မိုင်းယောင်း၌ ခေတ်မီ မီးသတ်ပစ္စည်းများဖြင့် မီးငြှိမ်းသတ်ခြင်းများ သရုပ်ပြလေ့ကျင့်

မိုင်းယောင်း၌ ခေတ်မီ မီးသတ်ပစ္စည်းများဖြင့် မီးငြှိမ်းသတ်ခြင်းများ သရုပ်ပြလေ့ကျင့်
ဖေဖော်ဝါရီ 8, 2018
By 🌸
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် မြို့မဈေးတွင်  ဖေဖော်ဝါရီလ (၈) ရက်နေ့က ခေတ်မီမီးသတ်ပစ္စည်းများဖြင့် မီးငြှိမ်းသတ်ခြင်း သရုပ်ပြလေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်း ဆောင်ရွက်ကြောင်း သိရသည်။

မြို့နယ်မီးသတ်ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများက ခေတ်မီမီးသတ်ပစ္စည်းများဖြင့် မီးငြှိမ်းသတ်နည်းများ လက်တွေ့ရှင်းလင်းပြသပြီး ဈေးအရောင်းဆိုင်ပိုင်ရှင်များ၊ ဝန်ထမ်းများက ဆီမီးလောင်မှုအား  ခေတ်မီ မီးသတ်ပစ္စည်းများဖြင့် စနစ်တကျ လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို သရုပ်ပြလေ့ကျင့်ကြကြောင်း သိရသည်။

ခေတ်မီ မီးသတ်ပစ္စည်းများဖြင့် မီးငြိမ်းသတ်နည်းအပါအဝင် မီးဘေးလုံခြုံရေး၊ မီးနှင့်ပတ်သက်သည့် အသိပညာ၊ မီးသုံးစွဲရာတွင် သတိမူရမည့် အချက်များ၊ မီးလောင်မှုစတင် ဖြစ်ပေါ်စေသည့် အကြောင်းရင်းများ၊ မီးငြှိမ်းသတ်စနစ်၊ မီးသတ်ပစ္စည်းကိရိယာများ မပါရှိဘဲ မီးငြှိမ်းသတ်နည်းများကို ရှင်းလင်း အသိပညာပေးခြင်းနှင့် သရုပ်ပြခြင်းများအား လုပ်ဆောင်ကြကြောင်း သိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းယောင်း၌ ခေတ်မီ မီးသတ်ပစ္စည်းများဖြင့် မီးငြိှမ်းသတ်ခြင်းများ သရုပ်ပြလေ့ကျင့်
**************
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် မြို့မစျေးတွင်  ဖေဖော်ဝါရီလ (၈) ရက်နေ့က ခေတ်မီမီးသတ်ပစ္စည်းများဖြင့် မီးငြိှမ်းသတ်ခြင်း သရုပ်ပြလေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်း ဆောင်ရွက်ကြောင်း သိရသည်။

မြို့နယ်မီးသတ်ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများက ခေတ်မီမီးသတ်ပစ္စည်းများဖြင့် မီးငြိှမ်းသတ်နည်းများ လက်တွေ့ရှင်းလင်းပြသပြီး စျေးအရောင်းဆိုင်ပိုင်ရှင်များ၊ ဝန်ထမ်းများက ဆီမီးလောင်မှုအား  ခေတ်မီ မီးသတ်ပစ္စည်းများဖြင့် စနစ်တကျ လက်တွေ့မီးငြိှမ်းသတ်ခြင်းများကို သရုပ်ပြလေ့ကျင့်ကြကြောင်း သိရသည်။

ခေတ်မီ မီးသတ်ပစ္စည်းများဖြင့် မီးငြိမ်းသတ်နည်းအပါအဝင် မီးဘေးလုံခြုံရေး၊ မီးနှင့်ပတ်သက်သည့် အသိပညာ၊ မီးသုံးစွဲရာတွင် သတိမူရမည့် အချက်များ၊ မီးလောင်မှုစတင် ဖြစ်ပေါ်စေသည့် အကြောင်းရင်းများ၊ မီးငြိှမ်းသတ်စနစ်၊ မီးသတ်ပစ္စည်းကိရိယာများ မပါရှိဘဲ မီးငြိှမ်းသတ်နည်းများကို ရှင်းလင်း အသိပညာပေးခြင်းနှင့် သရုပ်ပြခြင်းများအား လုပ်ဆောင်ကြကြောင်း သိရသည်။

မီးဘေးအသိပညာပေးနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းသို့  မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဆိုင်ပိုင်ရှင်များ၊ ဒေသခံများတက်ရောက်ကြကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #အားချာ(မိုင်းယောင်း)

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~