အသက္ ၉ ႏွစ္အရြယ္မိန္းကေလးအား ၄၃ ႏွစ္အရြယ္ အမ်ိဳးသားက အဓမၼျပဳက်င့္ကာ သတ္ျဖတ္

အသက္ ၉ ႏွစ္အရြယ္မိန္းကေလးအား ၄၃ ႏွစ္အရြယ္ အမ်ိဳးသားက အဓမၼျပဳက်င့္ကာ သတ္ျဖတ္
ဖေဖော်ဝါရီ 13, 2018
By Tachileik News Agency

ေရသန္႔ဗူးခြံေကာက္သည့္ အသက္(၉)ႏွစ္အရြယ္ မိန္းကေလးအား ေရသန္႔ဗူးခြံ အတူေကာက္သည့္ အသက္ (၄၃)ႏွစ္အရြယ္ အမ်ိဳးသားက ေဖေဖၚဝါရီလ (၁၂)ရက္ေန႔တြင္ အဓမၼျပဳက်င့္ကာ သတ္ပစ္ခဲ့မႈ ေနျပည္ေတာ္၊ တပ္ကုန္းၿမိဳ႕နယ္၊ ရန္ကုန္ - မႏၲေလးကားလမ္းေဟာင္းေဘး ယာေျမကြင္းမွ လူမေနသည့္ တဲတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ရန္ကုန္ - မႏၱေလးကားလမ္းေဟာင္း မိုင္တိုင္(၂၇၃/၃-၄)ၾကားရိွ လူမေနသည့္ တဲအတြင္း အသက္(၉)ႏွစ္အရြယ္ မိန္းကေလးတစ္ဦး ေသဆုံးေနေၾကာင္း ေဖေဖၚဝါရီလ (၁၂)ရက္ေန႔ ေန႔လယ္ (၂)နာရီခြဲခန္႔က သတင္းအရ တပ္ကုန္းၿမိဳ႕မရဲစခန္းမွ စခန္းမွဴးႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားက သြားေရာက္ စစ္ေဆးရာ မိန္းကေလးငယ္၏  လည္ပင္းတြင္ မိန္းမသုံးပုဝါ ရစ္ပတ္လ်က္ ေသဆံုးေနသည္ကို ေတြ႔ရၿပီး တဲအေနာက္ ဘက္ အခန္း၌ ေရသန္႔ဗူးခြံမ်ား ထည့္ထားသည့္ ဆာလာအိတ္ ႏွစ္အိတ္ႏွင့္အတူ မိန္းမစီး စက္ဘီးတစ္စီး ေတြ႕ရျခင္း ျဖစ္ေၾကာင္း သိရသည္။

ေသဆံုးသူ၏ ဖခင္ျဖစ္သူက တပ္ကုန္းၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္တုိင္ၾကားသျဖင့္ (ပ)၄၄/၂၀၁၈ ရာဇသတ္ႀကီး ပုဒ္မ ၃၀၂ (လူသတ္မႈ)ျဖင့္ အမႈဖြင့္ စံုစမ္းစစ္ေဆးခဲ့ရာ တပ္ကုန္းၿမိဳ႕အထြက္ ေအးရွားေဝါလ္ တိုးဂိတ္ရွိ CCTV မွတ္တမ္းႏွင့္ အျခားစုံစမ္းခ်က္မ်ားအရ အဆိုပါ မိန္းကေလးႏွင့္ ေရသန္႔ဗူးအတူ ေကာက္ရန္ သြားသူ ကိုပို (ခ)တင္ေရႊဆိုသူအား တပ္ကုန္းၿမိဳ႕မရဲစခန္းသို႔ ေခၚေဆာင္ စစ္ေမးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

