မိုင္းဆတ္တြင္ က်င္းပသည့္ (၇၁)ႏွစ္ေျမာက္ ရွမ္းျပည္နယ္ေန႔ အထိမ္းအမွတ္အခမ္းအနားသို႔ လူဦးေရ ၁၅၀၀ ေက်ာ္တက္ေရာက္

မိုင္းဆတ္တြင္ က်င္းပသည့္ (၇၁)ႏွစ္ေျမာက္ ရွမ္းျပည္နယ္ေန႔ အထိမ္းအမွတ္အခမ္းအနားသို႔ လူဦးေရ ၁၅၀၀ ေက်ာ္တက္ေရာက္
ဖေဖော်ဝါရီ 7, 2018
By 🌸
(၇၁)ႏွစ္ေျမာက္ ရွမ္းျပည္နယ္ေန႔အခမ္းအနားကို ေဖေဖာ္ဝါရီလ (၇) ရက္က ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) မိုင္းဆတ္ၿမိဳ႕၊ ေအာင္ေဇယ်ဘက္စုံအားကစားကြင္း၌က်င္းပရာ ဌာနဆုိင္ရာႏွင့္ ေဒသခံစုစုေပါင္း (၁၅၀၀) ေက်ာ္တက္ေရာက္ၾကေၾကာင္း သိရသည္။

အခမ္းအနားတြင္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ခ႐ိုင္/ ၿမိဳ႕နယ္ဌာနဆိုင္ရာဝန္ထမ္းမ်ား၊ ႏိုင္ငံေရးပါတီဝင္မ်ား၊ လူမႈေရးအသင္းအဖဲြ႔မ်ား၊ တိုင္းရင္းသားစာေပႏွင့္ယဥ္ေက်းမႈ ေကာ္မတီဝင္မ်ား၊ ေဒသခံမ်ား စုစုေပါင္း (၁၅၀၀)ေက်ာ္တက္ေရာက္ၿပီး ဂုဏ္ျပဳတပ္ဖဲြ႔ျဖင့္ ႏိုင္ငံေတာ္အလံကို အေလးျပဳၾကေၾကာင္း သိရသည္။

(၇၁)ႏွစ္ေျမာက္ ရွမ္းျပည္နယ္ေန႔အခမ္းအနားသို႔ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ႏိုင္ငံေတာ္သမၼတ ဦးထင္ေက်ာ္ထံက ေပးပို႔ေသာသဝဏ္လႊာကို ခ႐ိုင္စီမံခန္႔ခြဲမႈေကာ္မတီဥကၠဌ ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေနမ်ဳိးေအာင္က ဖတ္ၾကားၿပီး ရွမ္းျပည္နယ္အစိုးရအဖြဲ႔၊ ျပည္နယ္၀န္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ေပးပို႔ေသာ သဝဏ္လႊာကို ၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္မတီဥကၠဌ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္သူလိႈင္က ဖတ္ၾကားကာ ရွမ္းလူမ်ဳိးမ်ား၏သမိုင္းေၾကာင္းကို ေဒၚနန္းစံဖူးေလာဝ္က ရွင္းလင္းေျပာၾကားေၾကာင္း သိရသည္။

ရွမ္း၊ အာခါ၊ လားဟူတိုင္းရင္းသား စာေပႏွင့္ယဥ္ေက်းမႈအဖဲြ႔တို႔က အကပေဒသာမ်ားျဖင့္ ကျပေျဖေဖ်ာ္ၾကၿပီးေနာက္ အခမ္းအနားတက္ေရာက္လာၾကသူမ်ားအား မိုင္းဆတ္ၿမိဳ႕နယ္ ရွမ္းစာေပႏွင့္ယဥ္ေက်းမႈေကာ္မတီက ရွမ္း႐ိုးရာအစားအစာမ်ားျဖင့္ ဧည့္ခံေကၽြးေမြးခဲ့ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #သန္းေဇာ္(မိုင္းဆတ္)

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းဆတ်တွင် ကျင်းပသည့် (၇၁)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ လူဦးရေ ၁၅၀၀ ကျော်တက်ရောက်
***************
(၇၁)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကို ဖေဖော်ဝါရီလ (၇) ရက်က ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့၊ အောင်ဇေယျဘက်စုံအားကစားကွင်း၌ကျင်းပရာ ဌာနဆိုင်ရာနှင့် ဒေသခံစုစုပေါင်း (၁၅၀၀) ကျော်တက်ရောက်ကြကြောင်း သိရသည်။

အခမ်းအနားတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ နိုင်ငံရေးပါတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ကော်မတီဝင်များ၊ ဒေသခံများ စုစုပေါင်း (၁၅၀၀)ကျော်တက်ရောက်ပြီး ဂုဏ်ပြုတပ်ဖွဲ့ဖြင့် နိုင်ငံတော်အလံကို အလေးပြုကြကြောင်း သိရသည်။

(၇၁)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံက ပေးပို့သောသဝဏ်လွှာကို ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်က ဖတ်ကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပေးပို့သော သဝဏ်လွှာကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူလှိုင်က ဖတ်ကြားကာ ရှမ်းလူမျိုးများ၏သမိုင်းကြောင်းကို ဒေါ်နန်းစံဖူးလောဝ်က ရှင်းလင်းပြောကြားကြောင်း သိရသည်။

ရှမ်း၊ အာခါ၊ လားဟူတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့တို့က အကပဒေသာများဖြင့် ကပြဖြေဖျော်ကြပြီးနောက် အခမ်းအနားတက်ရောက်လာကြသူများအား မိုင်းဆတ်မြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီက ရှမ်းရိုးရာအစားအစာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #သန်းဇော်(မိုင်းဆတ်)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~