ဆူးတပ္ႀကီးေက်းရြာတြင္ မိခင္မရွိခိုက္ ဟင္းခ်က္ျပဳတ္ရာမွ ေနအိမ္(၂၇)လံုး မီးေလာင္ဆံုးရႈံးကာ ေက်းရြာေန (၁၀၄)ဦး မီးေဘးသင့္

ဆူးတပ္ႀကီးေက်းရြာတြင္ မိခင္မရွိခိုက္ ဟင္းခ်က္ျပဳတ္ရာမွ ေနအိမ္(၂၇)လံုး မီးေလာင္ဆံုးရႈံးကာ ေက်းရြာေန (၁၀၄)ဦး မီးေဘးသင့္
ဖေဖော်ဝါရီ 27, 2018
By Tachileik News Agency

မိခင္မရွိခိုက္ စိတ္က်န္းမာေရးခ်ဳိ႕ယြင္းေနသူ ေမာင္ႏွမႏွစ္ဦးမွ မီးဖိုအား အသံုးျပဳ၍ ခ်က္ျပဳတ္ရာမွ ေနအိမ္(၂၇)လံုး မီးေလာင္မႈ မေကြးတိုင္းေဒသႀကီး ၿမိဳ႕သစ္ၿမိဳ႕နယ္ ဆူးတပ္ႀကီးေက်းရြာတြင္ ေဖေဖာ္၀ါရီလ(၂၆)ရက္ေန႔ ညေန(၅)နာရီခြဲ၀န္းက်င္ အခ်ိန္က ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ဆူးတပ္ႀကီးေက်းရြာေန အသက္(၁၉)ႏွစ္ရွိ မသင္း ႏွင့္ အသက္(၁၄)ႏွစ္ရွိ ကိုထက္တို႔ ေမာင္ႏွမႏွစ္ဦးသည္ မိခင္ျဖစ္သူ ေဒၚၾကည္၀င္း ခရီးသြားေနခိုက္ မီးဖိုအား အသံုးျပဳ၍ ဟင္းခ်က္ရာမွ မီးဖိုႏွင့္ (၅)ေတာင္ခန္႔ အကြာရွိ ႏြားစာပံုအား စတင္၍ မီးကူးစက္ေလာင္ကြ်မ္းခဲ့ျခင္း ျဖစ္ေၾကာင္းႏွင့္ အဆိုပါ ေမာင္ႏွမႏွစ္ဦးသည္ စိတ္က်န္းမာေရးခ်ဳိ႕ယြင္းေနသူမ်ားျဖစ္ေၾကာင္း မီးသတ္မွတ္တမ္းအရ သိရသည္။

မီးေလာင္မႈျဖစ္ပြားရာသို႔ ၿမိဳ႕သစ္ၿမိဳ႕နယ္မီးသတ္စခန္းမွ မီးသတ္ယာဥ္ (၃)စီး၊ ေတာင္တြင္းႀကီး ၿမိဳ႕နယ္ မီးသတ္စခန္းမွ မီးသတ္ယာဥ္(၃)စီး၊ နတ္ေမာက္ၿမိဳ႕နယ္ မွ မီးသတ္ယာဥ္(၁)စီးတို႔ေရာက္ရိွၿပီး မီးသတ္ တပ္ဖဲြ႔ဝင္မ်ား၊ ၿမိဳ႕သစ္ၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖဲြ႔ဝင္မ်ား၊ ဒန္႔ဒလြန္ပင္ရဲစခန္းမွ ရဲတပ္ဖဲြ႔ဝင္မ်ား၊ ေက်းရြာေန ျပည္သူမ်ားမွ စုေပါင္းပါ၀င္ကာ ဝိုင္းဝန္းျငိမ္းသတ္ၾက၍ ည(၈)နာရီ(၄၅)မိနစ္၀န္းက်င္တြင္ မီးလံုးဝၿငိမ္းသတ္ ႏိုင္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ မီးေလာင္မႈျဖစ္စဥ္ေၾကာင့္ လူေနအိမ္ (၂၇)လံုး၊ လက္တြန္းလယ္ထြန္စက္ (၁)လံုးႏွင့္ ဝက္(၃)ေကာင္ မီးေလာင္သြားခဲ့ေၾကာင္း မီးသတ္ မွတ္တမ္း အရ သိရသည္။

မီးေဘးသင့္အိမ္ေထာင္စု (၂၇)စုမွ က်ား/မ (၁၀၄) ဦးတို႔အား ေက်းရြာရိွ ရြာဦးဘုန္းေတာ္ႀကီး ေက်ာင္း၊ ကံဦး ဘုန္းေတာ္ ႀကီးေက်ာင္းႏွင့္ လယ္ျပင္ ဘုန္းေတာ္ႀကီးေက်ာင္း တို႔တြင္ ေနရာခ်ထားေပးၿပီး ၿမိဳ႕သစ္ၿမိဳ႕နယ္ရဲတပ္ဖဲြ႔မွ မီးေဘးသင့္ ျပည္သူမ်ား၏ ညစာအတြက္ စီစဥ္ေပးေၾကာင္း သိရသည္။

