တာခ်ီလိတ္ ႏွင့္ မိုင္းဆတ္အၾကား ေဖေဖာ္၀ါရီလ(၅)ရက္ေန႔ နံနက္ပိုင္းက ငလ်င္(၁)ႀကိမ္လႈပ္ခတ္သြား၊ သံုးရက္အတြင္း (၇)ႀကိမ္လႈပ္ခတ္

တာခ်ီလိတ္ ႏွင့္ မိုင္းဆတ္အၾကား ေဖေဖာ္၀ါရီလ(၅)ရက္ေန႔ နံနက္ပိုင္းက ငလ်င္(၁)ႀကိမ္လႈပ္ခတ္သြား၊ သံုးရက္အတြင္း (၇)ႀကိမ္လႈပ္ခတ္
ဖေဖော်ဝါရီ 5, 2018
By Tachileik News Agency

ျမန္မာ - ထိုင္း နယ္စပ္၊ တာခ်ီလိတ္ ႏွင့္ မိုင္းဆတ္အၾကားတြင္ ေဖေဖာ္၀ါရီလ(၅)ရက္ေန႔အကူးတြင္ ငလ်င္တစ္ႀကိမ္ လႈပ္ခတ္သြားခဲ့ရာ ေဖေဖာ္၀ါရီလ (၃)ရက္ေန႔မွ (၅)ရက္ေန႔အထိ စုစုေပါင္း(၇)ႀကိမ္ လႈပ္ခတ္ခဲ့ေၾကာင္း သိရသည္။

၂၀၁၈ခုႏွစ္ ေဖေဖာ္၀ါရီလ(၅)ရက္ေန႔ နံနက္(၁)နာရီ (၃၁)မိနစ္ (၁၉)စကၠန္႔အခ်ိန္က တာခ်ီလိတ္ ႏွင့္ မိုင္းဆတ္အၾကားတြင္  အင္အား ရစ္(ခ္)တာစေကး(၃.၁)အဆင့္ရွိ  ငလ်င္တစ္ႀကိမ္ လႈပ္ခတ္သြားခဲ့ေၾကာင္း ထိုင္းႏိုင္ငံ ငလ်င္တိုင္းတာေရးဌာန(seismology)က ေဖာ္ျပထားရွိသည္။

၂၀၁၈ခုႏွစ္ ေဖေဖာ္၀ါရီလ(၃)ရက္ေန႔ ည(၉)နာရီ(၅၉)မိနစ္ (၁၀)စကၠန္႔အခ်ိန္က အင္အား ရစ္(ခ္)တာစေကး(၅.၁)အဆင့္ရွိ ငလ်င္သည္ သိသိသာသာအေနျဖင့္ တာခ်ီလိတ္ ႏွင့္ မိုင္းဆတ္အၾကားအား ဗဟိုျပဳကာ လႈပ္ခတ္သြားၿပီးေနာက္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တစ္ခုလံုးသို႔ လႈပ္ခတ္ေစခဲ့ၿပီး ထိုင္းႏိုင္ငံ ခ်င္းရိုင္းႏွင့္ ခ်င္းမိုင္တို႔တြင္လည္း တစ္ခ်ိန္တည္းမွာပင္ လႈပ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

၂၀၁၈ခုႏွစ္ ေဖေဖာ္၀ါရီလ(၃)ရက္ေန႔က တာခ်ီလိတ္ႏွင့္ မိုင္းဆတ္အၾကား ဗဟိုျပဳ၍ ည(၉)နာရီ(၅၉)မိနစ္ (၁၀)စကၠန္႔အခ်ိန္က အင္အား ရစ္(ခ္)တာစေကး(၅.၁)အဆင့္ရွိ သိသိသာသာ ငလ်င္တစ္ႀကိမ္ လႈပ္ခတ္သြားခဲ့ၿပီးေနာက္ ည(၁၀)နာရီ (၁)မိနစ္ (၅၀)စကၠန္႔အခ်ိန္က အင္အား ရစ္(ခ္)တာစေကး(၃.၇)အဆင့္ရွိ ငလ်င္တစ္ႀကိမ္ ႏွင့္ ည(၁၀)နာရီ (၁၃)မိနစ္ (၃၉)စကၠန္႔အခ်ိန္က အင္အား ရစ္(ခ္)တာစေကး(၃.၃)အဆင့္ရွိ ငလ်င္တစ္ႀကိမ္ လႈပ္ခတ္သြားခဲ့ရာ ေဖေဖာ္၀ါရီလ(၃)ရက္ေန႔ ညပိုင္းက တာခ်ီလိတ္တြင္ ငလ်င္(၃)ႀကိမ္လႈပ္ခတ္သြားခဲ့ျခင္း ျဖစ္သည္။

