တာခ်ီလိတ္မွ ေတာင္သူ ဦးစိုင္းဆမ္အား ရွမ္းျပည္နယ္အစိုးရအဖြဲ႕က စိုက္ပ်ိဳးေရးထူးခၽြန္ဆု ခ်ီးျမႇင့္

တာခ်ီလိတ္မွ ေတာင္သူ ဦးစိုင္းဆမ္အား ရွမ္းျပည္နယ္အစိုးရအဖြဲ႕က စိုက္ပ်ိဳးေရးထူးခၽြန္ဆု ခ်ီးျမႇင့္
ဖေဖော်ဝါရီ 7, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္ ဖန္မင္အုပ္စု၊ ပါဝုန္းေက်းရြာမွ ေတာင္သူ ဦးစိုင္းဆမ္အား စိုက္ပ်ိဳးေရးထူးခၽြန္ဆုကို ေဖေဖၚဝါရီလ (၇)ရက္ေန႔က ေတာင္ႀကီးၿမိဳ႕၌ က်င္းပသည့္ ရွမ္းျပည္နယ္ေန႔အခမ္းအနားတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕က ခ်ီးျမႇင့္လိုက္ေၾကာင္း သိရသည္။

စိုက္ပ်ိဳးေရးဌာန၏ လမ္းညႊန္မႈမ်ားအတုိင္း ဆင္းဧကရီ - ၃ မ်ိဳးသန္႔စပါးကို ပ်ိဳးသက္ႏုစိုက္ပ်ိဳးနည္း၊ ေခါင္ႏွံစိုက္ပ်ိဳးနည္း၊ မ်ိဳးသန္႔မ်ိဳးပြားစိုက္ပ်ိဳးနည္းမ်ားျဖင့္ စိုက္ပ်ိဳးေဆာင္ရြက္ႏုိင္ခဲ့သည့့္ ဦးစိုင္းဆမ္အား စိုက္ပ်ိဳးေရးထူးခၽြန္ဆုအား ခ်ီးျမႇင့္လုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ခရိုင္စိုက္ပ်ိဳးေရးဦးစီးဌာန၏ ၂၀၁၇ - ၂၀၁၈ ခုႏွစ္ မိုးရာသီ ဘက္စံုအဆင့္ျမင့္နည္းပညာသံုး စံျပေက်းရြာကို တာခ်ီလိတ္ၿမိဳ႕နယ္ ဖန္မင္အုပ္စု၊ ပါဝုန္းေက်းရြာတြင္ ေတာင္သူ (၇၅)ဦး၏ ဧက (၃၀၀)တြင္ အေကာင္အထည္ေဖၚခဲ့ျခင္းျဖစ္ၿပီး ခရိုင္စိုက္ပ်ိဳးေရးဦးစီးဌာန ခရိုင္ဦးစီးမွဴးဦးလွဝင္းဦးေဆာင္ေသာ ဝန္ထမ္းအဖြဲ႕မ်ားက စိုက္ပ်ိဳးေရးဦးစီးဌာနက  အဆုိပါေဒသတြင္ ေတာင္သူမ်ား၏ စိုက္ပ်ိဳးေရးနည္းပညာမ်ား ပံ့ပိုးမႈကို လက္ေတြ႔ကြင္းဆင္းေဆာင္ရြက္ေပးခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

စိုက္ပ်ိဳးေျမမ်ား ေျမဆီလႊာ ဖြံ႕ၿဖိဳးတုိးတက္လာေစေရး၊ မ်ိဳးေကာင္းမ်ိဳးသန္႔မ်ား သံုးစြဲႏုိင္ေရး၊ ပိုးမႊားေရာဂါ ကာကြယ္ႏွိမ္ႏွင္းေရးႏွင့္ သီးနွံျပဳစုေစာင့္ေရွာက္သည့္ လုပ္ငန္းမ်ားကို ဌာနႏွင့္ ေတာင္သူပူးေပါင္းေဆာင္ရြက္တတ္ေစေရးတို႔အတြက္ ဘက္စံုအဆင့္ျမင့္နည္းပညာသံုး စံျပေက်းရြာကို တည္ေထာင္ေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ဇာႏွင္း
ဓါတ္ပံု #စိုက္ပ်ိဳးေရး

~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မှ တောင်သူ ဦးစိုင်းဆမ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့က စိုက်ပျိုးရေးထူးချွန်ဆု ချီးမြှင့်
***************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ဖန်မင်အုပ်စု၊ ပါဝုန်းကျေးရွာမှ တောင်သူ ဦးစိုင်းဆမ်အား စိုက်ပျိုးရေးထူးချွန်ဆုကို ဖေဖေါ်ဝါရီလ (၇)ရက်နေ့က တောင်ကြီးမြို့၌ ကျင်းပသည့် ရှမ်းပြည်နယ်နေ့အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ချီးမြှင့်လိုက်ကြောင်း သိရသည်။

စိုက်ပျိုးရေးဌာန၏ လမ်းညွှန်မှုများအတိုင်း ဆင်းဧကရီ - ၃ မျိုးသန့်စပါးကို ပျိုးသက်နုစိုက်ပျိုးနည်း၊ ခေါင်နှံစိုက်ပျိုးနည်း၊ မျိုးသန့်မျိုးပွားစိုက်ပျိုးနည်းများဖြင့် စိုက်ပျိုးဆောင်ရွက်နိုင်ခဲ့သည့့် ဦးစိုင်းဆမ်အား စိုက်ပျိုးရေးထူးချွန်ဆုအား ချီးမြှင့်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၁၇ - ၂၀၁၈ ခုနှစ် မိုးရာသီ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာကို တာချီလိတ်မြို့နယ် ဖန်မင်အုပ်စု၊ ပါဝုန်းကျေးရွာတွင် တောင်သူ (၇၅)ဦး၏ ဧက (၃၀၀)တွင် အကောင်အထည်ဖေါ်ခဲ့ခြင်းဖြစ်ပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးလှဝင်းဦးဆောင်သော ဝန်ထမ်းအဖွဲ့များက စိုက်ပျိုးရေးဦးစီးဌာနက  အဆိုပါဒေသတွင် တောင်သူများ၏ စိုက်ပျိုးရေးနည်းပညာများ ပံ့ပိုးမှုကို လက်တွေ့ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးမြေများ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ မျိုးကောင်းမျိုးသန့်များ သုံးစွဲနိုင်ရေး၊ ပိုးမွှားရောဂါ ကာကွယ်နှိမ်နှင်းရေးနှင့် သီးနှံပြုစုစောင့်ရှောက်သည့် လုပ်ငန်းများကို ဌာနနှင့် တောင်သူပူးပေါင်းဆောင်ရွက်တတ်စေရေးတို့အတွက် ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာကို တည်ထောင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #ဇာနှင်း
ဓါတ်ပုံ #စိုက်ပျိုးရေး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~