မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔တြင္ လစ္လပ္ဝန္ႀကီးေနရာမ်ား ခန္႔ထားႏိုင္ရန္ အမည္စာရင္း တင္သြင္း

မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔တြင္ လစ္လပ္ဝန္ႀကီးေနရာမ်ား ခန္႔ထားႏိုင္ရန္ အမည္စာရင္း တင္သြင္း
ဖေဖော်ဝါရီ 14, 2018
By 🌸
မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔တြင္ လစ္လပ္လွ်က္ရိွေသာ ဝန္ႀကီးႏွစ္ဦးေနရာ၌ ျဖည္႔စြက္ခန္႔ထားႏိုင္ရန္ အမည္စာရင္းကို ေဖေဖာ္ဝါရီ(၁၄)ရက္ေန႔တြင္ ျပဳလုပ္ေသာ တိုင္းေဒသႀကီးလႊတ္ ေတာ္ အေရးေပၚအစည္းအေဝးတြင္ ဝန္ႀကီးခ်ဳပ္က တင္သြင္းလိုက္ေၾကာင္း သိရသည္။

" အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အားဝန္ႀကီးေနရာ ေရြးခ်ယ္ခံထားရသူက ပညာ ေရးအၿငိမ္းစားတစ္ဦးလို႔ သိရၿပီး လယ္ဆည္ဝန္ႀကီးေနရာေရြးခ်ယ္ခံရသူကလည္း ပညာအရည္အခ်င္းက B.E-Civil ျဖစ္ပါတယ္။ ဝန္ထမ္းေဟာင္းေတြလည္းျဖစ္ေနတာေၾကာင္႔ အဲဒီဝန္ႀကီးႏွစ္ဦးအေနနဲ႔ သူတို႔ရဲ႕ အရည္အခ်င္းအရ ဝန္ႀကီးတာဝန္ေတြကို ေကာင္းေကာင္းမြန္မြန္ ထမ္းေဆာင္သြားႏိုင္လိမ္႔မယ္လို႔ ယံုၾကည္ေမွ်ာ္လင္႔ပါတယ္။ ဝန္ႀကီး ႏွစ္ဦးစလံုးက မေကြးၿမိဳ႕မွာေနထိုင္သူေတြျဖစ္တယ္လို႔ သိရပါတယ္"ဟု လူမႈေရးဝန္ႀကီး ေဒါက္တာခင္ေမာင္ေအးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ဝင္ ဝန္ႀကီး ႏွစ္ဦးက ၎တို႔၏သေဘာဆႏၵအရ ႏႈတ္ထြက္ခြင့္ျပဳထားသျဖင့္ လစ္လပ္သြားသည့္ေနရာမ်ားတြင္ ျဖည့္စြက္ခန္႔ထားရန္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ဖဲြ႔စည္းပံု အေျခခံဥပေဒပုဒ္မ ၁၆၁၊ ပုဒ္မခဲြ(က)ပါ အမည္စာရင္း သတ္ မွတ္ခ်က္မ်ားႏွင္႔ျပည္႔စံုသည္႔ လႊတ္ေတာ္ကိုယ္စားလွယ္မဟုတ္သူ  အသက္ (၆၉)ႏွစ္အရြယ္ ဆည္ေျမာင္းဦးစီးဌာန ၫႊန္ၾကားေရးမႉး(ၿငိမ္း) ဦးေအးေငြႏွင္႔ တဲြဘက္ပညာေရးမႉး(ၿငိမ္း) အသက္ (၆၇)ႏွစ္အရြယ္ ဦးေအာင္ေက်ာ္မိုးတို႔ကို တိုင္းေဒသႀကီး (သို႔)ျပည္နယ္အစိုးရအဖဲြ႔ ဥပေဒပုဒ္မ (၈) ႏွင္႔အညီတာဝန္ ေပး အပ္လိုေၾကာင္းႏွင္႔ မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္မွ သေဘာတူညီခ်က္ေပးပါရန္ ဝန္ႀကီးခ်ဳပ္က အဆို ျပဳတင္သြင္းခဲ႔ျခင္းျဖစ္သည္။

