ရွှေတြိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း)ရန်ပုံငွေရှာဖွေရေးအဖွဲ့ နှင့် မိုင်းကိုးဆေးဖြတ်စခန်းမှ တာဝန်ရှိသူများ တွေ့ဆုံ၍ ရရှိထားသည့် ရန်ပုံငွေဖြင့် ကူညီမှုများ လုပ်ဆောင်ပေးနိုင်ရေး အလွတ်သဘော ဆွေးနွေး
ရွှေတြိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း)ရန်ပုံငွေရှာဖွေရေးအဖွဲ့ နှင့် မိုင်းကိုးဆေးဖြတ်စခန်းမှ တာဝန်ရှိသူများ တွေ့ဆုံ၍ ရရှိထားသည့် ရန်ပုံငွေဖြင့် ကူညီမှုများ လုပ်ဆောင်ပေးနိုင်ရေး အလွတ်သဘော ဆွေးနွေး
ဖေဖော်ဝါရီ 21, 2018
By Tachileik News Agency
ရွှေတြိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း)အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ကချင်ပြည်နယ်အထိ  ရန်ပုံငွေရှာဖွေရေးစက်ဘီးအဖွဲ့က တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုရှိ မိုင်းကိုး ဆေးဖြတ်စခန်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ရရှိထားသည့် ရန်ပုံငွေများဖြင့် ကူညီပေး နိုင်မည့် အခြေအနေများကို ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ(၂၁)ရက်နေ့ နေ့လည်ပိုင်းက အလွတ်သဘော ဆွေးနွေးကြသည်။
မိုင်းကိုးဆေးဖြတ်စခန်းအား ဖွင့်လှစ်ထားသူ မိုင်းကိုးပြည်သူ့စစ်ခေါင်းဆောင် ဦးကျလော နှင့် တာဝန် ရှိသူများ၊ ဆေးဖြတ်စခန်းတွင် ဆေးဖြတ်လိုသူများနှင့် သင်တန်းများ ဖွင့်လှစ်ပေးနိုင်ရန် ကူညီပေးနေသူ မဇ္ဈိမလူမှုကူညီရေးအသင်းဥက္ကဌ ဦးတင့်ဆွေ နှင့် ရွှေတြိဂံဒေသ လူငယ်ပြန်လည် ထူထောင်ရေး (ဆေးဖြတ်စခန်း) ရန်ပုံငွေ ရှာဖွေရေး အဖွဲ့မှ (၁၇)ဦးတို့က ဆေးဖြတ်စခန်းလိုအပ်ချက်များကို ဆွေးနွေး ကြခြင်းဖြစ်သည်
ခရီးရှည်စက်ဘီးစီးခရီးစဉ်မှ ရရှိထားသော ရန်ပုံငွေဖြင့် ဆေးဖြတ်လိုသူများအား ရေရှည်ကူညီပေးနိုင်ရေး၊
ဆေးဖြတ်ပြီးနောက် နေရပ်ပြန်သည့် အခါတွင်လည်း အကျိုးရလဒ်များကို စောင့်ကြည့်နိုင်ရေးနှင့် ဆေးဖြတ်ပြီး ပြန်သွားသူများ အနေဖြင့် အသက်မွေးဝမ်းကြောင်း ပညာရပ်တခုခုကို
ရွှေတြိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း)ရန်ပုံငွေ ရှာဖွေရေးအဖွဲ့၏ ဆွေးနွေးမှုအပေါ် မိုင်းကိုးဆေးဖြတ်စခန်းအား တည်ထောင်ဖွင့်လှစ်သူ မိုင်းကိုးပြည်သူ့စစ် ခေါင်းဆောင် ဦးကျလော က ဆေးဖြတ်စခန်းအနေဖြင့် နံပါတ်(၁)အနေဖြင့် ရေရရှိရေးက အဓိက ဖြစ်နေပြီး၊ နံပါတ်(၂)အနေဖြင့် လျှပ်စစ်မီးရရှိရေးကလည်း အဓိက ဖြစ်နေကြောင်းနှင့် လတ်တလောတွင် ရေရရှိရေးအတွက် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လာရောက်တိုင်းတာစစ်ဆေးမှုများ
