ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်း ဖေဖော်ဝါရီလ(၃)ရက်နေ့ ညပိုင်းက သိသိသာသာ ငလျင်လှုပ်ခတ်သွား

ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်း ဖေဖော်ဝါရီလ(၃)ရက်နေ့ ညပိုင်းက သိသိသာသာ ငလျင်လှုပ်ခတ်သွား
ဖေဖော်ဝါရီ 3, 2018
By Tachileik News Agency







~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့ ည(၉)နာရီ(၅၉)မိနစ်အချိန်က အင်အား ရစ်(ခ်)တာစကေး(၅.၁)ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း ထိုင်းနိုင်ငံ ငလျင်တိုင်းတာရေးဌာန(seismology)က ဖော်ပြထားရှိသည်။

အဆိုပါ အချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသအတွင်းရှိ တာချီလိတ်ခရိုင်၊ ကျိုင်းတုံခရိုင် နှင့် မိုင်းဆတ်ခရိုင်အတွင်းတို့ တွင်လည်း သိသိသာသာ လှုပ်ခတ်သွားခဲ့ကြောင်း သိရသည်။

ယင်းအပြင် ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် နီးစပ်သည့် ထိုင်းနိုင်ငံ ချင်းရိုင်မြို့ နှင့် မယ်ဆိုင်မြို့တို့တွင်လည်း လှုပ်ခတ်သွားခဲ့ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~