"ဒီႏွစ္ရက္အေတာအတြင္းမွာ ဝန္ႀကီးခ်ဳပ္တင္သြင္းလာတဲ႔အမည္စာရင္းပါ ပုဂၢိဳလ္ႏွစ္ဦးကို ကၽြန္ေတာ္တို႔ ေလ႔လာသံုးသပ္ရပါဦးမယ္။ တစ္ဦးက စိုက္ပ်ိဳးေရးနဲ႔မပတ္သက္တဲ႔ တည္ေဆာက္ေရးပညာရွင္ ျဖစ္ေနပါတယ္။ တစ္ဦးကလည္း လဝက နဲ႔မပတ္သက္တဲ႔ ပညာေရး ကျဖစ္ေနတယ္။ ပညာေရးတစ္ခုထဲေကာင္းေနၿပီး ႏိုင္ငံေရးမွာ ဇီးရိုးျဖစ္ေနသလား။ ဒါေတြကို ကၽြန္ေတာ္တို႔ ေလ႔လာသံုးသပ္ၿပီး (၁၆) ရက္ေန႔မွာလုပ္မယ္႔ လႊတ္ေတာ္အစည္းအေဝးမွာ ေဆြးေႏြးသြားဖို႔ရိွပါတယ္"ဟု သရက္ အမွတ္(၂) မဲ ဆႏၵနယ္မွ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဇာ္မိုးေအာင္က ေျပာသည္။

မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔တြင္ လစ္လပ္လွ်က္ရိွေသာ ဝန္ႀကီးႏွစ္ဦး၏အမည္စာရင္းကို ေဖေဖာ္ဝါရီ (၁၄)ရက္ေန႔တြင္ျပဳလုပ္သည္႔ ဒုတိယအႀကိမ္ မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္ အေရးေပၚ အစည္းအေဝး ၁/၂၀၁၈ ပထမေန႔တြင္ ဝန္ႀကီးခ်ဳပ္ကိုယ္စား လူမႈေရးဝန္ႀကီးက ဖတ္ၾကားတင္သြင္းသြား ျခင္းျဖစ္သည္။

တင္သြင္းလာသည္႔ဝန္ႀကီး(၂)ဦးအမည္စာရင္းမ်ားႏွင္႔စပ္လ်ဥ္း၍ ၂၀၁၈ ခုႏွစ္ ေဖေဖာ္ဝါရီ (၁၆) ရက္ေန႔တြင္ ျပဳလုပ္မည္႔ မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္အစည္းအေဝးတြင္ ေဆြးေႏြးသြားမည္ျဖစ္ ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လစ်လပ်ဝန်ကြီးနေရာများ  ခန့်ထားနိုင်ရန် အမည်စာရင်း တင်သွင်း
*********
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လစ်လပ်လျှက်ရှိသော ဝန်ကြီးနှစ်ဦးနေရာ၌ ဖြည့်စွက်ခန့်ထားနိုင်ရန် အမည်စာရင်းကို ဖေဖော်ဝါရီ(၁၄)ရက်နေ့တွင် ပြုလုပ်သော တိုင်းဒေသကြီးလွှတ် တော် အရေးပေါ်အစည်းအဝေးတွင် ဝန်ကြီးချုပ်က တင်သွင်းလိုက်ကြောင်း သိရသည်။

" အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးနေရာ ရွေးချယ်ခံထားရသူက ပညာ ရေးအငြိမ်းစားတစ်ဦးလို့ သိရပြီး လယ်ဆည်ဝန်ကြီးနေရာရွေးချယ်ခံရသူကလည်း ပညာအရည်အချင်းက B.E-Civil ဖြစ်ပါတယ်။ ဝန်ထမ်းဟောင်းတွေလည်းဖြစ်နေတာကြောင့် အဲဒီဝန်ကြီးနှစ်ဦးအနေနဲ့ သူတို့ရဲ့ အရည်အချင်းအရ ဝန်ကြီးတာဝန်တွေကို ကောင်းကောင်းမွန်မွန် ထမ်းဆောင်သွားနိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ ဝန်ကြီး နှစ်ဦးစလုံးက မကွေးမြို့မှာနေထိုင်သူတွေဖြစ်တယ်လို့ သိရပါတယ်"ဟု လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး နှစ်ဦးက ၎င်းတို့၏သဘောဆန္ဒအရ နှုတ်ထွက်ခွင့်ပြုထားသဖြင့် လစ်လပ်သွားသည့်နေရာများတွင် ဖြည့်စွက်ခန့်ထားရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၆၁၊ ပုဒ်မခွဲ(က)ပါ အမည်စာရင်း သတ် မှတ်ချက်များနှင့်ပြည့်စုံသည့် လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူ  အသက် (၆၉)နှစ်အရွယ် ဆည်မြောင်းဦးစီးဌာန ညွှန်ကြားရေးမှူး(ငြိမ်း) ဦးအေးငွေနှင့် တွဲဘက်ပညာရေးမှူး(ငြိမ်း) အသက် (၆၇)နှစ်အရွယ် ဦးအောင်ကျော်မိုးတို့ကို တိုင်းဒေသကြီး (သို့)ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ (၈) နှင့်အညီတာဝန် ပေး အပ်လိုကြောင်းနှင့် မကွေးတိုင်းဒေသကြီးလွှတ်တော်မှ သဘောတူညီချက်ပေးပါရန် ဝန်ကြီးချုပ်က အဆို ပြုတင်သွင်းခဲ့ခြင်းဖြစ်သည်။

"ဒီနှစ်ရက်အတောအတွင်းမှာ ဝန်ကြီးချုပ်တင်သွင်းလာတဲ့အမည်စာရင်းပါ ပုဂ္ဂိုလ်နှစ်ဦးကို ကျွန်တော်တို့ လေ့လာသုံးသပ်ရပါဦးမယ်။ တစ်ဦးက စိုက်ပျိုးရေးနဲ့မပတ်သက်တဲ့ တည်ဆောက်ရေးပညာရှင် ဖြစ်နေပါတယ်။ တစ်ဦးကလည်း လဝက နဲ့မပတ်သက်တဲ့ ပညာရေး ကဖြစ်နေတယ်။ ပညာရေးတစ်ခုထဲကောင်းနေပြီး နိုင်ငံရေးမှာ ဇီးရိုးဖြစ်နေသလား။ ဒါတွေကို ကျွန်တော်တို့ လေ့လာသုံးသပ်ပြီး (၁၆) ရက်နေ့မှာလုပ်မယ့် လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးသွားဖို့ရှိပါတယ်"ဟု သရက် အမှတ်(၂) မဲ ဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးအောင်က ပြောသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လစ်လပ်လျှက်ရှိသော ဝန်ကြီးနှစ်ဦး၏အမည်စာရင်းကို ဖေဖော်ဝါရီ (၁၄)ရက်နေ့တွင်ပြုလုပ်သည့် ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ် အစည်းအဝေး ၁/၂၀၁၈ ပထမနေ့တွင် ဝန်ကြီးချုပ်ကိုယ်စား လူမှုရေးဝန်ကြီးက ဖတ်ကြားတင်သွင်းသွား ခြင်းဖြစ်သည်။

တင်သွင်းလာသည့်ဝန်ကြီး(၂)ဦးအမည်စာရင်းများနှင့်စပ်လျဉ်း၍ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ (၁၆) ရက်နေ့တွင် ပြုလုပ်မည့် မကွေးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးသွားမည်ဖြစ် ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~