ယခုဘ႑ာႏွစ္အတြင္း ရွမ္းျပည္နယ္၏ အားကစားက႑အတြက္ ဘတ္ဂ်က္ ၅ ဘီလီယံအထိ တိုးျမႇင့္သံုးစြဲမည္

ယခုဘ႑ာႏွစ္အတြင္း ရွမ္းျပည္နယ္၏ အားကစားက႑အတြက္ ဘတ္ဂ်က္ ၅ ဘီလီယံအထိ တိုးျမႇင့္သံုးစြဲမည္
ဖေဖော်ဝါရီ 5, 2018
By 🌸
ရွမ္းျပည္နယ္အစိုးရအဖြဲ႕က ၂၀၁၈ - ၂၀၁၉ ဘ႑ာႏွစ္အတြက္ အားကစားဘတ္ဂ်က္ကို (၅)ဘီလီယံအထိ တိုးျမႇင့္သံုးစြဲသြားမည္ျဖစ္ရာ မိုးလံုေလလံုအားကစားရံုႀကီးမ်ားအျပင္ ၿမိဳ႕နယ္တုိင္းတြင္ ပိုက္ေက်ာ္ျခင္း အားကစားကြင္းမ်ား တည္ေဆာက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

“ၿပီးခဲ့တဲ့သက္တမ္းကာလအတြင္းမွာ အားကစားဘတ္ဂ်က္ေတြက ရတာနည္းတယ္။ မႏွစ္ကလည္း ျပည္နယ္တစ္ခုလံုး အားကစားကြင္းေတြ၊ ရံုေတြျပင္ဖို႔ ျပည္နယ္စီမံကိန္းနဲ႔ဘ႑ာေရးဘက္ကို မႏွစ္က ဘတ္ဂ်က္အတြက္ (၃) ဘီလီယံေလာက္တင္တယ္။ တကယ္ရေတာ့ (၁.၄) ဘီလီယံေလာက္ပဲ ရတာေလ။ ဒီမွာ ကၽြန္ေတာ္တုိ႔ကို အားကစားဘတ္ဂ်က္တင္တဲ့အခါမွာ အားကစားဘတ္ဂ်က္တစ္ခုအေနနဲ႔ပဲ မျမင္ဘဲ အားကစားဘတ္ဂ်က္ေရးဆြဲတဲ့ေနရာမွာ HR (Human Resources) လူ႔အရင္းအျမစ္အျမင္နဲ႔ ျမင္ေပးပါေပါ့။ ကၽြန္ေတာ္တုိ႔ အားကစားကြင္းေတြ၊ ရံုေတြမရိွဘူးဆိုရင္ ကေလးေတြဘယ္မွာသြားကစားမလဲေပါ့။ ဒါကို ျပည္နယ္အစိုးရကလည္း လက္ခံပါတယ္။ ဒီႏွစ္မွာေတာ့ ျပည္နယ္အစိုးရကေန အားကစား ဘတ္ဂ်က္အတြက္ (၅)ဘီလီယံအထိ ခ်ထားေပးတယ္”ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႔ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းျပည္နယ္တစ္ခုလံုးရိွ အားကစားကြင္းမ်ား အဆင့္ျမႇင့္ျခင္း၊ အသစ္ေဖၚေပးျခင္းမ်ားအား လုပ္ေဆာင္ေပးမည္ျဖစ္ၿပီး လက္ရိွတြင္လည္း ရပ္ကြက္၊ ေက်းရြာမ်ားအလုိက္ ပိုက္ေက်ာ္ျခင္းကြင္းမ်ား ေဖၚေဆာင္ေပးရန္ ျပည္နယ္အစိုးရက ခရိုင္အုပ္ခ်ဳပ္ေရးမွဴးမ်ားထံ လ်ာထားေျမေနရာမ်ား တင္ျပေပးေရး ေတာင္းခံထားေၾကာင္း သိရသည္။

“ကၽြန္ေတာ္တုိ႔ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးေတြဆီကို ရပ္ကြက္နဲ႔ေက်းရြာအလုိက္ ပိုက္ေက်ာ္ျခင္းကြင္းအတြက္ ေျမေနရာရွာေပးဖို႔ ေတာင္းထားပါတယ္။ ေနရာတုိင္းမွာ ကစားလို႔ရေအာင္ ကစားကြင္းေဖၚေပးဖို႔အတြက္ပါ။ ရပ္ကြက္တုိင္း ေက်းရြာအုပ္စုတုိင္းမွာ လုပ္ေဆာင္ေပးဖို႔ပါ”ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႔ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက ေျပာသည္။

