ထုိင္းႏုိင္ငံေရာက္ ျမန္မာလုပ္သား ၂၈၂ ဦး ျမဝတီနယ္စပ္မွတစ္ဆင့္ ေနရပ္ျပန္

ထုိင္းႏုိင္ငံေရာက္ ျမန္မာလုပ္သား ၂၈၂ ဦး ျမဝတီနယ္စပ္မွတစ္ဆင့္ ေနရပ္ျပန္
ဖေဖော်ဝါရီ 4, 2018
By 🌸
ထိုင္းနိုင္ငံတြင္ ေရႊ႕ေျပာင္းအလုပ္သမားဆိုင္ရာ အက္ဥပေဒျပင္ဆင္ေျပာင္းလဲလုိက္သျဖင့္  ဥပေဒႏွင့္ မညီညြတ္သည့္ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားမ်ား ေနရပ္ျပန္လာေနရာ ၂၀၁၈ ခုႏွစ္ ေဖေဖၚဝါရီလ (၃)ရက္ေန႔တြင္ ကရင္ျပည္နယ္ ျမဝတီၿမိဳ႕နယ္စပ္ဝင္ေပါက္မွေန၍ ျမန္မာႏိုင္ငံသား (၂၈၂)ဦး ျပန္လည္ဝင္ေရာက္လာေၾကာင္း သိရသည္။

ျမဝတီၿမိဳ႕ အမွတ္(၁)ခ်စ္ၾကည္ေရးတံတားမွတစ္ဆင့္ ထုိုင္းႏုိင္ငံေရာက္ ျမန္မာလုပ္သား အမ်ိဳးသား (၂၂၂)ဦးႏွင့္ အမ်ိဳးသမီး (၆၀)ဦး စုစုေပါင္း (၂၈၂)ဦး ျပန္လည္ဝင္ေရာက္လာျခင္းျဖစ္ေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံမွ ေနရပ္ျပန္လာေနသည့္ ျမန္မာလုပ္သားမ်ားအား ေငြေၾကးတစ္စုံတစ္ရာ ေကာက္ခံျခင္းမရိွဘဲ သက္ဆုိင္ရာေဒသတာဝန္ရိွသူမ်ားက ႀကိဳဆိုလက္ခံၿပီး ၎တို႔ ေနရပ္ေဒသအသီးသီး ျပန္ႏုိင္ေရး လိုအပ္သည့္ ကူညီမႈမ်ား ေဆာင္ရြက္ေပးေနေၾကာင္း သိရသည္။

ယင္းကဲ့သို႔ ေနရပ္ျပန္လာသူမ်ားတြင္ အစြန္းေရာက္ အၾကမ္းဖက္သမားမ်ား၊ မူးယစ္ေဆးဝါး၊ လက္နက္/ခဲယမ္းမ်ား၊ တရားခံေျပးမ်ား၊ ေငြစကၠဴအတုျပဳ လုပ္သူမ်ားႏွင့္ ေငြစကၠဴအတုမ်ားပါလာျခင္း မရွိေစေရးအတြက္ အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ား၊ လဝက၊ နယ္ေျမခံ ရဲတပ္ဖြဲ႕ ဝင္မ်ားႏွင့္ တာဝန္ရွိပုဂၢိဳလ္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕မ်ားမွ စိစစ္ရွာေဖြျခင္းကိုလည္း လုပ္ေဆာင္ေၾကာင္း သိရသည္။

သတင္း #နန္းဟြမ္ခမ္း

~~~~~~~~⊰❂ unicode ~~~~~~~~
ထိုင်းနိုင်ငံရောက် မြန်မာလုပ်သား ၂၈၂ ဦး မြဝတီနယ်စပ်မှတစ်ဆင့် နေရပ်ပြန်
**************
ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အက်ဥပဒေပြင်ဆင်ပြောင်းလဲလိုက်သဖြင့်  ဥပဒေနှင့် မညီညွတ်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ နေရပ်ပြန်လာနေရာ ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလ (၃)ရက်နေ့တွင် ကရင်ပြည်နယ် မြဝတီမြို့နယ်စပ်ဝင်ပေါက်မှနေ၍ မြန်မာနိုင်ငံသား (၂၈၂)ဦး ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။

မြဝတီမြို့ အမှတ်(၁)ချစ်ကြည်ရေးတံတားမှတစ်ဆင့် ထိုုင်းနိုင်ငံရောက် မြန်မာလုပ်သား အမျိုးသား (၂၂၂)ဦးနှင့် အမျိုးသမီး (၆၀)ဦး စုစုပေါင်း (၂၈၂)ဦး ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ နေရပ်ပြန်လာနေသည့် မြန်မာလုပ်သားများအား ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိဘဲ သက်ဆိုင်ရာဒေသတာဝန်ရှိသူများက ကြိုဆိုလက်ခံပြီး ၎င်းတို့ နေရပ်ဒေသအသီးသီး ပြန်နိုင်ရေး လိုအပ်သည့် ကူညီမှုများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ယင်းကဲ့သို့ နေရပ်ပြန်လာသူများတွင် အစွန်းရောက် အကြမ်းဖက်သမားများ၊ မူးယစ်ဆေးဝါး၊ လက်နက်/ခဲယမ်းများ၊ တရားခံပြေးများ၊ ငွေစက္ကူအတုပြု လုပ်သူများနှင့် ငွေစက္ကူအတုများပါလာခြင်း မရှိစေရေးအတွက် အုပ်ချုပ်ရေးအဖွဲ့များ၊ လဝက၊ နယ်မြေခံ ရဲတပ်ဖွဲ့ ဝင်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သော ပူးပေါင်းအဖွဲ့များမှ စိစစ်ရှာဖွေခြင်းကိုလည်း လုပ်ဆောင်ကြောင်း သိရသည်။

သတင်း #နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~