၎၏ အစစ္ခံခ်က္အရ အဆိုပါ မိန္းကေလးအား အခင္းျဖစ္ တဲအတြင္းသို႔ ေရသန္႔ဗူးခြံဝင္ေကာက္မည္ဟု ေခ်ာ့ေမာ့ေျပာဆိုကာ ေခၚေဆာင္ခဲ့ၿပီး သားမယား ျပဳက်င့္ရန္ ႀကိဳးစားစဥ္ ေအာ္ဟစ္ငိုယိုေနသျဖင့္ လည္ပင္းအား ညႇစ္စဥ္ ေသဆုံးသြားသျဖင့္ အနီးတြင္ေတြ႕ရွိသည့္ ဇာပုဝါျဖင့္ လည္ပင္းအား ခ်ည္ေႏွာင္ထားခဲ့ျခင္းျဖစ္သည္ဟု ထြက္ဆိုေၾကာင္း သိရသည္။

ကိုပို (ခ)တင္ေရႊဆိုသူအား တပ္ကုန္းၿမိဳ႕မရဲစခန္းတြင္ ဖမ္းဆီးစစ္ေဆးၿပီး အမႈအား ဆက္လက္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

ရေသန့်ဗူးခွံကောက်သည့် အသက်(၉)နှစ်အရွယ် မိန်းကလေးအား ရေသန့်ဗူးခွံ အတူကောက်သည့် အသက် (၄၃)နှစ်အရွယ် အမျိုးသားက ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် အဓမ္မပြုကျင့်ကာ သတ်ပစ်ခဲ့မှု နပြေည်တော်၊ တပ်ကုန်းမြို့နယ်၊ ရန်ကုန် - မန္တလေးကားလမ်းဟောင်းဘေး ယာမြေကွင်းမှ လူမနေသည့် တဲတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကုန် - မန္တလေးကားလမ်းဟောင်း မိုင်တိုင်(၂၇၃/၃-၄)ကြားရှိ လူမနေသည့် တဲအတွင်း အသက်(၉)နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးနေကြောင်း ဖေဖော်ဝါရီလ (၁၂)ရက်နေ့ နေ့လယ် (၂)နာရီခွဲခန့်က သတင်းအရ တပ်ကုန်းမြို့မရဲစခန်းမှ စခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးရာ မိန်းကလေးငယ်၏ လည်ပင်းတွင် မိန်းမသုံးပုဝါ ရစ်ပတ်လျက် သေဆုံးနေသည်ကို တွေ့ရပြီး တဲအနောက် ဘက် အခန်း၌ ရေသန့်ဗူးခွံများ ထည့်ထားသည့် ဆာလာအိတ် နှစ်အိတ်နှင့်အတူ မိန်းမစီး စက်ဘီးတစ်စီး တွေ့ရခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ၏ ဖခင်ဖြစ်သူက တပ်ကုန်းမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားသဖြင့် (ပ)၄၄/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (လူသတ်မှု)ဖြင့် အမှုဖွင့် စုံစမ်းစစ်ဆေးခဲ့ရာ တပ်ကုန်းမြို့အထွက် အေးရှားဝေါလ် တိုးဂိတ်ရှိ CCTV မှတ်တမ်းနှင့် အခြားစုံစမ်းချက်များအရ အဆိုပါ မိန်းကလေးနှင့် ရေသန့်ဗူးအတူ ကောက်ရန် သွားသူ ကိုပို (ခ)တင်ရွှေဆိုသူအား တပ်ကုန်းမြို့မရဲစခန်းသို့ ခေါ်ဆောင် စစ်မေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်း၏ အစစ်ခံချက်အရ အဆိုပါ မိန်းကလေးအား အခင်းဖြစ် တဲအတွင်းသို့ ရေသန့်ဗူးခွံဝင်ကောက်မည်ဟု ချော့မော့ပြောဆိုကာ ခေါ်ဆောင်ခဲ့ပြီး သားမယား ပြုကျင့်ရန် ကြိုးစားစဉ် အော်ဟစ်ငိုယိုနေသဖြင့် လည်ပင်းအား ညှစ်စဉ် သေဆုံးသွားသဖြင့် အနီးတွင်တွေ့ရှိသည့် ဇာပုဝါဖြင့် လည်ပင်းအား ချည်နှောင်ထားခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုကြောင်း သိရသည်။

ကိုပို (ခ)တင်ရွှေဆိုသူအား တပ်ကုန်းမြို့မရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးပြီး အမှုအား ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~