ဆေးဖြတ်စခန်းတွင် ဆေးဖြတ်သင်တန်းသားများမှ နေရပ်ပြန်သည့်အခါတွင်  အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုခု တတ်မြောက်သွားစေရန်အတွက် လိုအပ်သည့် သင်တန်းများကို ဖွင့်လှစ်ပေးရင် သင့်တော်ကြောင်း မဇ္ဈိမလူမှုကူညီရေးအသင်းဥက္ကဌ ဦးတင့်ဆွေက အကြုံပြုဆွေးနွေရာတွင်  ရွှေတြိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း)ရန်ပုံငွေ ရှာဖွေရေးအဖွဲ့မှ ဦးစိုင်းဂျွန်ရီ နှင့် ဦးတင်ဝင်းတို့က အသက်မွေးဝမ်းကျောင်း ပညာရပ်အတွက် မိုင်းကိုးဆေးဖြတ်စခန်းမှာ ထားရှိနိုင်ရန် လိုအပ်သည့် အထောက်အကူပြု ပစ္စည်းများကို ပံ့ပိုးပေးဖို့ လိုအပ်ပါက ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း နှင့် စိုက်ပျိုးရေးအတွက် မျိုးစေ့များ လိုအပ်ပါကလည်း ပံ့ပိုးပေးမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ကြသည်။
သိရသည်။
အဆိုပါ ဆေးဖြတ်စခန်းတွင် ဆေးဖြတ်သင်တန်းသားများအား တစ်ရက်လျှင် ထမင်းနှစ်နပ်ကျွေးရာ အသားဟင်းအား တစ်ပတ်လျှင် (၂)နပ်မှ၊ (၃)နိပ်အထိသာ ကျွေးနိုင်သည့် အတွက်  ဒေသတွင်းနေ စေတနာရှင်များ အနေဖြင့် မွေးနေ့အလှူဖြစ်စေ၊ တစ်ရက်စာ အလှူဖြစ်စေ ဟင်းဖိုး ဘတ်(၂၀၀၀)နှုန်းဖြင့်လည်း လာရောက်လှူဒါန်းနိုင်ကြောင်း ဆေးဖြတ်စခန်းမှ တာဝန်ရှိသူ တစ်ဦးကလည်း ရွှေတြိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး (ဆေးဖြတ်စခန်း)ရန်ပုံငွေ ရှာဖွေရေးအဖွဲ့မှ တဆင့် စေတနာရှင်များအား တိုက်တွန်းလိုက်သည်။
ရွှေတြိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း)ရန်ပုံငွေ ရှာဖွေရေးအဖွဲ့မှ ဆေးဖြတ်စခန်း အတွက် ရန်ပုံငွေ ကျပ်သိန်း(၂၄၄)သိန်းကျော် ရရှိထားရာတွင် အဆိုပါ ငွေများအား ဆေးဖြတ်စခန်း အတွက် တစ်နေရာတည်းတွင် အသုံးပြုသွားမည် မဟုတ်ဘဲ၊ ဆေးဖြတ်စခန်း၏ လိုအပ်ချက်များကို ပံ့ပိုးပေးသွားနိုင်ရေး နှင့် ဆေးဖြတ်လိုပြီး ငွေကြေး အခက်အခဲဖြစ်ပေါ်သူများကို ကူညီပံ့ပိုးပေး နိုင်ရေးတို့တွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
~~~~~~~~⊰❂ unicode ~~~~~~~~
ရွှတြေိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း)အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ကချင်ပြည်နယ်အထိ ရန်ပုံငွေရှာဖွေရေးစက်ဘီးအဖွဲ့က တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုရှိ မိုင်းကိုး ဆေးဖြတ်စခန်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ရရှိထားသည့် ရန်ပုံငွေများဖြင့် ကူညီပေး နိုင်မည့် အခြေအနေများကို ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ(၂၁)ရက်နေ့ နေ့လည်ပိုင်းက အလွတ်သဘော ဆွေးနွေးကြသည်။
