မိုင္းေယာင္းၿမိဳ႕နယ္မွ အသက္ႏွစ္ႏွစ္ေအာက္ကေလး ၆၆ ဦးကို ပံုမွန္ကာကြယ္ေဆးထိုး

မိုင္းေယာင္းၿမိဳ႕နယ္မွ အသက္ႏွစ္ႏွစ္ေအာက္ကေလး ၆၆ ဦးကို ပံုမွန္ကာကြယ္ေဆးထိုး
ဖေဖော်ဝါရီ 8, 2018
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္ မိုင္းေယာင္းၿမိဳ႕နယ္အတြင္း အသက္ႏွစ္ႏွစ္ေအာက္ ကေလး (၆၆)ဦးကို ပံုမွန္ကာကြယ္ေဆးထိုး၊ ေဆးတိုက္ျခင္းလုပ္ငန္းကို ေဖေဖာ္ဝါရီလ (၇) ရက္ေန႔က ေဆာင္ရြက္ေၾကာင္း သိရသည္။

ၿမိဳ႕နယ္အမ်ိဳးသမီးက်န္းမာေရးဆရာမ ေဒၚနန္းႏြဲ႔ ႀကီးၾကပ္ၿပီး ရပ္ကြက္က်န္းမာေရးဆရာမႏွင့္ က်န္းမာေရးဝန္ထမ္းမ်ားက မိုင္းေယာင္းၿမိဳ႕ အမွတ္(၈)ရပ္ကြက္ရွိ ၿမိဳ႕နယ္မိခင္ႏွင့္ကေလးက်န္းမာေရးဌာန၌ ကာကြယ္ေဆးထိုးႏွံေပးျခင္းျဖစ္ေၾကာင္း သိရသည္။

အသက္ ၂ ႏွစ္ေအာက္ ကေလးမ်ားအတြက္ ပံုမွန္ကာကြယ္ေဆးတြင္  ဘီစီဂ်ီ၊ ၾကက္ညႇာ၊ ဆံုဆို႔၊ ေမးခိုင္ေရာဂါ၊ ဦးေႏွာက္အေျမႇးပါးေရာင္ေရာဂါ၊ အသဲေရာင္ဘီပိုး၊ ျပင္းထန္အဆုတ္ေရာင္ေရာဂါ၊ ဝက္သက္၊ ဂ်ိဳက္သိုး၊ ဂ်ပန္ဦးေႏွာက္ေရာင္ေရာဂါႏွင့္ ပိုလီယုိေရာဂါ ကာကြယ္ေဆးမ်ား ပါဝင္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #အားခ်ာ

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းယောင်းမြို့နယ်မှ အသက်နှစ်နှစ်အောက်ကလေး ၆၆ ဦးကို ပုံမှန်ကာကွယ်ဆေးထိုး
************
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်အတွင်း အသက်နှစ်နှစ်အောက် ကလေး (၆၆)ဦးကို ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းကို ဖေဖော်ဝါရီလ (၇) ရက်နေ့က ဆောင်ရွက်ကြောင်း သိရသည်။

မြို့နယ်အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နန်းနွဲ့ ကြီးကြပ်ပြီး ရပ်ကွက်ကျန်းမာရေးဆရာမနှင့် ကျန်းမာရေးဝန်ထမ်းများက မိုင်းယောင်းမြို့ အမှတ်(၈)ရပ်ကွက်ရှိ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

အသက် ၂ နှစ်အောက် ကလေးများအတွက် ပုံမှန်ကာကွယ်ဆေးတွင်  ဘီစီဂျီ၊ ကြက်ညှာ၊ ဆုံဆို့၊ မေးခိုင်ရောဂါ၊ ဦးနှောက်အမြှေးပါးရောင်ရောဂါ၊ အသဲရောင်ဘီပိုး၊ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်ရောဂါနှင့် ပိုလီယိုရောဂါ ကာကွယ်ဆေးများ ပါဝင်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #အားချာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~