မိုင္းေယာင္း၌ (၇၁)ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔အခမ္းအနားက်င္းပ

မိုင္းေယာင္း၌ (၇၁)ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔အခမ္းအနားက်င္းပ
ဖေဖော်ဝါရီ 12, 2018
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္ မုိင္းေယာင္းၿမိဳ႕နယ္တြင္ (၇၁) ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔ အခမ္းအနားကို ေဖေဖာ္၀ါရီလ (၁၂) ရက္ေန႔က ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးရံုးေရွ႕ရွိ ျမက္ခင္းျပင္၌ က်င္းပခဲ့ေၾကာင္း သိရသည္။

အခမ္းအနားတြင္ နိုင္ငံေတာ္သမၼတကေပးပို႔ေသာ (၇၁)ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔ သ၀ဏ္လႊာကို ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းႏိုင္ေအာင္က ဖတ္ၾကားခဲ့သည္။

ၿမိဳ႕နယ္ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနက  (၇၁)ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔ အထိမ္းအမွတ္ ေအးခ်မ္းသာယာျပည္ျမန္မာ ေရာင္စံုဓာတ္ပံုျပပြဲ၊ နံရံကပ္စာေစာင္ျပပြဲမ်ား ခင္းက်င္းျပသၿပီး သတင္းစကား လက္ကမ္းစာေစာင္မ်ားကို တက္ေရာက္လာသူမ်ားအား ျဖန္႔ေဝေပးသည္။

အဆိုပါ အခမ္းအနားသို႔ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးအိုက္ခမ္းလိႈင္၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးႏွင့္ ဌာနဆိုင္ရာအႀကီးအကဲမ်ား၊ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ ႏိုင္ငံေရးပါတီမ်ား၊ တိုင္းရင္းသားယဥ္ေက်းမႈအဖြဲ႔မ်ား၊ ၿမိဳ႕နယ္စစ္မႈထမ္းေဟာင္းအဖြဲ႔၀င္မ်ား၊ ရပ္ကြက္/ေက်းရြာအုပ္စုအုပ္ခ်ဳပ္ေရးမွဴးမ်ား၊ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကသည္။

သတင္း၊ဓါတ္ပံု #အားခ်ာ(မိုင္းေယာင္း)

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းယောင်း၌ (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပ
**************
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် (၇၁) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ဖေဖော်ဝါရီလ (၁၂) ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့ရှိ မြက်ခင်းပြင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတကပေးပို့သော (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်က ဖတ်ကြားခဲ့သည်။

မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက  (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အေးချမ်းသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြပွဲ၊ နံရံကပ်စာစောင်ပြပွဲများ ခင်းကျင်းပြသပြီး သတင်းစကား လက်ကမ်းစာစောင်များကို တက်ရောက်လာသူများအား ဖြန့်ဝေပေးသည်။

အဆိုပါ အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

သတင်း၊ဓါတ်ပုံ #အားချာ(မိုင်းယောင်း)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~