ေရႊတာခ်ီလူမႈေရးအသင္း၊ ေရႊတာခ်ီခရီးသြားလုပ္ငန္း မွ (၆)ႏွစ္ေျမာက္အျဖစ္ အသင္းသားမ်ားေတြ႔ဆံု ဂုဏ္ျပဳလက္မွတ္မ်ားေပးအပ္ၿပီး ေကာ္မတီမွ ထုတ္ပယ္ထားသူအား မဲစနစ္ျဖင့္ ျပန္လည္ လက္ခံ

ေရႊတာခ်ီလူမႈေရးအသင္း၊ ေရႊတာခ်ီခရီးသြားလုပ္ငန္း မွ (၆)ႏွစ္ေျမာက္အျဖစ္ အသင္းသားမ်ားေတြ႔ဆံု ဂုဏ္ျပဳလက္မွတ္မ်ားေပးအပ္ၿပီး ေကာ္မတီမွ ထုတ္ပယ္ထားသူအား မဲစနစ္ျဖင့္ ျပန္လည္ လက္ခံ
ဖေဖော်ဝါရီ 15, 2018
By Tachileik News Agency

တာခ်ီလိတ္တြင္ ခရီးတိုေျပးဆြဲေနေသာ ဆိုင္ကယ္တကၠစီမ်ား၏ အသင္းျဖစ္သည့္ ေရႊတာခ်ီလူမႈ ကူညီေရးအသင္း၊ ေရႊတာခ်ီခရီးသြားလုပ္ငန္း၏ ဆ႒မအႀကိမ္ေျမာက္ အသင္းသားမ်ားေတြ႔ဆံုပြဲ ႏွင့္ အတူ ေကာ္မတီမွ ထုတ္ပယ္ထားသူႏွင့္ ပတ္သက္၍ အသင္းသားမ်ား၏ မဲဆႏၵျဖင့္ ေထာက္ခံမႈရယူကာ ျပန္လည္၍ လက္ခံေပးျခင္း အခမ္းအနားအား က်င္းပျပဳလုပ္ရာ ေရႊတာခ်ီခရီးသြား လုပ္ငန္းမွ ဆိုင္ကယ္တကၠစီ ေျပးဆြဲသူ (၆၀၀)ေက်ာ္ တက္ေရာက္လာခဲ့ေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားအား ၂၀၁၈ခုႏွစ္ ေဖေဖာ္၀ါရီလ(၁၅)ရက္ေန႔ ေန႔လယ္(၁၂)နာရီက စ၍ ညေန(၄)နာရီအထိ တာခ်ီလိတ္ၿမိဳ႕ ေမဖလားဝါးကြင္းရွိ ဟုတ္တက္မဂၤလာခန္းမတြင္ က်င္းပျပဳလုပ္ခဲ့ျခင္း ျဖစ္သည္။

