ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် လူမှုဝန်ထမ်းဦးစီးဌာနက မူကြိုဆရာဖြစ်သင်တန်းကို မတ်လ (၅)ရက်နေ့မှ မတ်လ (၂၉)ရက်နေ့အထိ ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်သည့် အတွက် တက်ရောက် လိုသူများ အနေဖြင့် ဖေဖော်ဝါရီလ(၂၈)ရက်နေ့ နောက်ဆုံးထား၍ ဆက်သွယ်စာရင်း ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။
သင်တန်းတက်ရောက်လိုသူများအနေဖြင့် ရှမ်း(အရှေ့) ခရိုင်လူမှုဝန်ထမ်းရုံးဖုန်း ၀၈၄ - ၂၂၅၂၉၊ ၀၉ ၄၂၀၁၄၁၁၇၆၊ ၀၉ ၂၆၃၈၅၀၄၂၅၊ ကျိုင်းတုံ မူလတန်းကြိုကျောင်း ၀၈၄ ၂၂၆၈၄၊ ၀၉ ၄၂၈၃၅၇၄၇၆ သို့ လိုင်စင်ဓါတ်ပုံ နှစ်ပုံနှင့်အတူ ဆက်သွယ်မေးမြန်းလျှောက်ထားနိုင်ကြောင်း သိရသည်။
ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) မူကြိုဆရာဖြစ်သင်တန်းသို့ အခြေခံပညာ အဆင့်ရှိသည့် အမျိုးသား/အမျိုးသမီးများ တက်ရောက်နိုင်ကြောင်းသိရပြီး သင်တန်းကြေး ကျပ်နှစ်သောင်းခွဲပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ကျွမ်းကျင်သော နည်းပြဆရာများက စာတွေ့၊ လက်တွေ့သင်ကြားပေးမည်ဖြစ်ကာ ရပ်ဝေးမှ သင်တန်း တက်ရောက်သူများ အတွက် နေထိုင်ရေး စီစဉ်ပေးမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းတက်ရောက်လိုသူများအနဖြေင့် ရှမ်း(အရှေ့) ခရိုင်လူမှုဝန်ထမ်းရုံးဖုန်း ဝ၈၄ - ၂၂၅၂၉၊ ဝ၉ ၄၂၀၁၄၁၁၇၆၊ ဝ၉ ၂၆၃၈၅၀၄၂၅၊ ကျိုင်းတုံ မူလတန်းကြိုကျောင်း ဝ၈၄ ၂၂၆၈၄၊ ဝ၉ ၄၂၈၃၅၇၄၇၆ သို့ လိုင်စင်ဓာတ်ပုံ နှစ်ပုံနှင့်အတူ ဆက်သွယ်မေးမြန်းလျှောက်ထားနိုင်ကြောင်း သိရသည်။