
ဖေဖော်ဝါရီ 8, 2018
By 🌸


သတင်း #ဝေယံလင်း

~~~~~~~~⊰❂ unicode ~~~~~~~~
မက်မန်းမြို့နယ် ကွန်ဟောင်းရွာဒေသခံ ၅၅ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်
************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မက်မန်းမြို့နယ်၊ အေးဂျန့်ကျေးရွာအုပ်စု၊ ကွန်ဟောင်းကျေးရွာမှ ဒေသခံ (၅၅)ဦးအား ဖေဖော်ဝါရီလ (၈)ရက်နေ့က နိုင်ငံသားစိစစ်ရေးကတ်များထုတ်ပေးကြောင်း သိရသည်။

ဒေသခံများထံ နိုင်ငံသားစိစစ်ရေးကတ်များပေးအပ်ခြင်း အခမ်းအနားပြုလုပ်ရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း ၊  အမှတ်(၁၀၁၀) နယ်ခြားစောင့်တပ်မှူး ဗိုလ်မှူး စိုင်းယီ၊ မက်မန်းခရိုင် ဦးစီးမှူး ဦးဝင်းဖေနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းတို့နှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများလည်း တက်ရောက်ကြကြောင်း သိရသည်။

သတင်း #ဝေယံလင်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~