အခမ္းအနားတြင္ ေကာ္မတီ၀င္အျဖစ္မွ ထုတ္ပယ္ထားေသာ ဦးေက်ာ္ျမင့္က အသင္းမွ ျပန္လည္ၿပီး လက္ခံေပးရန္ ဆႏၵျပဳေတာင္းဆိုသည့္ ကိစၥႏွင့္ ပတ္သက္၍ အသင္း၏ အလုပ္အမႈေဆာင္ အဖြဲ႔၀င္မ်ားက ျပန္လည္ လက္ခံရန္ သင့္/မသင့္ကို အသင္းသားမ်ားထံက လွ်ဳိ႕၀ွက္မဲ ရယူကာ ဆံုးျဖတ္ခဲ့ၾကရာတြင္ ေကာ္မတီ၀င္အျဖစ္ ေထာက္ခံမဲ(၃၁၉)မဲ၊ ကန္႔ကြက္မဲ (၂၈၉)မဲ ရရွိရာ ေထာက္ခံမဲမ်ားသည့္ အတြက္ ေကာ္မတီ၀င္အျဖစ္  အလုပ္အမႈေဆာင္အဖြဲ႔က ျပန္လည္ လက္ခံလိုက္ေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားသို႔ ေရႊတာခ်ီလူမႈကူညီေရးအသင္း၊ေရႊတာခ်ီခရီးသြားလုပ္ငန္းမွ နာယကမ်ားျဖစ္သည့္ ဦးအာဇီး၊ ဦးဘိုေလး ႏွင့္ ဦးထြန္းေနဦး အပါအ၀င္၊ ဥကၠဌ ဦးဘိုစံ၊ လူမႈဆက္ဆံေရးမွဴး ဦးဘမိုးျမင့္၊ ဘ႑ာေရးမွဴးႏွင့္ စည္းကမ္းထိန္းသိမ္းေရးမွဴး ဦးေက်ာ္ဇင္ဟိန္း၊ ရံုးအဖြဲ႔မွဴး ဦးမ်ဳိးျမင့္ ႏွင့္ အလုပ္အမႈေဆာင္ အဖြဲ႔၀င္မ်ားႏွင့္ အတူ ဆိုင္ကယ္တကၠစီ ေျပးဆြဲသူ (၆၀၀)ေက်ာ္ တက္ေရာက္ လာခဲ့ၾကသည္။

အခမ္းအနားတြင္ ေရႊတာခ်ီလူမႈကူညီေရးအသင္း၊ေရႊတာခ်ီခရီးသြားလုပ္ငန္း ဥကၠဌ ဦးဘိုစံက "ေရႊတာခ်ီအသင္းႀကီးဟာ အသင္းေကာ္မတီမွ အသင္းသား(၉၀၀)ေက်ာ္ကို ထိန္းေက်ာင္းျခင္း၊ အသင္းသား (၉၀၀)ေက်ာ္က ေကာ္မတီမ်ားကို ျပန္လည္ ထိန္းေက်ာင္းျခင္းျဖင့္ အျပန္အလွန္ နားလည္မႈ ရယူ၍ အသင္းႀကီးေရွ႕သို႔ ေရာက္ရွိေစရန္ လုပ္ငန္းမ်ားကို စတင္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ ေနပါၿပီ၊ လတ္တေလာမွာ ဘ႑ာေရးစစ္ေဆးေရးအဖြဲ႔အျပင္ ေရွာင္တခင္ စစ္ေဆးမည့္ အဖြဲ႔အျဖစ္ ဦးတိုးျမင့္ ဦးေဆာင္ၿပီး အဖြဲ႔၀င္(၅)ဦးပါတဲ့ အဖြဲ႔ကိုလည္း ဖြဲ႔စည္းထားၿပီး ျဖစ္ပါတယ္၊ အဲ့ဒီအျပင္ အသင္းသားမ်ားနဲ႔ ေကာ္မတီ အဖြဲ႔ ၾကားမွာ ညႇိႏႈိင္းေရး ကိုယ္စားလွယ္အဖြဲ႔ကိုလည္း အင္အား(၁၀)ဦးထက္
မနည္း ဆက္လက္ဖြဲ႕စည္းသြားဦးမွာ ျဖစ္ပါတယ္၊ အဲ့ဒီအဖြဲ႔ဟာ အသင္းသားမ်ားနဲ႔ေကာ္မတီတို႔အၾကား ေပါင္းကူးတံတားအျဖစ္ ေဆာင္ရြက္ေပးသြားမွာ ျဖစ္သလို အသင္းသားမ်ားနဲ႔ ပတ္သက္ၿပီး သံုးစြဲသြားရမဲ့ ေငြေရး၊ ေၾကးေရးမူ၀ါဒ(မူေဘာင္)မ်ားကိုလည္း ခ်မွတ္ေရးဆြဲျခင္း၊ အသင္းႀကီး ေရရွည္ ရပ္တည္ႏိုင္မည့္ မူ၀ါဒေရးဆြဲျခင္းမ်ားကိုလည္း အခ်ိန္နဲ႔တစ္ေျပးညီ လုပ္ေဆာင္သြားေတာ့မွာ ျဖစ္ပါေၾကာင္း တင္ျပလိုပါတယ္"ဟု အဖြင့္အမွာ စကားအျဖစ္ ေျပာၾကားသြားသည္။

