ျပည္သူ႔စစ္မွ ခရီးသည္တင္ယာဥ္အား ေသနတ္ျဖင့္ ပစ္ခတ္၍ အေရးယူရန္ ေဆာင္ရြက္ေန

ျပည္သူ႔စစ္မွ ခရီးသည္တင္ယာဥ္အား ေသနတ္ျဖင့္ ပစ္ခတ္၍ အေရးယူရန္ ေဆာင္ရြက္ေန
ဖေဖော်ဝါရီ 27, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပုိင္း) က်ိဳင္းတံု - တာခ်ီလိတ္လမ္း က်ိဳင္းတံုႏွင့္ မုိင္းျဖတ္ၾကားတြင္ ေဖေဖၚဝါရီလ (၂၆)ရက္ေန႔က မိုင္းေနာင္ၿမိဳ႕မွ တာခ်ီလိတ္ၿမိဳ႕သို႔ ထြက္ခြာလာသည့္ ခရီးသည္တင္ကားအား ျပည္သူ႔စစ္အဖြဲ႔က ေသနတ္ျဖင့္ ပစ္ခတ္သျဖင့္ အေရးယူရန္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

"အဲ့ဒီကိစၥကို သတင္း တင္ျပထားတုန္းပဲ ရွိေသးတယ္၊ ပစ္ခတ္တဲ့ ျပည္သူ႔စစ္ကိုေတာ့ သူတို႔ အဖြဲ႔ ေခါင္းေဆာင္က သူတို႔တပ္စခန္းမွာ ထိန္းသိမ္းထားပါတယ္"ဟု မိုင္းျဖတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွ ရဲမွဴးေက်ာ္ႏိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ခရီးသည္(၆)ဦး တင္ေဆာင္လာသည့္ ေမာ္ေတာ္ယာဥ္သည္ နံနက္ (၂)နာရီဝန္းက်င္တြင္ က်ိဳင္းတံုႏွင့္ မိုင္းျဖတ္ၾကား မုိင္တုိင္ (၆၉၇)အနီးအေရာက္၌ ဆိုင္ကယ္ႏွစ္စီးႏွင့္ လူႏွစ္ဦးက မီးထိုး၍ ကားအား တားဆီးရာ ရပ္တန္႔ျခင္းမျပဳဘဲ ေမာင္းႏွင္ထြက္ေျပး၍ ေသနတ္ျဖင့္ ပစ္ခတ္တားျမစ္ျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ကားတြင္ မူးယစ္ေဆးသယ္ေဆာင္လာေၾကာင္း ဆိုင္ကယ္ျဖင့္ အမည္မသိ လူတစ္ဦးက လာေရာက္ သတင္းေပးသျဖင့္  ျပည္သူ႔စစ္တပ္စုမွဴးျဖစ္သူ လူးတာက   နံနက္(၂)နာရီဝန္းက်င္၌ အဆိုပါ သတင္းေပးႏွင့္ အတူ ဆိုင္ကယ္ျဖင့္လုိက္လာၿပီး ကားအား ဓါတ္မီးထိုး၍ တားသည္ကို မရပ္သျဖင့္ ေသနတ္ျဖင့္ တားဆီး ပစ္ခတ္ျခင္းျဖစ္သည္ကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း ႏွင့္ ထိုသို႔ တားျမစ္စဥ္တြင္ ျပည္သူ႔စစ္ယူနီေဖာင္း ၀တ္ဆင္ထားျခင္း မရွိဘဲ အားကစားေဘာင္းဘီ၀တ္ဆင္ထားေၾကာင္း သိရသည္။

အဆိုပါ ပစ္ခတ္မႈေၾကာင့္ ယာဥ္ေပၚရွိ ခရီးသည္ႏွင့္ ယာဥ္ေမာင္းမွ ထိခိုက္ဒဏ္ရာ ရရွိမႈ မရွိေသာ္လည္း ယာဥ္ေနာက္ဘက္  တာယာ၊ ကားေနာက္ဖံုးႏွင့္ နံပါတ္ျပားတို႔ စုစုေပါင္း (၅)ခ်က္ထိမွန္ခဲ့ေၾကာင္း သိရသည္။

ပစ္ခတ္မႈႏွင့္ ပတ္သက္၍ ယာဥ္ေမာင္းက တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ လာေရာက္ အသိေပးတုိင္ၾကားရာ ရဲတပ္ဖြဲ႕က  စံုစမ္းစစ္ေဆးမႈမ်ား လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ - တာချီလိတ်လမ်း ကျိုင်းတုံနှင့် မိုင်းဖြတ်ကြားတွင် ဖေဖော်ဝါရီလ (၂၆)ရက်နေ့က မိုင်းနောင်မြို့မှ တာချီလိတ်မြို့သို့ ထွက်ခွာလာသည့် ခရီးသည်တင်ကားအား ပြည်သူ့စစ်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သဖြင့် အရေးယူရန် ဆောင်ရွက်နေကြောင်း သိရသည်။

"အဲ့ဒီကိစ္စကို သတင်း တင်ပြထားတုန်းပဲ ရှိသေးတယ်၊ ပစ်ခတ်တဲ့ ပြည်သူ့စစ်ကိုတော့ သူတို့ အဖွဲ့ ခေါင်းဆောင်က သူတို့တပ်စခန်းမှာ ထိန်းသိမ်းထားပါတယ်"ဟု မိုင်းဖြတ်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးကျော်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ခရီးသည်(၆)ဦး တင်ဆောင်လာသည့် မော်တော်ယာဉ်သည် နံနက် (၂)နာရီဝန်းကျင်တွင် ကျိုင်းတုံနှင့် မိုင်းဖြတ်ကြား မိုင်တိုင် (၆၉၇)အနီးအရောက်၌ ဆိုင်ကယ်နှစ်စီးနှင့် လူနှစ်ဦးက မီးထိုး၍ ကားအား တားဆီးရာ ရပ်တန့်ခြင်းမပြုဘဲ မောင်းနှင်ထွက်ပြေး၍ သေနတ်ဖြင့် ပစ်ခတ်တားမြစ်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကားတွင် မူးယစ်ဆေးသယ်ဆောင်လာကြောင်း ဆိုင်ကယ်ဖြင့် အမည်မသိ လူတစ်ဦးက လာရောက် သတင်းပေးသဖြင့် ပြည်သူ့စစ်တပ်စုမှူးဖြစ်သူ လူးတာက နံနက်(၂)နာရီဝန်းကျင်၌ အဆိုပါ သတင်းပေးနှင့် အတူ ဆိုင်ကယ်ဖြင့်လိုက်လာပြီး ကားအား ဓာတ်မီးထိုး၍ တားသည်ကို မရပ်သဖြင့် သေနတ်ဖြင့် တားဆီး ပစ်ခတ်ခြင်းဖြစ်သည်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း နှင့် ထိုသို့ တားမြစ်စဉ်တွင် ပြည်သူ့စစ်ယူနီဖောင်း ဝတ်ဆင်ထားခြင်း မရှိဘဲ အားကစားဘောင်းဘီဝတ်ဆင်ထားကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ယာဉ်ပေါ်ရှိ ခရီးသည်နှင့် ယာဉ်မောင်းမှ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိသော်လည်း ယာဉ်နောက်ဘက် တာယာ၊ ကားနောက်ဖုံးနှင့် နံပါတ်ပြားတို့ စုစုပေါင်း (၅)ချက်ထိမှန်ခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှုနှင့် ပတ်သက်၍ ယာဉ်မောင်းက တာချီလိတ်မြို့မရဲစခန်းတွင် လာရောက် အသိပေးတိုင်ကြားရာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~