တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုတွင် MPT က Station တိုးချဲ့ဖွင့်လှစ်

တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုတွင် MPT က Station တိုးချဲ့ဖွင့်လှစ်
ဖေဖော်ဝါရီ 18, 2018
By Tachileik News Agency



Station ဖွင့်လှစ်လိုက်ခြင်းကြောင့် ပါခုတ်ကျေးရွာတွင် MPT အနေဖြင့် 2G၊ 3G ဆက်သွယ်ရေးလိုင်းကို ရောင်းချလာနိုင်ပြီဖြစ်ကြောင်း သိရပြီး မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ဝှေလေလန်ကျေးရွာ၌လည်း တာဝါတိုင် ဆက်လက် တည်ဆောက်နေကြောင်း သိရသည်။

 MPT အနေဖြင့် တာချီလိတ်မြို့နယ်တွင် တာဝါတိုင်(၂၄)တိုင်၊ တာလေမြို့တွင် တာဝါတိုင်(၄)တိုင် နှင့် ကျိုင်းလပ်မြို့တွင် တာဝါတိုင်(၂)တိုင် စိုက်ထူထားပြီးဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မြို့နယ် တာဝန်ခံအင်ဂျင်နီယာ ဒေါ်သန်းသန်းဌေးထံက သိရသည်။

နိုင်ငံအတွင်း ဆက်သွယ်ရေးလိုင်း လေးခုရှိသည့်အနက် အကြီးဆုံး ဆက်သွယ်ရေးကွန်ယက်ကို ပိုင်ဆိုင်ထားသည့် MPT က ဂျပန်နိုင်ငံမှ ဆက်သွယ်ရေးလုပ်ငန်းများကို ဝန်ဆောင်မှုပေးနေသည့် KDDI Sumitomo ကုမ္ပဏီဖြင့် ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။

သတင်း - ဝေယံလင်း
ဓါတ်ပုံ - ယာဆေး


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ပါခုတ်ကျေးရွာ၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)က Station တိုးချဲ့ဖွင့်လှစ်ခြင်းကို ဖေဖော်ဝါရီလ (၁၈) ရက်နေ့က ဖွင့်ပွဲ အခမ်းအနားဖြင့် ကျင်းပကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ပြည်နယ်မန်နေဂျာ ဦးသိန်းဌေးမြင့်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးအိုက်ဆတ် နှင့် ပါခုတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအိုက်စွံတို့လည်း တက်ရောက်ကြကြောင်း သိရသည်။

Station ဖွင့်လှစ်လိုက်ခြင်းကြောင့် ပါခုတ်ကျေးရွာတွင် MPT အနဖြေင့် 2G၊ 3G ဆက်သွယ်ရေးလိုင်းကို ရောင်းချလာနိုင်ပြီဖြစ်ကြောင်း သိရပြီး မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ဝှေလေလန်ကျေးရွာ၌လည်း တာဝါတိုင် ဆက်လက် တည်ဆောက်နေကြောင်း သိရသည်။

 MPT အနဖြေင့် တာချီလိတ်မြို့နယ်တွင် တာဝါတိုင်(၂၄)တိုင်၊ တာလမြေို့တွင် တာဝါတိုင်(၄)တိုင် နှင့် ကျိုင်းလပ်မြို့တွင် တာဝါတိုင်(၂)တိုင် စိုက်ထူထားပြီးဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မြို့နယ် တာဝန်ခံအင်ဂျင်နီယာ ဒေါ်သန်းသန်းဌေးထံက သိရသည်။

နိုင်ငံအတွင်း ဆက်သွယ်ရေးလိုင်း လေးခုရှိသည့်အနက် အကြီးဆုံး ဆက်သွယ်ရေးကွန်ယက်ကို ပိုင်ဆိုင်ထားသည့် MPT က ဂျပန်နိုင်ငံမှ ဆက်သွယ်ရေးလုပ်ငန်းများကို ဝန်ဆောင်မှုပေးနေသည့် KDDI Sumitomo ကုမ္ပဏီဖြင့် ပူးပေါင်းဆောင်ရွက်နခြေင်းဖြစ်သည်။

သတင်း -ေဝယံလင်း
ဓာတ်ပုံ - ယာဆေး

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~