ေရႊတာခ်ီလူမႈ ကူညီေရးအသင္း၊ ေရႊတာခ်ီခရီးသြားလုပ္ငန္း အေနျဖင့္ အသင္းသားမ်ားအတြက္ အသင္းသား နာေရး ႏွင့္ အသင္းသား မိသားစု၀င္ နာေရးမ်ား အျပင္ ေရွ႕ဆက္ကာ ရွင္မႈကူညီေရးမ်ားကိုပါ မူေဘာင္မ်ား ေရးဆြဲ၍ ကူညီေဆာင္ရြက္ေပးသြားမည္ ျဖစ္ေၾကာင္း ၎မွ ထပ္ေလာင္း အသိေပးေျပာၾကားသြားသည္။

အခမ္းအနားတြင္ အသင္း၏ လုပ္ငန္းစဥ္မ်ား၊ တစ္ႏွစ္တာဘ႑ာေရးေဆာင္ရြက္ခ်က္မ်ား၊ တစ္ႏွစ္တာ ဘ႑ာေရးသံုးစြဲမႈ စစ္ေဆးျခင္းအေပၚ သံုးသပ္ခ်က္မ်ားကို သက္ဆိုင္ရာ အသီးသီးက ရွင္းလင္း ေျပာၾကားသြားၿပီးေနာက္  ေရႊတာခ်ီလူမႈကူညီေရးအသင္း၊ေရႊတာခ်ီခရီးသြားလုပ္ငန္းမွ နာယကမ်ားႏွင့္ ဥကၠဌ အပါအ၀င္ အလုပ္အမႈေဆာင္ အဖြဲ႔၀င္မ်ားက ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ႏွင့္အတူ အမွတ္တရ လက္ေဆာင္ပစၥည္းမ်ား ေပးအပ္ခ်ီးျမႇင့္ေၾကာင္း သိရသည္။

ဂုဏ္ျပဳမွတ္တမ္းလႊာမ်ားေပးအပ္ခ်ီးျမႇင့္ရာတြင္ ဆိုင္ကယ္တကၠစီအက်ႌရရွိရန္ ရွာေဖြ၍ အသင္းႀကီးႏွင့္ ခ်ိ္တ္ဆက္ေဆာင္ရြက္ ေပးခဲ့ၾကသူမ်ားအားလည္းေကာင္း၊ မီးသတ္ႏွင့္ေရွ႕ဦးျပဳစုျခင္း ၁/၂၀၁၇ သင္တန္းသို႔ တက္ေရာက္ခဲ့သည့္ အသင္းသားမ်ားအား လည္ေကာင္း၊ ေဒသတြင္း မႈခင္းက်ဆင္းေရး လုပ္ငန္းမ်ားတြက္ ပူးေပါင္း ပါ၀င္ခဲ့ၾကသူမ်ားအား လည္းေကာင္း အသီးသီးေပးအပ္ခ်ီးျမႇင့္ခဲ့ၾကျခင္း ျဖစ္ေၾကာင္း သိရသည္

ေရႊတာခ်ီလူမႈ ကူညီေရး အသင္း၊ ေရႊတာခ်ီခရီးသြားလုပ္ငန္းတြင္ ဆိုင္ကယ္တကၠစီေျပးဆြဲသူ အသင္းသား စုစုေပါင္း (၉၂၀)ေက်ာ္ရွိေၾကာင္း သိရွိရသည္။