မိုင်းကိုးဆေးဖြတ်စခန်းအား ဖွင့်လှစ်ထားသူ မိုင်းကိုးပြည်သူ့စစ်ခေါင်းဆောင် ဦးကျလော နှင့် တာဝန် ရှိသူများ၊ ဆေးဖြတ်စခန်းတွင် ဆေးဖြတ်လိုသူများနှင့် သင်တန်းများ ဖွင့်လှစ်ပေးနိုင်ရန် ကူညီပေးနေသူ မဇ္ဈိမလူမှုကူညီရေးအသင်းဥက္ကဌ ဦးတင့်ဆွေ နှင့် ရွှတြေိဂံဒေသ လူငယ်ပြန်လည် ထူထောင်ရေး (ဆေးဖြတ်စခန်း) ရန်ပုံငွေ ရှာဖွေရေး အဖွဲ့မှ (၁၇)ဦးတို့က ဆေးဖြတ်စခန်းလိုအပ်ချက်များကို ဆွေးနွေး ကြခြင်းဖြစ်သည်
ခရီးရှည်စက်ဘီးစီးခရီးစဉ်မှ ရရှိထားသော ရန်ပုံငွဖြေင့် ဆေးဖြတ်လိုသူများအား ရေရှည်ကူညီပေးနိုင်ရေး၊
ဆေးဖြတ်ပြီးနောက် နေရပ်ပြန်သည့် အခါတွင်လည်း အကျိုးရလဒ်များကို စောင့်ကြည့်နိုင်ရေးနှင့် ဆေးဖြတ်ပြီး ပြန်သွားသူများ အနဖြေင့် အသက်မွေးဝမ်းကြောင်း ပညာရပ်တခုခုကို
ဆေးဖြတ်စခန်းမှ တဆင့် တတ်မြောက်သွားစေရေး စသည့်တို့အတွက် ညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
ရွှတြေိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း)ရန်ပုံငွေ ရှာဖွေရေးအဖွဲ့၏ ဆွေးနွေးမှုအပေါ် မိုင်းကိုးဆေးဖြတ်စခန်းအား တည်ထောင်ဖွင့်လှစ်သူ မိုင်းကိုးပြည်သူ့စစ် ခေါင်းဆောင် ဦးကျလော က ဆေးဖြတ်စခန်းအနဖြေင့် နံပါတ်(၁)အနဖြေင့် ရေရရှိရေးက အဓိက ဖြစ်နပြေီး၊ နံပါတ်(၂)အနဖြေင့် လျှပ်စစ်မီးရရှိရေးကလည်း အဓိက ဖြစ်နေကြောင်းနှင့် လတ်တလောတွင် ရေရရှိရေးအတွက် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လာရောက်တိုင်းတာစစ်ဆေးမှုများ
ပြုလုပ်သွားကြောင်း ပြန်လည်ဆွေးနွေးသည်။
"ကျွန်တော်တို့ ဆီမှာလည်း မေးမြန်းစုံစမ်းလာတာတွေရှိတာက ဆေးဖြတ်ချင်တယ်၊ ဒါပေမဲ့ လစဉ် သတ်မှတ်ငွေကြေး မတတ်နိုင်တဲ့အတွက် အခက်အခဲ ဖြစ်နေပါတယ်ဆိုပြီး ပြောလာတာတွေ ရှိတော့၊ ဆေးဖြတ်စခန်းအနေနဲ့လည်း ရေရှည်ဆို အဆင်ပြေမှာ မဟုတ်ဘူး၊ အဲ့ဒီတွက် ကျွန်တော်တို့ အနေနဲ့ကလည်း အကြမ်းအားဖြင့် တိုင်ပင်ထားကြတာက ဆေးဖြတ်လိုပြီး လစဉ်ကြေး မတတ်နိုင်သူတွေကို ကူညီပေးဆောင်သွားဖို့နဲ့ အဲ့ဒီတစ်ယောက် ဆေးဖြတ်ပြီးတဲ့အထိ အခြေအနေ ဘယ်လောက်အထိ ကောင်းမွန်ပြီးလဲ ဆိုတာတွေကို တတ်နိုင်သမျှ စောင့်ကြည့်ဖို့အထိ ဆွေးနွေးထားတာရှိပါတယ်။ နောက်ပိုင်း ကျွန်တော်တို့ ခရိုင်စီမံခန့်ခွဲမှုကော်မတီနဲ့ ဆွေးနွေးပြီး အကြံကောင်းတွေယူပြီး ကူညီ လုပ်ဆောင်ပေးသွားဖို့ရှိပါတယ်"ဟု ရွှတြေိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း)ရန်ပုံငွေ ရှာဖွေရေးအဖွဲ့ဝင် တစ်ဦးကဆွေးနွေးသည်။
