*****************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့တွင် တည်ဆောက်နေဆဲ မယ်နင်မြို့မသုသာန်၌ တိုင်းရင်းသားပေါင်းစုံ စုပေါင်း မီးသဂြိုလ်စက်နှင့် ပြာအိုးများမြှပ်နှံရန် အဆောက်အဦများအတွက် ဖေဖေါ်ဝါရီလတွင် ကျပ်သိန်း (၄၀၀)သာရရှိထားသေးပြီး အလှူငွေလိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ မီးသဂြိုလ်စက်တည်ဆောက်ရန် အလှူငွေကျပ်သိန်း(၄၀၀)ရရှိထားပြီး အလျား (၃၀) ပေ၊ အနံ (၂၀) ပေ အဆောက်အဦနှင့် မီးသဂြိုလ်စက်(၂)လုံးတပ်ဆင်ခ ကုန်ကျငွေကျပ်သိန်း (၆၀၀)ကျော်ရှိပြီး အလျား (၃၆) ပေ၊ ပြာအိုးများမြုပ်နှံထားရှိရန်နေရာ၊ အဆင်းအတက်လမ်း(၉၀၀)ပေ ကတ္တရာခင်းရန်နှင့် သန့်စင်ခန်း(၂)ခန်းတွဲ ဆောက်လုပ်ရန် ရန်ပုံငွေလိုအပ်သဖြင့် ဦးစိုင်းကျော်အောင် ဖုန်း - ၀၉၅၂၄၁၀၀၈ သို့ မည်သူမဆို ဆက်သွယ်ကုသိုလ်ယူ လှူဒါန်းနိုင်ကြောင်း သိရသည်။
တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး၊ မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးစိုင်းကျော်အောင် ဦးစီးသော မီးသဂြိုလ်စက် တည်ဆောက်ရေးကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များက အဆိုပါမီးသဂြိုလ်စက် တည်ဆောက်စမ်းသပ်လည်ပတ်မှုအား ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။
သတင်း၊ဓါတ်ပုံ #သန်းဇော်(မိုင်းဆတ်)