ဓာတ္ပံု - #ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်တွင် ခရီးတိုပြေးဆွဲနေသော ဆိုင်ကယ်တက္ကစီများ၏ အသင်းဖြစ်သည့် ရွှေတာချီလူမှု ကူညီရေးအသင်း၊ ရွှေတာချီခရီးသွားလုပ်ငန်း၏ ဆဋ္ဌမအကြိမ်မြောက် အသင်းသားများတွေ့ဆုံပွဲ နှင့် အတူ ကော်မတီမှ ထုတ်ပယ်ထားသူနှင့် ပတ်သက်၍ အသင်းသားများ၏ မဲဆန္ဒဖြင့် ထောက်ခံမှုရယူကာ ပြန်လည်၍ လက်ခံပေးခြင်း အခမ်းအနားအား ကျင်းပပြုလုပ်ရာ ရွှေတာချီခရီးသွား လုပ်ငန်းမှ ဆိုင်ကယ်တက္ကစီ ပြေးဆွဲသူ (၆၀၀)ကျော် တက်ရောက်လာခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားအား ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ(၁၅)ရက်နေ့ နေ့လယ်(၁၂)နာရီက စ၍ ညနေ(၄)နာရီအထိ တာချီလိတ်မြို့ မေဖလားဝါးကွင်းရှိ ဟုတ်တက်မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အခမ်းအနားတွင် ကော်မတီဝင်အဖြစ်မှ ထုတ်ပယ်ထားသော ဦးကျော်မြင့်က အသင်းမှ ပြန်လည်ပြီး လက်ခံပေးရန် ဆန္ဒပြုတောင်းဆိုသည့် ကိစ္စနှင့် ပတ်သက်၍ အသင်း၏ အလုပ်အမှုဆောင် အဖွဲ့ဝင်များက ပြန်လည် လက်ခံရန် သင့်/မသင့်ကို အသင်းသားများထံက လျှို့ဝှက်မဲ ရယူကာ ဆုံးဖြတ်ခဲ့ကြရာတွင် ကော်မတီဝင်အဖြစ် ထောက်ခံမဲ(၃၁၉)မဲ၊ ကန့်ကွက်မဲ (၂၈၉)မဲ ရရှိရာ ထောက်ခံမဲများသည့် အတွက် ကော်မတီဝင်အဖြစ် အလုပ်အမှုဆောင်အဖွဲ့က ပြန်လည် လက်ခံလိုက်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ရွှေတာချီလူမှုကူညီရေးအသင်း၊ရွှေတာချီခရီးသွားလုပ်ငန်းမှ နာယကများဖြစ်သည့် ဦးအာဇီး၊ ဦးဘိုလေး နှင့် ဦးထွန်းနေဦး အပါအဝင်၊ ဥက္ကဌ ဦးဘိုစံ၊ လူမှုဆက်ဆံရေးမှူး ဦးဘမိုးမြင့်၊ ဘဏ္ဍာရေးမှူးနှင့် စည်းကမ်းထိန်းသိမ်းရေးမှူး ဦးကျော်ဇင်ဟိန်း၊ ရုံးအဖွဲ့မှူး ဦးမျိုးမြင့် နှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် အတူ ဆိုင်ကယ်တက္ကစီ ပြေးဆွဲသူ (၆၀၀)ကျော် တက်ရောက် လာခဲ့ကြသည်။