ရွမ္းျပည္နယ္အတြင္း လူႏွစ္ေထာင္ဆံ့သည့္ ေပ (၃၅၀)၊ ေပ(၁၀၀)ပတ္လည္ မိုးလံုေလလံု အားကစားရံုႀကီး သံုးခုကိုလည္း ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕၊ ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရိႈးၿမိဳ႕ႏွင့္ ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတံုၿမိဳ႕မ်ားတြင္ တည္ေဆာက္မည္ျဖစ္ေၾကာင္း သိရသည္။

“အရင္တုန္းက မိုးလံုေလလံုအားကစားရံုတစ္ရံုဆိုရင္ (၁၂၀) ေပ၊ (၉၀) ေပပဲ ထားတယ္။ ဘတ္ဂ်က္က သန္း (၂၄၀) ကေန (၂၅၀) လ်ာထားတာေပါ့။ အဲဒီဟာက က်ဥ္းက်ဥ္းေလးေတြ ေဘာလီေဘာတစ္ပြဲတို႔ ဘတ္စကက္ေဘာတစ္ပြဲေလာက္ပဲ ေဆာ့လို႔ရမယ္။ ဒီေတာ့ ဒီႏွစ္မွာ ကၽြန္ေတာ္တုိ႔က ေျပာင္းေတာ့မယ္။ ရွမ္းျပည္နယ္ေတာင္ပိုင္းမွာ (၃၅၀) ေပ၊ (၁၀၀) ေပရိွတဲ့ မိုးလံုေလလံုအားကစားရံုက ၿပီးသြားၿပီ။ အခုလက္ရိွမွာ လားရိႈးမွာ တစ္ရံုေဆာက္ေနတယ္။ ေနာက္တစ္ခု က်ိဳင္းတံုမွာ တစ္ရံုေဆာက္မယ္။ အဲဒီအားကစားရံုေတြမွာ ေဘာလီေဘာဆို ေလးပြဲေလာက္ေဆာ့လို႔ရတယ္။ အားကစားရံုထဲမွာ အခမ္းအနားေတြ က်င္းပရင္လည္း လူႏွစ္ေထာင္ေလာက္ဆံ့တယ္ဆိုေတာ့ ႏွစ္မ်ိဳးသံုးလို႔ရတာေပါ့”ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႔ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက ေျပာသည္။

၂၀၁၈ - ၂၀၁၉ ဘ႑ာႏွစ္အတြင္း ရွမ္းျပည္နယ္တြင္းရိွ ၿမိဳ႕နယ္အားလံုးတြင္ လ်ာထားဘတ္ဂ်က္ က်ပ္သန္း(၂၈၀)စီကုန္က်မည့္ ေပ(၂၀၀)၊ေပ(၁၀၀)ပတ္လည္ အားကစားရံုမ်ားေဆာက္လုပ္ရန္ ေမွ်ာ္မွန္းထားၿပီး ၂၀၁၉- ၂၀၂၀ ဘ႑ာႏွစ္တြင္ ျပည္နယ္တြင္းရိွ ၿမိဳ႕နယ္တိုင္းတြင္ အားကစားရံုမ်ား တည္ရိွေရးအတြက္ ေမွ်ာ္မွန္းထားေၾကာင္း သိရသည္။