မီးေလာင္မႈႏွင့္ပတ္သက္၍ ဆူးတပ္ႀကီးေက်းရြာေန မသင္း အား ဒန္႔ဒလြန္ပင္နယ္ေျမရဲစခန္း မွ (ပ)၉/၂၀၁၈၊ ပုဒ္မ၂၈၅ ျဖင့္ အမႈေရးဖြင့္ထားရွိေၾကာင္း သိရၿပီး အဆိုပါေက်းရြာ၌ အိမ္ေျခ(၅၉၃)၊ အိမ္ ေထာင္စု(၆၁၀)၊လူဦးေရ က်ား/မ(၃၀၃၅)ဦး မွီတင္းေနထိုင္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္
ဓါတ္ပံု  - Saung Saung Hoon


~~~~~~~~⊰❂ unicode ~~~~~~~~

မိခင်မရှိခိုက် စိတ်ကျန်းမာရေးချို့ယွင်းနေသူ မောင်နှမနှစ်ဦးမှ မီးဖိုအား အသုံးပြု၍ ချက်ပြုတ်ရာမှ နေအိမ်(၂၇)လုံး မီးလောင်မှု မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ဆူးတပ်ကြီးကျေးရွာတွင် ဖေဖော်ဝါရီလ(၂၆)ရက်နေ့ ညနေ(၅)နာရီခွဲဝန်းကျင် အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဆူးတပ်ကြီးကျေးရွာနေ အသက်(၁၉)နှစ်ရှိ မသင်း နှင့် အသက်(၁၄)နှစ်ရှိ ကိုထက်တို့ မောင်နှမနှစ်ဦးသည် မိခင်ဖြစ်သူ ဒေါ်ကြည်ဝင်း ခရီးသွားနေခိုက် မီးဖိုအား အသုံးပြု၍ ဟင်းချက်ရာမှ မီးဖိုနှင့် (၅)တောင်ခန့် အကွာရှိ နွားစာပုံအား စတင်၍ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ မောင်နှမနှစ်ဦးသည် စိတ်ကျန်းမာရေးချို့ယွင်းနေသူများဖြစ်ကြောင်း မီးသတ်မှတ်တမ်းအရ သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မြို့သစ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၃)စီး၊ တောင်တွင်းကြီး မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီး၊ နတ်မောက်မြို့နယ် မှ မီးသတ်ယာဉ်(၁)စီးတို့ရောက်ရှိပြီး မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့သစ်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ဒန့်ဒလွန်ပင်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာနေ ပြည်သူများမှ စုပေါင်းပါဝင်ကာ ဝိုင်းဝန်းငြိမ်းသတ်ကြ၍ ည(၈)နာရီ(၄၅)မိနစ်ဝန်းကျင်တွင် မီးလုံးဝငြိမ်းသတ် နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်ကြောင့် လူနေအိမ် (၂၇)လုံး၊ လက်တွန်းလယ်ထွန်စက် (၁)လုံးနှင့် ဝက်(၃)ကောင် မီးလောင်သွားခဲ့ကြောင်း မီးသတ် မှတ်တမ်း အရ သိရသည်။

မီးဘေးသင့်အိမ်ထောင်စု (၂၇)စုမှ ကျား/မ (၁၀၄) ဦးတို့အား ကျေးရွာရှိ ရွာဦးဘုန်းတော်ကြီး ကျောင်း၊ ကံဦး ဘုန်းတော် ကြီးကျောင်းနှင့် လယ်ပြင် ဘုန်းတော်ကြီးကျောင်း တို့တွင် နေရာချထားပေးပြီး မြို့သစ်မြို့နယ်ရဲတပ်ဖွဲ့မှ မီးဘေးသင့် ပြည်သူများ၏ ညစာအတွက် စီစဉ်ပေးကြောင်း သိရသည်။

မီးလောင်မှုနှင့်ပတ်သက်၍ ဆူးတပ်ကြီးကျေးရွာနေ မသင်း အား ဒန့်ဒလွန်ပင်နယ်မြေရဲစခန်း မှ (ပ)၉/၂၀၁၈၊ ပုဒ်မ၂၈၅ ဖြင့် အမှုရေးဖွင့်ထားရှိကြောင်း သိရပြီး အဆိုပါကျေးရွာ၌ အိမ်ခြေ(၅၉၃)၊ အိမ် ထောင်စု(၆၁၀)၊လူဦးရေ ကျား/မ(၃၀၃၅)ဦး မှီတင်းနေထိုင်ကြောင်း သိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - Saung Saung Hoon

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~