အခမ်းအနားတွင် ရွှေတာချီလူမှုကူညီရေးအသင်း၊ရွှေတာချီခရီးသွားလုပ်ငန်း ဥက္ကဌ ဦးဘိုစံက "ရွှေတာချီအသင်းကြီးဟာ အသင်းကော်မတီမှ အသင်းသား(၉၀၀)ကျော်ကို ထိန်းကျောင်းခြင်း၊ အသင်းသား (၉၀၀)ကျော်က ကော်မတီများကို ပြန်လည် ထိန်းကျောင်းခြင်းဖြင့် အပြန်အလှန် နားလည်မှု ရယူ၍ အသင်းကြီးရှေ့သို့ ရောက်ရှိစေရန် လုပ်ငန်းများကို စတင် အကောင်အထည်ဖော် ဆောင်ရွက် နေပါပြီ၊ လတ်တလောမှာ ဘဏ္ဍာရေးစစ်ဆေးရေးအဖွဲ့အပြင် ရှောင်တခင် စစ်ဆေးမည့် အဖွဲ့အဖြစ် ဦးတိုးမြင့် ဦးဆောင်ပြီး အဖွဲ့ဝင်(၅)ဦးပါတဲ့ အဖွဲ့ကိုလည်း ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်၊ အဲ့ဒီအပြင် အသင်းသားများနဲ့ ကော်မတီ အဖွဲ့ ကြားမှာ ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ကိုလည်း အင်အား(၁၀)ဦးထက်
မနည်း ဆက်လက်ဖွဲ့စည်းသွားဦးမှာ ဖြစ်ပါတယ်၊ အဲ့ဒီအဖွဲ့ဟာ အသင်းသားများနဲ့ကော်မတီတို့အကြား ပေါင်းကူးတံတားအဖြစ် ဆောင်ရွက်ပေးသွားမှာ ဖြစ်သလို အသင်းသားများနဲ့ ပတ်သက်ပြီး သုံးစွဲသွားရမဲ့ ငွေရေး၊ ကြေးရေးမူဝါဒ(မူဘောင်)များကိုလည်း ချမှတ်ရေးဆွဲခြင်း၊ အသင်းကြီး ရေရှည် ရပ်တည်နိုင်မည့် မူဝါဒရေးဆွဲခြင်းများကိုလည်း အချိန်နဲ့တစ်ပြေးညီ လုပ်ဆောင်သွားတော့မှာ ဖြစ်ပါကြောင်း တင်ပြလိုပါတယ်"ဟု အဖွင့်အမှာ စကားအဖြစ် ပြောကြားသွားသည်။

ရွှေတာချီလူမှု ကူညီရေးအသင်း၊ ရွှေတာချီခရီးသွားလုပ်ငန်း အနဖြေင့် အသင်းသားများအတွက် အသင်းသား နာရေး နှင့် အသင်းသား မိသားစုဝင် နာရေးများ အပြင် ရှေ့ဆက်ကာ ရှင်မှုကူညီရေးများကိုပါ မူဘောင်များ ရေးဆွဲ၍ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၎င်းမှ ထပ်လောင်း အသိပေးပြောကြားသွားသည်။

အခမ်းအနားတွင် အသင်း၏ လုပ်ငန်းစဉ်များ၊ တစ်နှစ်တာဘဏ္ဍာရေးဆောင်ရွက်ချက်များ၊ တစ်နှစ်တာ ဘဏ္ဍာရေးသုံးစွဲမှု စစ်ဆေးခြင်းအပေါ် သုံးသပ်ချက်များကို သက်ဆိုင်ရာ အသီးသီးက ရှင်းလင်း ပြောကြားသွားပြီးနောက် ရွှေတာချီလူမှုကူညီရေးအသင်း၊ရွှေတာချီခရီးသွားလုပ်ငန်းမှ နာယကများနှင့် ဥက္ကဌ အပါအဝင် အလုပ်အမှုဆောင် အဖွဲ့ဝင်များက ဂုဏ်ပြုမှတ်တမ်းလွှာများ နှင့်အတူ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။

ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်ရာတွင် ဆိုင်ကယ်တက္ကစီအင်္ကျီရရှိရန် ရှာဖွေ၍ အသင်းကြီးနှင့် ချိ်တ်ဆက်ဆောင်ရွက် ပေးခဲ့ကြသူများအားလည်းကောင်း၊ မီးသတ်နှင့်ရှေ့ဦးပြုစုခြင်း ၁/၂၀၁၇ သင်တန်းသို့ တက်ရောက်ခဲ့သည့် အသင်းသားများအား လည်ကောင်း၊ ဒေသတွင်း မှုခင်းကျဆင်းရေး လုပ်ငန်းများတွက် ပူးပေါင်း ပါဝင်ခဲ့ကြသူများအား လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်

ရွှေတာချီလူမှု ကူညီရေး အသင်း၊ ရွှေတာချီခရီးသွားလုပ်ငန်းတွင် ဆိုင်ကယ်တက္ကစီပြေးဆွဲသူ အသင်းသား စုစုပေါင်း (၉၂၀)ကျော်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ - #ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~