၂၀၁၈ခုႏွစ္ ေဖေဖာ္၀ါရီလ(၄)ရက္ေန႔အကူး (၀၀း၄၄)နာရီ(၀၉)စကၠန္႔အခ်ိန္က အင္အား ရစ္(ခ္)တာစေကး(၄.၀)အဆင့္ရွိ အလတ္စား ငလ်င္တစ္ႀကိမ္ လႈပ္ခတ္သြားခဲ့ၿပီး နံနက္(၄)နာရီ(၁၅)မိနစ္(၃၂)စကၠန္႔တြင္  အင္အား ရစ္(ခ္)တာစေကး(၂.၂)အဆင့္ရွိ အေသးစား ငလ်င္တစ္ႀကိမ္ ႏွင့္ နံနက္(၄)နာရီ(၂၂)မိနစ္(၃၇)စကၠန္႔တြင္  အင္အား ရစ္(ခ္)တာစေကး(၂.၃)အဆင့္ရွိ အေသးစား ငလ်င္တစ္ႀကိမ္ စုစုေပါင္း(၃)ႀကိမ္ လႈပ္ခတ္သြားေၾကာင္း သိရသည္။

ေဖေဖာ္၀ါရီလ (၃)ရက္ေန႔က အင္အား ရစ္(ခ္)တာစေကး(၅.၁)အဆင့္ရွိ ငလ်င္သည္ စတင္ လႈပ္ခတ္ခဲ့ၿပီးေနာက္ မစိုးရိမ္ရသည့္ အင္အား ရစ္(ခ္)တာစေကး(၃.၇)အဆင့္မွ အင္အား ရစ္(ခ္)တာစေကး(၂.၂)အဆင့္ရွိ ငလ်င္မ်ားသည္ ေဖေဖာ္၀ါရီလ (၃)ရက္ေန႔က (၃)ႀကိမ္၊ ေဖေဖာ္၀ါရီလ(၄)ရက္ေန႔က (၃)ႀကိမ္ ႏွင့္ ယေန႔ ေဖေဖာ္၀ါရီလ(၅)ရက္ေန႔ အကူး နံနက္က(၁)ႀကိမ္ စုစုေပါင္း (၃)ရက္အတြင္း တာခ်ီလိတ္ ႏွင့္ မိုင္းဆတ္အၾကားတြင္ ငလ်င္(၇)ႀကိမ္လႈပ္ခတ္သြားခဲ့သည္။


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်း နယ်စပ်၊ တာချီလိတ် နှင့် မိုင်းဆတ်အကြားတွင် ဖေဖော်ဝါရီလ(၅)ရက်နေ့အကူးတွင် ငလျင်တစ်ကြိမ် လှုပ်ခတ်သွားခဲ့ရာ ဖေဖော်ဝါရီလ (၃)ရက်နေ့မှ (၅)ရက်နေ့အထိ စုစုပေါင်း(၇)ကြိမ် လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ(၅)ရက်နေ့ နံနက်(၁)နာရီ (၃၁)မိနစ် (၁၉)စက္ကန့်အချိန်က တာချီလိတ် နှင့် မိုင်းဆတ်အကြားတွင် အင်အား ရစ်(ခ်)တာစကေး(၃.၁)အဆင့်ရှိ ငလျင်တစ်ကြိမ် လှုပ်ခတ်သွားခဲ့ကြောင်း ထိုင်းနိုင်ငံ ငလျင်တိုင်းတာရေးဌာန(seismology)က ဖော်ပြထားရှိသည်။

၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့ ည(၉)နာရီ(၅၉)မိနစ် (၁၀)စက္ကန့်အချိန်က အင်အား ရစ်(ခ်)တာစကေး(၅.၁)အဆင့်ရှိ ငလျင်သည် သိသိသာသာအနဖြေင့် တာချီလိတ် နှင့် မိုင်းဆတ်အကြားအား ဗဟိုပြုကာ လှုပ်ခတ်သွားပြီးနောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တစ်ခုလုံးသို့ လှုပ်ခတ်စေခဲ့ပြီး ထိုင်းနိုင်ငံ ချင်းရိုင်းနှင့် ချင်းမိုင်တို့တွင်လည်း တစ်ချိန်တည်းမှာပင် လှုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့က တာချီလိတ်နှင့် မိုင်းဆတ်အကြား ဗဟိုပြု၍ ည(၉)နာရီ(၅၉)မိနစ် (၁၀)စက္ကန့်အချိန်က အင်အား ရစ်(ခ်)တာစကေး(၅.၁)အဆင့်ရှိ သိသိသာသာ ငလျင်တစ်ကြိမ် လှုပ်ခတ်သွားခဲ့ပြီးနောက် ည(၁၀)နာရီ (၁)မိနစ် (၅၀)စက္ကန့်အချိန်က အင်အား ရစ်(ခ်)တာစကေး(၃.၇)အဆင့်ရှိ ငလျင်တစ်ကြိမ် နှင့် ည(၁၀)နာရီ (၁၃)မိနစ် (၃၉)စက္ကန့်အချိန်က အင်အား ရစ်(ခ်)တာစကေး(၃.၃)အဆင့်ရှိ ငလျင်တစ်ကြိမ် လှုပ်ခတ်သွားခဲ့ရာ ဖေဖော်ဝါရီလ(၃)ရက်နေ့ ညပိုင်းက တာချီလိတ်တွင် ငလျင်(၃)ကြိမ်လှုပ်ခတ်သွားခဲ့ခြင်း ဖြစ်သည်။

၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ(၄)ရက်နေ့အကူး (ဝဝး၄၄)နာရီ(ဝ၉)စက္ကန့်အချိန်က အင်အား ရစ်(ခ်)တာစကေး(၄.ဝ)အဆင့်ရှိ အလတ်စား ငလျင်တစ်ကြိမ် လှုပ်ခတ်သွားခဲ့ပြီး နံနက်(၄)နာရီ(၁၅)မိနစ်(၃၂)စက္ကန့်တွင် အင်အား ရစ်(ခ်)တာစကေး(၂.၂)အဆင့်ရှိ အသေးစား ငလျင်တစ်ကြိမ် နှင့် နံနက်(၄)နာရီ(၂၂)မိနစ်(၃၇)စက္ကန့်တွင် အင်အား ရစ်(ခ်)တာစကေး(၂.၃)အဆင့်ရှိ အသေးစား ငလျင်တစ်ကြိမ် စုစုပေါင်း(၃)ကြိမ် လှုပ်ခတ်သွားကြောင်း သိရသည်။

ဖေဖော်ဝါရီလ (၃)ရက်နေ့က အင်အား ရစ်(ခ်)တာစကေး(၅.၁)အဆင့်ရှိ ငလျင်သည် စတင် လှုပ်ခတ်ခဲ့ပြီးနောက် မစိုးရိမ်ရသည့် အင်အား ရစ်(ခ်)တာစကေး(၃.၇)အဆင့်မှ အင်အား ရစ်(ခ်)တာစကေး(၂.၂)အဆင့်ရှိ ငလျင်များသည် ဖေဖော်ဝါရီလ (၃)ရက်နေ့က (၃)ကြိမ်၊ ဖေဖော်ဝါရီလ(၄)ရက်နေ့က (၃)ကြိမ် နှင့် ယနေ့ ဖေဖော်ဝါရီလ(၅)ရက်နေ့ အကူး နံနက်က(၁)ကြိမ် စုစုပေါင်း (၃)ရက်အတွင်း တာချီလိတ် နှင့် မိုင်းဆတ်အကြားတွင် ငလျင်(၇)ကြိမ်လှုပ်ခတ်သွားခဲ့သည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~