တာချီလိတ်ပြည်သူ့ဆေးရုံတွင် အခမဲ့ခွဲစိတ်ကုသပေးနေသည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ အကြိတ်အဖု၊ လည်ပင်းကြီး နှင့် မီးလောင်ဒဏ်ရာရ လူနာများနှင့် ပတ်သက်၍ ဝေဒနာရှင်များ ဆက်လက်၍ စာရင်းပေးနိုင်

တာချီလိတ်ပြည်သူ့ဆေးရုံတွင် အခမဲ့ခွဲစိတ်ကုသပေးနေသည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ အကြိတ်အဖု၊ လည်ပင်းကြီး နှင့် မီးလောင်ဒဏ်ရာရ လူနာများနှင့် ပတ်သက်၍ ဝေဒနာရှင်များ ဆက်လက်၍ စာရင်းပေးနိုင်
ဖေဖော်ဝါရီ 28, 2018
By Tachileik News Agency

တာချီလိတ်ခရိုင် ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံတွင် ဂျာမဏီနိုင်ငံမှ ဆရာဝန်များနှင့် မြန်မာနိုင်ငံမှ ဆရာဝန်များ ပါဝင်သည့် အဖွဲ့က နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ အကြိတ်အဖု၊ လည်ပင်းကြီး နှင့် မီးလောင်ဒဏ်ရာရ လူနာများအား အခမဲ့ခွဲစိတ်ကုသပေးမှုအဖြစ် ဖေဖော်ဝါရီလ(၂၆)ရက်နေ့က စတင်နေလျက်ရှိရာ ဆက်လက်၍ စာရင်းပေးလိုသည့် အဆိုပါ ဝေဒနာရှင်များအနေဖြင့် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံအ၀င်ရှိ မဏ္ဍပ်တွင် စာရင်းပေးသွင်းမည်ဖြစ်ကြောင်း နှင့် အခမဲ့ ခွဲစိတ်ပေးမှုအား မတ်လ(၇)ရက်နေ့အထိ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရပ်ဝေးမှ လာရောက်၍ ခွဲစိတ်ကုသမှုခံယူလာသည့် အဆိုပါ ဝေဒနာရှင်များအနေဖြင့် ဖုန်း 0941003219 ၊ 095241342 နှင့် 09250859585 သို့ ဆက်သွယ်၍ အသေးစိတ် စုံစမ်း မေးမြန်းနိုင်မှာ ဖြစ်ကြောင်း နှင့် ခွဲစိတ်သည့်ကာလအတွင်း လိုအပ်မည့် သွေးများအတွက် သွေးလှူဒါန်းလိုသူများ အနေဖြင့်လည်း သွေးလာရောက် လှူဒါန်းရန် သွားလာရ ခက်ခဲပါက ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်စေလိုကြောင်း အသိပေးထားရှိသည်။

ခွဲစိတ်ကုသမှုခံယူရန်အတွက် ရောက်ရှိလာသည့် ဝေဒနာရှင်များသည် တာချီလိတ်ခရိုင်အတွင်းမှ ဝေဒနာရှင်များ အပါအ၀င် ကယားပြည်နယ်မှလည်း လာရောက်ကြသည့်အတွက် အစားအသောက်များ ပေးဝေလှူဒါန်းလိုသူ စေတနာရှင်များကလည်း လာရောက်လှူဒါန်းနေကြပြီး ဆက်လက်၍ လှူဒါန်းလိုသူများအနေဖြင့်လည်း ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရှိရသည်။



 


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်ခရိုင် ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံတွင် ဂျာမဏီနိုင်ငံမှ ဆရာဝန်များနှင့် မြန်မာနိုင်ငံမှ ဆရာဝန်များ ပါဝင်သည့် အဖွဲ့က နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ အကြိတ်အဖု၊ လည်ပင်းကြီး နှင့် မီးလောင်ဒဏ်ရာရ လူနာများအား အခမဲ့ခွဲစိတ်ကုသပေးမှုအဖြစ် ဖေဖော်ဝါရီလ(၂၆)ရက်နေ့က စတင်နေလျက်ရှိရာ ဆက်လက်၍ စာရင်းပေးလိုသည့် အဆိုပါေဝဒနာရှင်များအနဖြေင့် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံအဝင်ရှိ မဏ္ဍပ်တွင် စာရင်းပေးသွင်းမည်ဖြစ်ကြောင်း နှင့် အခမဲ့ ခွဲစိတ်ပေးမှုအား မတ်လ(၇)ရက်နေ့အထိ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရပေ်ဝးမှ လာရောက်၍ ခွဲစိတ်ကုသမှုခံယူလာသည့် အဆိုပါေဝဒနာရှင်များအနဖြေင့် ဖုန်း 0941003219၊ 095241342 နှင့် 09250859585 သို့ ဆက်သွယ်၍ အသေးစိတ် စုံစမ်း မေးမြန်းနိုင်မှာ ဖြစ်ကြောင်း နှင့် ခွဲစိတ်သည့်ကာလအတွင်း လိုအပ်မည့် သွေးများအတွက် သွေးလှူဒါန်းလိုသူများ အနဖြေင့်လည်း သွေးလာရောက် လှူဒါန်းရန် သွားလာရ ခက်ခဲပါက ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်စေလိုကြောင်း အသိပေးထားရှိသည်။

ခွဲစိတ်ကုသမှုခံယူရန်အတွက် ရောက်ရှိလာသည့်ေဝဒနာရှင်များသည် တာချီလိတ်ခရိုင် အတွင်းမှေဝဒနာရှင်များ အပါအဝင် ကယားပြည်နယ်မှလည်း လာရောက်ကြသည့်အတွက် အစားအသောက်များ ပေးေဝလှူဒါန်းလိုသူ စေတနာရှင်များကလည်း လာရောက်လှူဒါန်းနကြပြေီး ဆက်လက်၍ လှူဒါန်းလိုသူများအနဖြေင့်လည်း ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~