ဆေးဖြတ်စခန်းတွင် ဆေးဖြတ်သင်တန်းသားများမှ နေရပ်ပြန်သည့်အခါတွင် အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုခု တတ်မြောက်သွားစေရန်အတွက် လိုအပ်သည့် သင်တန်းများကို ဖွင့်လှစ်ပေးရင် သင့်တော်ကြောင်း မဇ္ဈိမလူမှုကူညီရေးအသင်းဥက္ကဌ ဦးတင့်ဆွေက အကြုံပြုဆွေးနွေရာတွင် ရွှတြေိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း)ရန်ပုံငွေ ရှာဖွေရေးအဖွဲ့မှ ဦးစိုင်းဂျွန်ရီ နှင့် ဦးတင်ဝင်းတို့က အသက်မွေးဝမ်းကျောင်း ပညာရပ်အတွက် မိုင်းကိုးဆေးဖြတ်စခန်းမှာ ထားရှိနိုင်ရန် လိုအပ်သည့် အထောက်အကူပြု ပစ္စည်းများကို ပံ့ပိုးပေးဖို့ လိုအပ်ပါက ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း နှင့် စိုက်ပျိုးရေးအတွက် မျိုးစေ့များ လိုအပ်ပါကလည်း ပံ့ပိုးပေးမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆေးဖြတ်စခန်းတွင် ဆေးလာရောက်ဖြတ်လိုသူများအား တစ်ဦးလျှင် တစ်လ ထိုင်းဘတ်ငွေ(၃၀၀၀)နှင့် ဆန်(၂)ပုံး သတ်မှတ်ထားရာ မပေးနိုင်သူများလည်းရှိပြီး
လတ်တလော ဆေးဖြတ်စခန်းတွင် ဆေးဖြတ်သင်တန်းသား (၈၆)ဦးရှိရာမှာ (၈၆)ဦးစလုံးထံက လစဉ်သတ်မှတ်နှုန်းများ အပြည့်အဝ ရရှိခြင်းမရှိသည်များလည်း ကြုံရကြောင်း
သိရသည်။
အဆိုပါ ဆေးဖြတ်စခန်းတွင် ဆေးဖြတ်သင်တန်းသားများအား တစ်ရက်လျှင် ထမင်းနှစ်နပ်ကျွေးရာ အသားဟင်းအား တစ်ပတ်လျှင် (၂)နပ်မှ၊ (၃)နိပ်အထိသာ ကျွေးနိုင်သည့် အတွက် ဒေသတွင်းနေ စေတနာရှင်များ အနဖြေင့် မွေးနေ့အလှူဖြစ်စေ၊ တစ်ရက်စာ အလှူဖြစ်စေ ဟင်းဖိုး ဘတ်(၂၀၀၀)နှုန်းဖြင့်လည်း လာရောက်လှူဒါန်းနိုင်ကြောင်း ဆေးဖြတ်စခန်းမှ တာဝန်ရှိသူ တစ်ဦးကလည်း ရွှတြေိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး (ဆေးဖြတ်စခန်း)ရန်ပုံငွေ ရှာဖွေရေးအဖွဲ့မှ တဆင့် စေတနာရှင်များအား တိုက်တွန်းလိုက်သည်။
ရွှတြေိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း)ရန်ပုံငွေ ရှာဖွေရေးအဖွဲ့မှ ဆေးဖြတ်စခန်း အတွက် ရန်ပုံငွေ ကျပ်သိန်း(၂၄၄)သိန်းကျော် ရရှိထားရာတွင် အဆိုပါ ငွေများအား ဆေးဖြတ်စခန်း အတွက် တစ်နေရာတည်းတွင် အသုံးပြုသွားမည် မဟုတ်ဘဲ၊ ဆေးဖြတ်စခန်း၏ လိုအပ်ချက်များကို ပံ့ပိုးပေးသွားနိုင်ရေး နှင့် ဆေးဖြတ်လိုပြီး ငွေကြေး အခက်အခဲဖြစ်ပေါ်သူများကို ကူညီပံ့ပိုးပေး နိုင်ရေးတို့တွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~