တာခ်ီလိတ္ရွိ ေဟြရဲၿမိဳ႕ေရွာင္ ေတာလမ္းတြင္ ဆိုင္ကယ္စီးလာသည့္ အမ်ဳိးသားတစ္ဦးထံက မူးယစ္ေဆး၀ါး ဖမ္းဆီးရမိ

တာခ်ီလိတ္ရွိ ေဟြရဲၿမိဳ႕ေရွာင္ ေတာလမ္းတြင္ ဆိုင္ကယ္စီးလာသည့္ အမ်ဳိးသားတစ္ဦးထံက မူးယစ္ေဆး၀ါး ဖမ္းဆီးရမိ
ဖေဖော်ဝါရီ 12, 2018
By Tachileik News Agency

တာခ်ီလိတ္ - မိုင္းဆတ္သြားလမ္း ေဟြရဲၿမိဳ႕ေရွာင္လမ္းရွိ ေတာလမ္းတြင္ မူးယစ္တပ္ဖြဲ႔စု (၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ားႏွင့္ ပူးေပါင္း အဖြဲ႔က ပိတ္ဆို႔ရွာေဖြ စစ္ေဆးမႈမ်ား ျပဳလုပ္စဥ္ ဆိုင္ကယ္ စီးလာသည့္ အမ်ဳိးသားတစ္ဦးထံက မူးယစ္ေဆး၀ါးမ်ား ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႔စု (၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔တို႔သည္ ၂၀၁၈ခုႏွစ္ ေဖေဖာ္၀ါရီလ (၁၂)ရက္ေန႔ နံနက္(၈)နာရီ(၂၀)၀န္းက်င္အခ်ိန္က တာခ်ီလိတ္ၿမိဳ႕နယ္၊ လြယ္ေတာ္ခမ္း ေက်းရြာအုပ္စု၊ တာခ်ီလိတ္ - မိုင္းဆတ္သြား၊ ေဟြရဲၿမိဳ႕ေရွာင္လမ္းရွိ တာခ်ီလိတ္ၿမိဳ႕တြင္းသို႔ သြားသည့္ ၀မ္မိုင္(ေက်ာက္ေတာင္) ေတာလမ္းတြင္ ပိတ္ဆို႔ ရွာေဖြစစ္ေဆးမႈမ်ား ျပဳလုပ္ေနစဥ္ လွမ်ဳိးေအာင္ ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ဆိုင္ကယ္အား ရပ္တန္႔စစ္ေဆးရွာေဖြရာမွ မူးယစ္ေဆး၀ါးမ်ားကို ရွာေဖြရရွိျခင္း ျဖစ္ေၾကာင္း သိရသည္။

အသက္(၄၂)ႏွစ္ရွိ လွမ်ဳိးေအာင္ထံက အေလးခ်ိန္ စုစုေပါင္း(၄၀)ဂရမ္ရွိသည့္ ဘိန္းျဖဴမႈန္႔မ်ားႏွင့္ Wy စာတမ္းပါ လိေမၼာ္ေရာင္ စိတ္ၾကြေဆးျပား စုစုေပါင္း (၆၂၀)ျပားတို႔အား ေတြ႕ရွိရ၍ ၎အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၂/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က) အရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ် - မိုင်းဆတ်သွားလမ်း ဟွေရဲမြို့ရှောင်လမ်းရှိ တောလမ်းတွင် မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း အဖွဲ့က ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်စဉ် ဆိုင်ကယ် စီးလာသည့် အမျိုးသားတစ်ဦးထံက မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့သည် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့ နံနက်(၈)နာရီ(၂၀)ဝန်းကျင်အချိန်က တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်း ကျေးရွာအုပ်စု၊ တာချီလိတ် - မိုင်းဆတ်သွား၊ ဟွေရဲမြို့ရှောင်လမ်းရှိ တာချီလိတ်မြို့တွင်းသို့ သွားသည့် ဝမ်မိုင်(ကျောက်တောင်) တောလမ်းတွင် ပိတ်ဆို့ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေစဉ် လှမျိုးအောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာမှ မူးယစ်ဆေးဝါးများကို ရှာဖွေရရှိခြင်း ဖြစ်ကြောင်း သိရသည်။

အသက်(၄၂)နှစ်ရှိ လှမျိုးအောင်ထံက အလေးချိန် စုစုပေါင်း(၄၀)ဂရမ်ရှိသည့် ဘိန်းဖြူမှုန့်များနှင့် Wy စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား စုစုပေါင်း (၆၂၀)ပြားတို့အား တွေ့ရှိရ၍၎င်းအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၁၂/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~