သတင္း #အင္မိုင္ခ
ဓါတ္ပံု #SSAK

~~~~~~~~⊰❂ unicode ~~~~~~~~
ယခုဘဏ္ဍာနှစ်အတွင်း ရှမ်းပြည်နယ်၏ အားကစားကဏ္ဍအတွက် ဘတ်ဂျက် ၅ ဘီလီယံအထိ တိုးမြှင့်သုံးစွဲမည်
************
ရှမ်းပြည်နယ်အစိုးရအဖွဲ့က ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်အတွက် အားကစားဘတ်ဂျက်ကို (၅)ဘီလီယံအထိ တိုးမြှင့်သုံးစွဲသွားမည်ဖြစ်ရာ မိုးလုံလေလုံအားကစားရုံကြီးများအပြင် မြို့နယ်တိုင်းတွင် ပိုက်ကျော်ခြင်း အားကစားကွင်းများ တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့သက်တမ်းကာလအတွင်းမှာ အားကစားဘတ်ဂျက်တွေက ရတာနည်းတယ်။ မနှစ်ကလည်း ပြည်နယ်တစ်ခုလုံး အားကစားကွင်းတွေ၊ ရုံတွေပြင်ဖို့ ပြည်နယ်စီမံကိန်းနဲ့ဘဏ္ဍာရေးဘက်ကို မနှစ်က ဘတ်ဂျက်အတွက် (၃) ဘီလီယံလောက်တင်တယ်။ တကယ်ရတော့ (၁.၄) ဘီလီယံလောက်ပဲ ရတာလေ။ ဒီမှာ ကျွန်တော်တို့ကို အားကစားဘတ်ဂျက်တင်တဲ့အခါမှာ အားကစားဘတ်ဂျက်တစ်ခုအနေနဲ့ပဲ မမြင်ဘဲ အားကစားဘတ်ဂျက်ရေးဆွဲတဲ့နေရာမှာ HR (Human Resources) လူ့အရင်းအမြစ်အမြင်နဲ့ မြင်ပေးပါပေါ့။ ကျွန်တော်တို့ အားကစားကွင်းတွေ၊ ရုံတွေမရှိဘူးဆိုရင် ကလေးတွေဘယ်မှာသွားကစားမလဲပေါ့။ ဒါကို ပြည်နယ်အစိုးရကလည်း လက်ခံပါတယ်။ ဒီနှစ်မှာတော့ ပြည်နယ်အစိုးရကနေ အားကစား ဘတ်ဂျက်အတွက် (၅)ဘီလီယံအထိ ချထားပေးတယ်”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်တစ်ခုလုံးရှိ အားကစားကွင်းများ အဆင့်မြှင့်ခြင်း၊ အသစ်ဖေါ်ပေးခြင်းများအား လုပ်ဆောင်ပေးမည်ဖြစ်ပြီး လက်ရှိတွင်လည်း ရပ်ကွက်၊ ကျေးရွာများအလိုက် ပိုက်ကျော်ခြင်းကွင်းများ ဖေါ်ဆောင်ပေးရန် ပြည်နယ်အစိုးရက ခရိုင်အုပ်ချုပ်ရေးမှူးများထံ လျာထားမြေနေရာများ တင်ပြပေးရေး တောင်းခံထားကြောင်း သိရသည်။

“ကျွန်တော်တို့ ခရိုင်အုပ်ချုပ်ရေးမှူးတွေဆီကို ရပ်ကွက်နဲ့ကျေးရွာအလိုက် ပိုက်ကျော်ခြင်းကွင်းအတွက် မြေနေရာရှာပေးဖို့ တောင်းထားပါတယ်။ နေရာတိုင်းမှာ ကစားလို့ရအောင် ကစားကွင်းဖေါ်ပေးဖို့အတွက်ပါ။ ရပ်ကွက်တိုင်း ကျေးရွာအုပ်စုတိုင်းမှာ လုပ်ဆောင်ပေးဖို့ပါ”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောသည်။

ရှမ်းပြည်နယ်အတွင်း လူနှစ်ထောင်ဆံ့သည့် ပေ (၃၅၀)၊ ပေ(၁၀၀)ပတ်လည် မိုးလုံလေလုံ အားကစားရုံကြီး သုံးခုကိုလည်း ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၊ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့များတွင် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

“အရင်တုန်းက မိုးလုံလေလုံအားကစားရုံတစ်ရုံဆိုရင် (၁၂၀) ပေ၊ (၉၀) ပေပဲ ထားတယ်။ ဘတ်ဂျက်က သန်း (၂၄၀) ကနေ (၂၅၀) လျာထားတာပေါ့။ အဲဒီဟာက ကျဉ်းကျဉ်းလေးတွေ ဘောလီဘောတစ်ပွဲတို့ ဘတ်စကက်ဘောတစ်ပွဲလောက်ပဲ ဆော့လို့ရမယ်။ ဒီတော့ ဒီနှစ်မှာ ကျွန်တော်တို့က ပြောင်းတော့မယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှာ (၃၅၀) ပေ၊ (၁၀၀) ပေရှိတဲ့ မိုးလုံလေလုံအားကစားရုံက ပြီးသွားပြီ။ အခုလက်ရှိမှာ လားရှိုးမှာ တစ်ရုံဆောက်နေတယ်။ နောက်တစ်ခု ကျိုင်းတုံမှာ တစ်ရုံဆောက်မယ်။ အဲဒီအားကစားရုံတွေမှာ ဘောလီဘောဆို လေးပွဲလောက်ဆော့လို့ရတယ်။ အားကစားရုံထဲမှာ အခမ်းအနားတွေ ကျင်းပရင်လည်း လူနှစ်ထောင်လောက်ဆံ့တယ်ဆိုတော့ နှစ်မျိုးသုံးလို့ရတာပေါ့”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောသည်။

၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ရှမ်းပြည်နယ်တွင်းရှိ မြို့နယ်အားလုံးတွင် လျာထားဘတ်ဂျက် ကျပ်သန်း(၂၈၀)စီကုန်ကျမည့် ပေ(၂၀၀)၊ပေ(၁၀၀)ပတ်လည် အားကစားရုံများဆောက်လုပ်ရန် မျှော်မှန်းထားပြီး ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်နယ်တွင်းရှိ မြို့နယ်တိုင်းတွင် အားကစားရုံများ တည်ရှိရေးအတွက် မျှော်မှန်းထားကြောင်း သိရသည်။

သတင်း #အင်မိုင်ခ
ဓါတ်ပုံ #SSAK

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~