လစ္လပ္ေနသည့္ မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႔၀န္ႀကီး (၂)ေနရာစာအတြက္ အမည္စာရင္း အဆိုျပဳထားမႈအပၚ ၀န္ႀကီးခ်ဳပ္က ျပန္လည္႐ုပ္သိမ္း

လစ္လပ္ေနသည့္ မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႔၀န္ႀကီး (၂)ေနရာစာအတြက္ အမည္စာရင္း အဆိုျပဳထားမႈအပၚ ၀န္ႀကီးခ်ဳပ္က ျပန္လည္႐ုပ္သိမ္း
ဖေဖော်ဝါရီ 26, 2018
By Tachileik News Agency

မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႔ ၀န္ႀကီးခ်ဳပ္ အဆိုျပဳထားသည့္ ၀န္ႀကီးေလာင္း(၂)ဦး၏ အမည္ စာရင္းမ်ားကို ၀န္ႀကီးခ်ဳပ္က ျပည္သူ႔အသံမ်ားႏွင့္ အေျခအေန အရပ္ရပ္ကို သံုးသပ္၍ ျပန္လည္ ရုပ္သိမ္း လိုက္ေၾကာင္း သိရသည္။

အမည္စာရင္းရုပ္သိမ္းေၾကာင္း အေၾကာင္းၾကားစာအား ၂၀၁၈ခုႏွစ္ ေဖေဖာ္ဝါရီလ (၂၆)ရက္ေန႔တြင္ ျပဳလုပ္သည့္ ဒုတိယအႀကိမ္ မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္ အေရးေပၚအစည္းအေဝး (၁/၂၀၁၈)၏ တတိယေန႔တြင္ ဝန္ႀကီးခ်ဳပ္က တင္သြင္း၍ လႊတ္ေတာ္မွ မွတ္တမ္းတင္ေၾကာင္း သိရသည္။

၂၀၁၈ခုႏွစ္ ေဖေဖာ္ဝါရီလ(၂၂)ရက္စဲြျဖင့္ မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္ဥကၠ႒ ထံသို႔ လစ္လပ္ လွ်က္ရိွေသာ ဝန္ႀကီးႏွစ္ေနရာ ႏွင့္ ပတ္သက္၍ တိုင္းေဒသႀကီးအစိုးရအဖဲြ႔ ဝန္ႀကီးခ်ဳပ္က ၀န္ႀကီးရာထူး (၂)ေနရာအတြက္ ဦးေအာင္ေက်ာ္မိုးႏွင့္ ဦးေအးေငြတို႔ကို ၂၀၁၈ခုႏွစ္ ေဖေဖာ္ဝါရီလ(၁၄)ရက္ေန႔က တိုင္းေဒသႀကီး လႊတ္ေတာ္၌ အမည္စာရင္း တင္သြင္းခဲ႔ေသာ္လည္း ျပည္သူမ်ား၏ အသံႏွင့္ အေျခအေန အရပ္ရပ္ကို သံုးသပ္၍ ၎(၂) ဦး အမည္စာရင္း တင္သြင္းထားျခင္းကို ျပန္လည္ရုပ္သိမ္းပါေၾကာင္း လႊတ္ေတာ္ဥကၠ႒ထံသို႔ အေၾကာင္းစာေပးပို႔ခဲ႔ျခင္းျဖစ္ေၾကာင္း သိရသည္။

"ျပည္သူလူထုရဲ႕ ဆႏၵကို အေလးထားၿပီး ျပည္သူေတြ မလိုလားတဲ့ ဝန္ႀကီးေလာင္း (၂)ဦးအမည္စာရင္းကို ျပန္လည္ရုပ္သိမ္းေပးတဲ႔ ဝန္ႀကီးခ်ဳပ္ကို ေက်းဇူးတင္ပါတယ္။ျပည္သူေတြ လိုလားတဲ႔ ျပည္သူေတြအတြက္ စြမ္းေဆာင္ရည္ျပည့္ဝစြာနဲ႔ တကယ္အလုပ္လုပ္ ေပးႏိုင္မယ္႔ သူေတြကိုပဲ ခန္႔ထားေစခ်င္ပါတယ္"ဟု မေကြးတိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ခ်ိဳလတ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ယင္းသို႔ ဝန္ႀကီးေလာင္း အမည္စာရင္းကို  ျပန္လည္ရုပ္သိမ္းသြားသည့္ အတြက္ အဆိုပါ အမည္စာရင္း သြင္းတင္ခဲစဥ္က ကန္႔ကြက္ခဲ့ၾကသည့္ မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္(၁၇)ဦးမွ ၎တို႔၏ ကန္႔ကြက္အဆိုကိုလည္း ျပန္လည္ရုပ္သိမ္းခဲ့ေၾကာင္း သိရသည္။

မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ဝင္ ဝန္ႀကီး (၂)ဦးအား ၎တို႔၏ သေဘာဆႏၵအရ ႏွဳတ္ထြက္ ခြင္႔ျပဳရန္ တင္ျပခဲ့၍ ႏိုင္ငံေတာ္သမၼတက ႏွဳတ္ထြက္ခြင့္ျပဳခဲ့သျဖင့္ တိုင္းေဒသႀကီးဝန္ႀကီးရာထူးေနရာ (၂)ေနရာ လစ္လပ္ လွ်က္ရိွသျဖင့္ အဆိုပါရာထူးေနရာမ်ားကို ျဖည့္စြက္ ခန္႔ထားရန္အတြက္ ျပည္ေထာင္စု သမၼတျမန္မာႏိုင္ငံေတာ္ ဖဲြ႔စည္းပံု အေျခခံဥပေဒပုဒ္မ ၁၆၁၊ ပုဒ္မခဲြ(က)ပါ အမည္စာရင္း သတ္မွတ္ ခ်က္မ်ားႏွင့္ ျပည့္စံုသည့္ လႊတ္ေတာ္ကိုယ္စားလွယ္ မဟုတ္သူ ဦးေအးလြင္(၆၉ႏွစ္)ႏွင့္ ဦးေအာင္ ေက်ာ္မိုး (၆၇ႏွစ္)တို႔ ကို တိုင္းေဒသႀကီး(သို႔)ျပည္နယ္အစိုးရအဖဲြ႔ ဥပေဒပုဒ္မ ၈ ႏွင္႔အညီတာဝန္ ေပးအပ္လို ေၾကာင္းႏွင့္ မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္မွ သေဘာတူညီခ်က္ေပးပါရန္ ဝန္ႀကီးခ်ဳပ္က အဆို ျပဳတင္ သြင္းခဲ့ျခင္းျဖစ္သည္။

သတင္း - ဖီးနစ္





~~~~~~~~⊰❂ unicode ~~~~~~~~


မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် အဆိုပြုထားသည့် ဝန်ကြီးလောင်း(၂)ဦး၏ အမည် စာရင်းများကို ဝန်ကြီးချုပ်က ပြည်သူ့အသံများနှင့် အခြေအနေ အရပ်ရပ်ကို သုံးသပ်၍ ပြန်လည် ရုပ်သိမ်း လိုက်ကြောင်း သိရသည်။

အမည်စာရင်းရုပ်သိမ်းကြောင်း အကြောင်းကြားစာအား ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ (၂၆)ရက်နေ့တွင် ပြုလုပ်သည့် ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၈)၏ တတိယနေ့တွင် ဝန်ကြီးချုပ်က တင်သွင်း၍ လွှတ်တော်မှ မှတ်တမ်းတင်ကြောင်း သိရသည်။

၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ(၂၂)ရက်စွဲဖြင့် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ထံသို့ လစ်လပ် လျှက်ရှိသော ဝန်ကြီးနှစ်နေရာ နှင့် ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ဝန်ကြီးရာထူး (၂)နေရာအတွက် ဦးအောင်ကျော်မိုးနှင့် ဦးအေးငွေတို့ကို ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ(၁၄)ရက်နေ့က တိုင်းဒေသကြီး လွှတ်တော်၌ အမည်စာရင်း တင်သွင်းခဲ့သော်လည်း ပြည်သူများ၏ အသံနှင့် အခြေအနေ အရပ်ရပ်ကို သုံးသပ်၍၎င်း(၂) ဦး အမည်စာရင်း တင်သွင်းထားခြင်းကို ပြန်လည်ရုပ်သိမ်းပါကြောင်း လွှတ်တော်ဥက္ကဋ္ဌထံသို့ အကြောင်းစာပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ပြည်သူလူထုရဲ့ ဆန္ဒကို အလေးထားပြီး ပြည်သူတွေ မလိုလားတဲ့ ဝန်ကြီးလောင်း (၂)ဦးအမည်စာရင်းကို ပြန်လည်ရုပ်သိမ်းပေးတဲ့ ဝန်ကြီးချုပ်ကို ကျေးဇူးတင်ပါတယ်။ပြည်သူတွေ လိုလားတဲ့ ပြည်သူတွေအတွက် စွမ်းဆောင်ရည်ပြည့်ဝစွာနဲ့ တကယ်အလုပ်လုပ် ပေးနိုင်မယ့် သူတွေကိုပဲ ခန့်ထားစေချင်ပါတယ်"ဟု မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယင်းသို့ ဝန်ကြီးလောင်း အမည်စာရင်းကို ပြန်လည်ရုပ်သိမ်းသွားသည့် အတွက် အဆိုပါ အမည်စာရင်း သွင်းတင်ခဲစဉ်က ကန့်ကွက်ခဲ့ကြသည့် မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁၇)ဦးမှ၎င်းတို့၏ ကန့်ကွက်အဆိုကိုလည်း ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး (၂)ဦးအား၎င်းတို့၏ သဘောဆန္ဒအရ နှုတ်ထွက် ခွင့်ပြုရန် တင်ပြခဲ့၍ နိုင်ငံတော်သမ္မတက နှုတ်ထွက်ခွင့်ပြုခဲ့သဖြင့် တိုင်းဒေသကြီးဝန်ကြီးရာထူးနေရာ (၂)နေရာ လစ်လပ် လျှက်ရှိသဖြင့် အဆိုပါရာထူးနေရာများကို ဖြည့်စွက် ခန့်ထားရန်အတွက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၆၁၊ ပုဒ်မခွဲ(က)ပါ အမည်စာရင်း သတ်မှတ် ချက်များနှင့် ပြည့်စုံသည့် လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူ ဦးအေးလွင်(၆၉နှစ်)နှင့် ဦးအောင် ကျော်မိုး (၆၇နှစ်)တို့ ကို တိုင်းဒေသကြီး(သို့)ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈ နှင့်အညီတာဝန် ပေးအပ်လို ကြောင်းနှင့် မကွေးတိုင်းဒေသကြီးလွှတ်တော်မှ သဘောတူညီချက်ပေးပါရန် ဝန်ကြီးချုပ်က အဆို ပြုတင် သွင်းခဲ့ခြင်းဖြစ်သည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~