက္တာပါ။ ယာဥ္အပ္ခေစ်းႀကီးတယ္၊ မႀကီးဘူးဆုိတာေတာ့ မေျပာတတ္ဘူး " ဟု ေဘာ္ႀကိဳဘုရားမွ ေဂါပကအဖြဲ႔ဝင္တစ္ဦးျဖစ္သည့္ ဦးဝင္းဟန္က တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ေျပာသည္။

သမိုင္းဝင္ေဘာ္ႀကိဳမုေဌာေစတီေတာ္ျမတ္ႀကီး၏ ဗုဒၶပူဇနိယတေပါင္းပြဲေတာ္ကို တေပါင္းလဆန္း (၁၀) ရက္ေန႔ ေဖေဖၚဝါရီလ (၂၄) ရက္ေန႔မွ မတ္လ (၁) ရက္ေန႔ တေပါင္းလျပည့္ေန႔အထိ က်င္းပျပဳလုပ္ေနျခင္းျဖစ္သည္။

ေဘာ္ႀကိဳဘုရားပြဲေတာ္ အစရက္မွ အဆံုးရက္အထိ ေမာ္ေတာ္ယာဥ္အပ္ဌာနအတြက္ ေလလံေၾကး (၁၇) သိန္း ႏွင့္ ေမာ္ေတာ္ဆိုင္ကယ္အပ္ဌာနအတြက္ ေလလံေၾကး (၁၀)သိန္းျဖင့္ "ေရႊဟသၤာ" အဖြဲ႔က ေလလံ ေအာင္ျမင္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

ေဘာ္ႀကိဳဘုရားပြဲတြင္ ယာဥ္အပ္ႏွံရာဌာန ေလလံေအာင္ျမင္ထားသည့္ ေရႊဟသၤာအဖြဲ႔မွ ေၾကညာေပးထားေသာ ဖုန္းနံပါတ္အား တာခ်ီလိတ္သတင္းေအဂ်င္စီသတင္းေထာက္က ဆက္သြယ္စံုစမ္းရာ စက္ပိတ္ထားသျဖင့္ ဆက္သြယ္၍ မရခဲ့ေၾကာငး္ သိရသည္။

သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
သီပေါဘော်ကြိုဘုရားပွဲတွင် ယာဉ်ရပ်နားခကောက်ခံသည့်နှုန်းထား ယခင်နှစ်ထက် ဈေးနှုန်းမြင့်နေ
***********
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် ဘော်ကြိုကျေးရွာတွင် ကျင်းပနေသည့် သမိုင်းဝင် ဘော်ကြိုမုဌော စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကာလ ယာဉ်ရပ်နားခကောက်ခဈေးနှုန်းမှာ ယခင်နှစ်ထက် ဈေးပိုများကြောင်း သိရသည်။

"ဈေးကြီးလွန်းတယ်လို့ထင်တယ်။ သီပေါကနေ ဘော်ကြိုကို ကားနဲ့သွားရင် ဆီဖိုးတောင် (၅၀၀၀) လောက်ပဲကုန်မှာ။ ကားအပ်ခက ၃၀၀၀ ဆိုတော့ဘုရားဖူးသွားရမှာတောင် စိတ်အနှောင့်ယှက်ဖြစ်တယ်။ လေလံပေးတဲ့နေရာမှာ ဈေးနှုန်းကို သင့်လျော်အောင်သတ်မှတ်သင့်တယ် " ဟု သီပေါမြို့ မှ ကိုအိုက်နှောင့်က ပြောသည်။

၂၀၁၇ ခုနှစ်က ပြုလုပ်ခဲ့သည့် ဘော်ကြိုဘုရားပွဲတော်တွင် မော်တော်ယာဉ်အပ်ခ ကျပ် (၂၀၀၀) ဖြစ်ပြီး မော်တော်ဆိုင်ကယ်အပ်ခ ကျပ် (၅၀၀) နှုန်းဖြင့် ကောက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဒါက ဘုရားပွဲမစခင်ကတည်းက ယာဉ်ရပ်နားတဲ့နေရာတွေကို လေလံပေးပြီးခေါ်တာ။ ဂေါပကအဖွဲ့ဝင်တွေ သဘောတူညီတဲ့ လေလံအောင်တဲ့သူကို ပေးလိုက်တာပါ။ ယာဉ်အပ်ခကကား (၃၀၀၀)၊ ဆိုင်ကယ် (၁၀၀၀)၊ (၅၀၀) သတ်မှတ်ထားတယ်လို့ သိရတယ်။ ကျွန်တော်တို့ကတော့ ဘုရားအတွက်ရံပုန်ငွေတစ်ခုအဖြစ် လေလံကြေးနဲ့ ပေးလိုက်တာပါ။ ယာဉ်အပ်ခဈေးကြီးတယ်၊ မကြီးဘူးဆိုတာတော့ မပြောတတ်ဘူး " ဟု ဘော်ကြိုဘုရားမှ ဂေါပကအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးဝင်းဟန်က တာချီလိတ်သတင်းအေဂျင်စီ သို့ပြောသည်။

သမိုင်းဝင်ဘော်ကြိုမုဌောစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကို တပေါင်းလဆန်း (၁၀) ရက်နေ့ ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့မှ မတ်လ (၁) ရက်နေ့ တပေါင်းလပြည့်နေ့အထိ ကျင်းပပြုလုပ်နေခြင်းဖြစ်သည်။

ဘော်ကြိုဘုရားပွဲတော် အစရက်မှ အဆုံးရက်အထိ မော်တော်ယာဉ်အပ်ဌာနအတွက် လေလံကြေး (၁၇) သိန်း နှင့် မော်တော်ဆိုင်ကယ်အပ်ဌာနအတွက် လေလံကြေး (၁၀)သိန်းဖြင့် "ရွှေဟင်္သာ" အဖွဲ့က လေလံ အောင်မြင်ထားခြင်းဖြစ်ကြောင်း သိရသည်။

ဘော်ကြိုဘုရားပွဲတွင် ယာဉ်အပ်နှံရာဌာန လေလံအောင်မြင်ထားသည့် ရွှေဟင်္သာအဖွဲ့မှ ကြေညာပေးထားသော ဖုန်းနံပါတ်အား တာချီလိတ်သတင်းအေဂျင်စီသတင်းထောက်က ဆက်သွယ်စုံစမ်းရာ စက်ပိတ်ထားသဖြင့် ဆက်သွယ်၍ မရခဲ့ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~